menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြေထောက်ပဲ အထွက်နှုန်းကျဆင်းခဲ့သော်လည်း ပို့ကုန်ဝယ်လိုအား ကောင်းသဖြင့် ဈေးကောင်းရနေ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
➡️ယခုနှစ်မြေထောက်ပဲအထွက်နှုန်းမှာ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် အထွက်နှုန်းကျဆင်းခဲ့သော်လည်း ပို့ကုန်ဝယ်လိုအားကောင်း တာကြောင့် ဈေးကောင်းရရှိနေကြောင်း သိရသည်။ လက်ရှိနိုင်ငံရေးအခြေအနေများတည်ငြိမ်မှုမရှိတာကြောင့် ပဲမျိုးစုံဈေးကွက်ဝယ်လိုအား အသီးသီးကျဆင်းနေသော်လည်း မြေထောက်ပဲမှာ အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ပို့ကုန်ဝယ်လက်များ အပြိုင်ဖြစ်နေသောကြောင့် ပဲ စတင်ထွက်ရှိသည့် ဖေဖော်ဝါရီလဆန်းကတည်းက ဝယ်လိုအားကောင်းကာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်းသိရသည်။
➡️စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမော်၊ ကသာ ၊ရွှေကူမြို့နယ်များမှ ထွက်ရှိသည့် မြေထောက်ပဲ စိုက်တောင်သူများမှာ မန္တလေး ဈေးကွက်ထက် သယ်ပို့ရလွယ်ကူပြီး ငွေလက်ငင်းရရှိသည့် ဗန်းမော်ဈေးကွက်သို့သာ တင်ပို့ရောင်းချကြောင်း ယခုနှစ် ပဲ အထွက်နှုန်းကျဆင်းသော်လည်း ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် တစ်သိန်းဝန်းကျင်ဖြင့် ဈေးကောင်းရရှိနေကြောင်း ရွှေကူမြို့မှ ပဲကုန်သည်ဦးမြင့်နိုင်က မြန်မာတောင်သူကြီးများဂျာနယ်ကို ပြောသည်။
➡️"မြေထောက်ပဲတစ်မျိုးလောက်ပဲ ဗန်းမော်ပွဲရုံတွေကနေ လွယ်ဂျယ်နယ်စပ်က တရုတ်နိုင်ငံကိုသွားနေပါတယ်။မတ် ၁၇ ရက်နေ့မှာ ပိဿာ ၆၀ သုံးတင်းတစ်အိတ်ကို ကျပ်တစ်သိန်း ပေါက်ဈေးရှိပါတယ်။ မန္တလေးဈေးနဲ့ဆိုရင် နည်းနည်းနိမ့်တယ်။ ငွေရရှိမှုကြာတယ်။ ဒါကြောင့် ဈေးနည်းနည်း လျှော့ပေမယ့် ငွေသားလက်ငင်းရတဲ့ ဗန်းမော်ဘက် ပိုရောင်းတာများတယ်။ ဒီရက်ပိုင်းတော့ ပဲအထွက်နည်းသွားပါပြီ။ အခြားအနေနဲ့ စီပီပြောင်းလည်း သွားပါတယ်။ ကသာ၊ရွှေကူ၊ မြတောင် ၊အင်းရွာနယ်၊အထက်ပိုင်းဆိုရင် ဗန်းမော်ဒေသတစ်ခုလုံးက ထွက်ရှိတဲ့ မြေထောက်ပဲတွေ အကုန်သွားနေပါတယ်။ ရာသီဥတုက မိုးမကောင်းလို့ ထွက်နှုန်းမကောင် ကြပါဘူး" ဟု ၎င်းကပြောသည်။
➡️မန္တလေးပဲဈေးကွက်မှာ အခြားပဲများထက် ပို့ကုန်နှစ်လိုင်းအဝယ်များသည့်မြေထောက်ပဲမှာ အဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း၊ ပဲအသစ်ပေါ်ချိန် ဖေဖော်ဝါရီလကတည်းက အဝယ်သွက်ဈေးမြင့်နေကြောင်း ဒေသအလိုက် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်း ၊ ဧရာဝတီမြစ်ရိုးတစ်လျောက် ပဲများဈေးကောင်းပြီး မုံရွာအထက် ချင်းတွင်းမြစ်ရိုးတစ်လျောက်ပဲများ အရည်အသွေးလျော့သဖြင့် ဈေးလျော့ကြောင်း မန္တလေးမြို့ရွှေဝင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
➡️"လက်ရှိပဲဈေးကွက်မှာ မြေထောက်ပဲကအကောင်းဆုံးဖြစ်နေပါတယ်။ ၅၄ ပိဿာ သုံးတင်းတစ်အိတ်ကိုကျပ် ၉၈,၀၀၀ ပေါက်ဈေးရှိတယ်။ မန္တလေးပွဲရုံတွေမှာတော့ ကိုယ့်ဆက်ဆံရေးနဲ့ကိုယ်ဆိုတော့ ငွေက မကြာပါဘူး။ ဧရာဝတီမြစ်ရိုးတစ်လျှောက်နဲ့ မုံရွာအထက် ချင်းတွင်းမြစ်ရိုးတစ်လျှောက်က ဝင်တယ်။ချင်းတွင်းမြစ်ရိုး တစ်လျှောက်က ပဲကတော့ ၈၇,၀၀၀-၉၂,၀၀၀ကြား ပေါက်ဈေး ရှိပါတယ်။ မြေထောက်ပဲက ရန်ကုန်ပို့ကုန်ဈေးကွက်နဲ့ တရုတ်ပို့ကုန်လိုင်း နှစ်လိုင်းလုံး အဝယ်ရှိတော့ ဈေးကောင်းရနေတယ်။ ဖေဖော်ဝါရီကတည်းကစပေါ်နေတာ ပဲပေါ်ချိန်ဈေးကတက်ပေမယ့် ဒီနှစ်က အထွက်နှုန်းလဲ နည်းတော့ဈေးကောင်းရနေတာပါ" ဟု၎င်းက ပြောသည်။
➡️မန္တလေးပဲဈေးကွက်တွင် ၅၄ ပိဿာသုံးတင်းဝင်တစ်အိတ်လျှင် အရည် အသွေး အလိုက် ကျပ် ၈၈,၀၀၀-၉၀,၀၀၀-၉၂,၀၀၀-၉၅,၀၀၀- ၉၈,၀၀၀-၉၉,၀၀၀ ပေါက်ဈေးရှိပြီး ဈေးကွက်အဝင်ရှိသလောက် ဝယ်လိုအားကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)