menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
လက်ကျန်နည်းပါးလာခြင်းကြောင့် ပဲတီစိမ်း ဈေးနှုန်းမြင့်တက်
လက်ကျန်နည်းပါးလာခြင်းကြောင့် ပဲတီစိမ်း ဈေးနှုန်းမြင့်တက်
တရုတ်နိုင်ငံက ဝယ်ယူနေသော ပဲတီစိမ်းမှာ ဈေးကွက်အတွင်း လက်ကျန်နည်းပါးနေခြင်းကြောင့် ဈေးနှုန်းတက်လာသကဲ့သို့ စမုန်နှမ်းနက်မှာလည်း တရုတ်နိုင်ငံလိုအပ်ချက်ကြောင့် သိသိသာသာ ဈေးနှုန်းမြင့်တက်လာနေကြောင်း မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
ပဲတီစိမ်း
တရုတ်နိုင်ငံက ဆက်တိုက်ဝယ်ယူနေသော်လည်း မန္တလေးဈေးကွက်အတွင်း ပဲအဝင်နည်းပါးသဖြင့် ဇူလိုင် ၂၄ ရက်က ပဲတီစိမ်းလုံးကြီးသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၃၀၀၀ ပေါက်ဈေးရှိရာမှ ဇူလိုင် ၃၁ ရက်တွင် ကျပ် ၁၁၆၀၀၀ သို့ မြင့်တက်လာသည်။ အဝင်နည်းပါးလာခြင်းကြောင့် လက်ကျန်ရှိနေသည့် ကုန်သည်များက ဈေးနှုန်းယခုထက်မြင့်လာရန် မျှော်လင့်နေသည်။
သို့သော် ယခုဈေးနှုန်းထက် မြင့်တက်နိုင်ရန်မှာ မလွယ်ကူနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။ “မိုးခေါင်လို့ ဒီနှစ် အထွက်နှုန်းနည်းတဲ့အတွက် ဈေးကွက်ထဲကို ပဲအဝင်နည်းတာပါ။ အဲဒါကြောင့်လည်း ဈေးက မြင့်တက်လာတာဖြစ်တယ်။ အခုဈေးကလည်း အမြင့်ဈေးဖြစ်နေတဲ့အတွက် သိသိသာသာမြင့်တက်ဖို့ မရှိပါဘူး“ဟု မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌဦးမျိုးဆွေကပြောသည်။
နှမ်း
ပဲတီစိမ်းကဲ့သို့ပင် နှမ်းမှာလည်း တရုတ်နိုင်ငံက ဆက်တိုက်ဝယ်ယူနေခြင်းနှင့် လက်ကျန်နည်းလာခြင်းတို့ကြောင့် ဈေးတက်လာသည်။ ဇူလိုင် ၂၄ ရက်က နှမ်းနက်စမုန် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၀၅၀၀၀ ရှိခဲ့ရာမှ ဇူလိုင် ၃၁ ရက်တွင် ကျပ် ၂၁၅၀၀၀ အထိ မြင့်တက်လာသည်။ အလားတူ တရုတ်ဝယ်ယူမှုရှိနေသော ဂျပန်နှမ်းဖြူမှာလည်း ကျပ် ၁၃၅၀၀၀ ရှိကာ အရောင်းအဝယ်သွက်လက်လျက်ရှိသည်။ အခြားနှမ်းများမှာ ပြည်တွင်းဝယ်လက်သာရှိသဖြင့် ဈေးနှုန်းအတက်အကျ ကြီးကြီးမားမားပြောင်းလဲမှု မရှိပေ။ “ပိတ်ရက်တွေဘာတွေနဲ့ဆိုတော့ ခုဈေးက မြင့်တက်လာပေမယ့် ဝယ်သူက သိပ်မရှိဘူး။ ဆက်တက်မယ့်အခြေအနေကတော့နည်းတယ်”ဟု ကုန်သည် ဦးနေထွန်းက ပြောသည်။
ပဲစင်းငုံ
ပြည်တွင်း ပဲခွဲစက်လုပ်ငန်းများသာ ဝယ်ယူမှုရှိသော်လည်း အဝယ်မှန်နေသဖြင့် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ ဇူလိုင် ၃၁ ရက်တွင် ပဲစင်းငုံနီ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ရှိသည်။
မတ်ပဲ
စားသောက်ကုန်လုပ်ငန်းများ အသုံးပြုရန် ကြိတ်ခွဲစက်ရုံများက ဝယ်ယူနေပြီး ရောင်းလိုအားနှင့် ဝယ်ယူလိုအား အချိုးမျှနေသဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ ထိပ်စ သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ရှိပြီး အောက်စများမှာ ကျပ် ၈၅၀၀၀ ရှိသည်။
ကုလားပဲ
ပြည်ပတင်ပို့မှုမရှိသော်လည်း ပြည်တွင်းစားသုံးရန် ဝယ်ယူမှုမှန်မှန်ရှိနေသဖြင့် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ ဇူလိုင် ၃၁ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၆၉၀၀၀ ၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၇၃၀၀၀၊ ကုလားပဲ(ဗွီတူး) တစ်အိတ်လျှင် ကျပ် ၇၄၀၀၀ ရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၃)ရက်။