menu

လာမည့်နှစ်တွင် အီးယူသို့ မြန်မာ့ပဲတီစိမ်းများ တင်ပို့မည်


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

✅လာမယ့် ၂၀၂၃ခုနှစ် ပဲရာသီမှာ မြန်မာ့ပဲတီစိမ်းတွေကို အီးယူနိုင်ငံတွေဆီ တင်ပို့သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

✅အီးယူကိုတင်ပို့မယ့် ပဲတွေက စံနှုန်းနဲ့ ကိုက်ညီတဲ့ ကောင်းမွန်တဲ့စနစ်နဲ့ စိုက်ပျိုးထားဖို့လိုအပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့အတွက် ယခုနိုဝင်ဘာ (၂)ရက်က မြန်မာ့ပဲများ တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

✅အီးယူနိုင်ငံတွေကို အိမ်နီးချင်းနိုင်ငံတွေက ပဲတင်ပို့မှုတွေရှိခဲ့ပေမယ့် မြန်မာ့ပဲကိုသာ ကြိုက်နှစ်သက် ကြလို့ ဝယ်ယူခြင်းဖြစ်ကာ တင်ပို့ရမယ့်အရည်အတွက်ကနည်းပေမယ့် အာမခံချက်ရှိတဲ့ဈေးကွက် ဖြစ်လို့ တင်ပို့ဖို့အဆိုပြုထားတဲ့ ကုမ္ပဏီတွေက ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ဖို့ စားသုံးသူရေးရာဦးစီးဌာနက တိုက်တွန်းထားပါတယ်။

✅တင်ပို့မည့်ပဲတီစိမ်းများကို အီးယူရဲ့ စံနှုန်းတွေအတိုင်း ကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ်တွေနဲ့ ဆောင်ရွက်ဖို့လိုသလို အဝယ်တော် အပိုင်းမှာ လည်း သိုလှောင်မှု၊ ပို့ဆောင်မှုနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ စက်ရုံတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်နဲ့ ကိုက်ညီအောင် စိစစ်ကြပ်မတ် ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

✅လက်ရှိမှာ ပဲတီစိမ်းနဲ့ စပါးစိုက်ပျိုးမှုတွေတိုးတက်လာစေဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဆီက စိုက်ပျိုးရေးစရိတ်အဖြစ် ချေးယူထားတဲ့ တောင်သူတွေရဲ့ ကြွေးကျန်ပမာဏထဲက ၂၅ ရာခိုင်နှုန်းကို စပါးနဲ့ပဲတီစိမ်းအား ကာလပေါက်ဈေးနဲ့ ဈေးဖြတ်ယူပြီး ပြန်လည်ပေးဆပ်နိုင်အောင် ဆောင်ရွက်ပေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : Myanmaplatform