menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“မြေပဲဆံစျေးကောင်းရရှိခဲ့ခြင်းကြောင့် စိုက်ဧက တိုးချဲ့စိုက်ပျိုးမှုများရှိနေ”
🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿
🔼၂၀၂၂ ခုနှစ် ပဲမျိုးစုံဈေးကွက်တွင် မြေပဲဆံမှာ စံချိန်တင်စျေးကောင်းရရှိခဲ့သည့်အပြင် လာမည့် ရာသီအတွက်လည်း စျေးကွက်အလားအလာကောင်းများရှိနေသဖြင့် တိုးချဲ့စိုက်ပျိုးမှုများရှိလာကြောင်း တောင်သူများထံက သိရသည်။
🔼ယခင်က ဧရာဝတီမြစ်တစ်လျှောက်ရှိ ကျွန်းစိုက်ခင်းများတွင် ဆောင်းရာသီစိုက်သာ များပြားခဲ့သော် လည်း ယခုအခါ ယာသီးနှံစိုက်ခင်းများတွင်ပါ တိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စားအုန်းဆီဈေးများ တင်သွင်းမှုလျှော့ချခဲ့သဖြင့် ယခင်တစ်ပိဿာကျပ် ၃,၀၀၀ ကျော် သာရှိခဲ့သည့် ပြည်တွင်းမြေပဲဆံဈေးမှာ တဖြေးဖြေးမြင့်တက်ခဲ့ပြီး တစ်ပိဿာကျပ် ၇,၀၀၀ ကျော် အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
🔼လက်ရှိအချိန်တွင် မိုးမြေပဲများ လှိုင်လှိုင်ဝင်ရောက်လာမှုနှင့်အတူ ပြည်တွင်းစားဆီဈေးများ ဈေးနှုန်းကျဆင်းလာမှုကြောင့် မြေပဲဆံဈေးများကျဆင်းလာသော်လည်း တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ကျော် ပေါက်ဈေးရှိနေသေးသဖြင့် တောင်သူများတွက်ခြေကိုက်သည့် အနေအထားဖြစ်သည်။
🔼“မနှစ်ကတစ်နှစ်လုံး မြေပဲဆံဈေးကောင်းရကြတော့ ဒီနှစ်ဆောင်းစိုက်ကို ပိုစိုက်လာကြတာပါ။ ကျွန်းစိုက်ခင်းတွေဆိုရင် အခြားသီးနှံတောင်မစိုက်ကြတော့ဘူး။ ဒီနှစ်စိုက်ပျိုးစရိတ်ကလည်း ကြီးလာတော့ ဈေးကွက်ကောင်းနေတဲ့ မြေပဲကိုပိုစိုက်လာတာပါ။ အရင်က ဆောင်းစိုက်မြေပဲ လုံးဆန်ထိပ်စမှ အလွန်ဆုံးတစ်ပိဿာကျပ် ၂,၅၀၀ လောက်ပဲဈေးရတာကနေ တစ်ပိဿာ ကျပ် ၇,၀၀၀ ကျော်လောက်ဆိုတော့ တောင်သူတွေ အဆင်ပြေခဲ့ပါတယ်” ဟု မတ္တရာမြို့နယ်မှ တောင်သူ ဦးမြင့်ဦးက ပြောသည်။
🔼အောက်တိုဘာလဆန်းပိုင်းတွင် ပြည်တွင်းမြေပဲဆံဈေး အနည်းငယ်ကျဆင်းမှုရှိသော်လည်း အနီးလုံးဆံ တစ်ပိဿာကျပ် ၅,၄၀၀ ခန့် ပေါက်ဈေးရှိနေကြောင်း မန္တလေးကုန်စည်ဒိုင် ပဲကုန်သည်များထံက သိရသည်။ ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၉ ခရိုင်၌ ဆောင်းဆီထွက်သီးနှံ ဖြစ်သော ဆောင်းမြေပဲလျာထားဧက ၁၂၀,၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်းလည်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးဝင်းက ပြောကြားသည်။
🔼"တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ ဆီထွက်သီးနှံတွေကို ပြည်တွင်း စားသုံးမှု ဖူလုံစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပိုမိုတိုးချဲ့စိုက်ပျိုးဆောင်ရွက်နေပါတယ်။ ဆီထွက်သီးနှံ စိုက်ပျိုးတာက ဒေသတွင်းမှာ ဆီဖူလုံမှုအတွက်ကို အဓိကရည်မှန်းချက်ထားပြီး စိုက်ပျိုးနေတာပါ" ဟု ၎င်းကပြောသည်။
Sources : ရွှေမန်း