menu

လယ်ယာထွက်ကုန်ဈေးများတက်လာတဲ့ တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၈.၁.၂၀၂၁ မှ ၂၂.၁.၂၀၂၁)


🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿  

🌿မတ်ပဲ🌿  

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်က ကုန်သည်တွေ ခန့်မှန်းခဲ့တဲ့အတိုင်း ဈေးတက်လာပါတယ်။ ပဲအသစ် တွေဈေးတက်နေတာဖြစ်ပြီးတော့ ဈေးကွက်အတွင်း ပဲအသစ်တွေကအရောင်းသွက်နေပါတယ်။အိန္ဒိယကုန်သည်တွေက ပဲလိုအပ်ချက်မရှိတဲ့အတွက်ကြောင့် ပဲအဟောင်းအစား ပဲအသစ်ပဲ ဝယ်ယူမယ် ဆိုပြီး အကြောင်းပြစောင့်ဆိုင်းနေမှုကြောင့် လက်ရှိပဲအသစ်တွေက ဈေးတက်နေတာလို့ကုန်သည်တွေ က ဆိုပါတယ်။  

လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၉၈၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၄သောင်းခွဲကျော်ဈေးတက်လာပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁,၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ခြောက်သောင်းနီးပါးဈေးတက်လာပါတယ်။ မန္တလေးမှာတော့ ပဲအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၆၀၀ ကနေ ၃၃,၁၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

🍃ပဲစင်းငုံနီ 🍃  

ပဲစင်းးငုံနီကတော့ တစ်ပတ်အတွင်း ဈေးငြိမ်နေခဲ့ပေမယ့် သောကြာနေ့မှာ ရုတ်တရက် ဈေးတက်လာခဲ့ ပါတယ်။ ။နယ်ဈေးကွက်မှာလည်း ယခုထက် ပိုဈေးကျသွားမှာစိုးရိမ်တဲ့အတွက် ထုတ်ရောင်းမှုအနည်း ငယ်ရှိတဲ့အတွက် ဈေးအနည်းငယ် တက်နေပါတယ်။အိန္ဒိယနိုင်ငံကလည်း လက်ရှိအချိန်ထိ ဝယ်ယူမှုနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ပေးမှုမရှိသေးတဲ့အတွက် ကုန်သည်တွေကဝယ်ယူမှုကိုစောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ဈေးအများကြီး မကျဆင်းသွားတာကပဲ ခံသာနေသေးတဲ့အခြေအနေဖြစ်နေပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းခွဲ နီးပါးဈေးတက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၁,၀၀၀ ကနေ ၇၁,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၄,၂၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၄,၂၀၀ မှ ၂၄,၃၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးတက်လာ ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀ကျပ် ဈေးတက်လာပါတယ်။  

🌿ပဲတီစိမ်း🌿  

ပဲတီစိမ်းကတော့ ဒီတစ်ပတ် ဈေးအနည်းငယ် တက်လာပါတယ်။တရုတ်ဘက်က အဝယ်ရှိတဲ့အတွက် ပြည်တွင်းဈေးကွက်မှာ တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပခုက္ကူ၊ ပဲခူးရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ၂,၂၁၅ ကျပ်ကနေ ၂,၂၈၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း( ကြီး ၁.၂.၃) က တစ်အိတ်ကို ၁၁၅,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးကတော့ငြိမ်နေပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း ပဲတီစိမ်း (ကြီး၊သေး)က တစ်တင်းကို ၃၈,၀၀၀ ကနေ ၄၂,၂၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။  

🍃နှမ်းမျိုးစုံ🍃  

ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့တဲ့ နှမ်းမျိုးစုံထဲက နှမ်းအချို့ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် တက်လာပါတယ်။ ဈေးကွက်အတွင်း အဝယ်သွက်နေတဲ့အတွက်ဈေးတက်လာတာဖြစ်ပါတယ်။  

🌿စမုံနှမ်းနက်🌿  

မန္တလေးဈေးကွက်မှာ စမုံနှမ်းနက်က သုံးတင်းဝင် တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၇၀,၀၀၀ ပေါက်ဈေး ရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ စမုံနှမ်း သစ်က တစ်တင်းကို ၅၁,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။  

🍃နှမ်းဖြူ🍃  

နှမ်းဖြူကလည်းဈေးပါးပါးလေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၇,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ကျပ်ဈေးတက်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇,၀၀၀ ကနေ ၄၀,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

🌿ပန်းနှမ်း🌿  

ပန်းနှမ်းကတော့ ဈေးက ဆက်တိုက်တက်နေပါတယ်။ ပြည်တွင်းဝယ်ယူမှုများပြီး လက်ကျန်လျော့နည်း လာတဲ့အတွက်ဈေးတက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်တင်းကို ၇၉,၀၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။  

Sources : AMIA (Farmer Digital TV)