menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"လက်ကျန်နည်းပြီး ဝယ်လိုအားရှိနေ၍ မြေပဲစျေးမြင့်တက်လာ"
🥜🥜🥜🥜🥜🥜🥜🥜🥜🥜
➡️ ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ ယခုမေလပထမပတ်အတွင်း မြေပဲစျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ မြေပဲလုံးဆံဖြူနဲ့ S1 ဆီဆံစျေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပြီး ပြည်ပကိုအဓိကတင်ပို့တဲ့ မြေပဲလုံးဆံအနီကတော့ စျေးတန်းငြိမ်နေတယ်လို့ စျေးကွက်အရသိရပါတယ်။
➡️ ဧပြီလ(၂၈)ရက်နေ့ မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ မြေပဲလုံးဆံဖြူတစ်ပိဿာကို ၉,၅၀၀ မှ ၉,၇၀၀ ကျပ်ရှိပြီး၊ S1 ဆီဆံက တစ်ပိဿာကို ၈,၅၀၀ မှ ၈,၇၀၀ ကျပ်သာရှိပြီး၊ မြေပဲလုံးဆံအနီက တစ်ပိဿာကို ၈,၄၀၀ မှ ၈,၇၀၀ ကျပ်ရှိခဲ့ပါတယ်။
➡️ မေလ (၆)ရက်မှာတော့ မြေပဲလုံးဆံဖြူတစ်ပိဿာကို ၉,၈၀၀ မှ ၁,၀၀၀ ကျပ်ရှိပြီး S1 ဆီဆံက တစ်ပိဿာကို ၉,၃၀၀ မှ ၉,၅၀၀ ကျပ်အထိ ရှိလာပါတယ်။ မြေပဲလုံးဆံအနီကတော့ တစ်ပိဿာကို ၈,၆၀၀ မှ ၈,၇၀၀ ကျပ် ရှိပါတယ်။ ထို့ကြောင့် မြေပဲလုံးဆံဖြူ တစ်ပိဿာကို ၃၀၀ ကျပ်တက်လာသလို S1ဆီဆံကလည်း တစ်ပိဿာကို ၈၀၀ ကျပ်အထိ ဈေးမြင့်တက်လာတာတွေ့ရပါတယ်။
➡️ "မြေပဲစျေးကတက်လာပါတယ်။ ပြည်တွင်းစားသုံးမှုများလာပြီး ဝယ်လိုအားကောင်းတာကြောင့်စျေးလှုပ်လာတာပါ။ မြေပဲဆီက စျေးကွက်တခုရနေတဲ့သဘောရှိပါတယ်။ အနီကတော့တရုတ်ဝယ်မှ စျေးကကောင်းတာ" ဟု ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။
➡️ လက်ရှိ ပြည်တွင်းမှာ ပဲဆီစားသုံးမှုနူန်းမြင့်လာတာကြောင့် ဆီစက်တွေကဝယ်လိုအားရှိတဲ့အပြင် ပဲခွဲစက်တွေကလည်း ဝယ်လိုအားရှိနေပြီး မြေပဲလက်ကျန်နည်းလာတဲ့အတွက် စျေးကွက်လှုပ်လာတာဖြစ်တယ်လို့သိရပါတယ်။
➡️ မြေပဲအများဆုံးစိုက်ပျိုးတဲ့မကွေးတိုင်းက ယခုနှစ်မှာ မြေပဲအထွက်နှုန်းလျော့ကျခဲ့တာကြောင့် လက်ကျန်ပမာဏနည်းလာနေတယ်လို့သိရပါတယ်။ မြေပဲကိုတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပဲခူးတိုင်းနဲ့ အခြားနေရာအချို့မှာလည်း စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ မြေပဲစျေးကွက်မြင့်တက်လာပေမယ့် ပဲဖတ်စျေးကတော့ ဆက်တိုက်ကျဆင်းလာနေတယ်လို့ လည်းသိရပါတယ်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : MAG မှ ချစ်ခွန်းချို(AMIA) ၏ သတင်းကို ဖော်ပြပေးခြင်းဖြစ်ပါသည်။