menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ် စိုက်ပျိုးသင့်
🍃🍉🍃🍉🍃🍉🍃🍉🍃🍉🍃
🔘တရုတ်နိုင်ငံ၏ နယ်စပ်ဂိတ်များကို ပိတ်ထားမှုကြောင့် မိုးဖရဲစိုက်ပျိုးမှုကို ပြည်တွင်းစျေးကွက် အတွက်သာ ရည်ရွယ်စိုက်ပျိုးသင့်ကြောင်း မူဆယ်ပွဲရုံကုန်သည်ကြီးများက အကြံပြုထားပြီး၊ လက်ရှိအချိန်တွင် မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံးဝရပ်ဆိုင်းနေပြီး အနည်းဆုံး ခြောက်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။
🔘“လက်ရှိ တရုတ်နယ်စပ်အခြေအနေတွေအရ ဘယ်အချိန်ဖွင့်မယ်ဆိုတာ မသိရဘူး။ တရုတ်ဘက်က ပိတ်တာက နှစ်လသုံးလလောက်လည်း ဖြစ်နိုင်သလို နှစ်ချီပြီးလည်း ကြာသွားနိုင်တယ်။အခုချိန်အထိ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့အခြေအနေက ဘာမှသေချာမှုမရှိသလို ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပါပြီ။ ဖရဲ၊ သခွားစိုက်တောင်သူတွေအတွက်တော့ ပြည်တွင်းစျေးကွက်ကိုသာ အားထားပြီး ချင့်ချိန်စိုက်ပျိုးပါ။ ကံကောင်းလို့ နယ်စပ်ဂိတ် ပြန်ဖွင့်တာမြန်ရင်တော့ အသီးတွေ ပြန်တင်ပို့နိုင်မှာပါ” ဟု ခွာညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်ကပြောသည်။
🔘တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ အဓိကဝင်ထွက်နေသည့် ကျင်စန်းကျော့ဂိတ်ကို ဇူလိုင်လဆန်းပိုင်းတွင် စတင်ပိတ်လိုက်ပြီး ကုန်သွယ်မှုရပ်တန့်သွားခဲ့ရာ သြဂုတ်လ ၃ ရက်တွင်ရွှေလီမြို့အုပ်ချုပ်ရေးတာဝန်ရှိ သူများကအရေးကြီးဆေးဝါးပစ္စည်းမှလွဲ၍ နယ်စပ်ဂိတ်များကို နှစ်လကြာပိတ်ထားမည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည် ဟုသိရသည်။
🔘ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုအစီအစဉ်အရ တရုတ်နယ်စပ်ဂိတ်များပိတ်ထားသည့်အခြေအနေကြောင့် သြဂုတ်လအတွင်းစတင်သည့် မိုးဖရဲစိုက်ပျိုးမှုမှာ မရှိသလောက်နည်းသွားပြီး အဆိုပါမိုးဖရဲစိုက် ယာမြေများတွင် စျေးကွက်အလားအလာကောင်းမည့် ပဲစင်းငုံကို ပြောင်းလဲစိုက်ပျိုးမှုများ ရှိနေကြောင်း စစ်ကိုင်းဒေသကြီး ဖရဲ၊သခွား ဥက္ကဌ ဦးစိုးလွင် ကပြောသည်။
🔘“နယ်စပ်ဂိတ် ပိတ်ထားမှု အခြေအနေကို စောင့်ကြည့်နေရပါတယ်။ ပုံမှန်အချိန် သြဂုတ်လဆိုရင် မိုးဖရဲ၊သခွား စိုက်ပျိုးချိန်ပါ။ လက်ရှိမှာတော့ နယ်စပ်မတည်ငြိမ်မှုတွေရှိတော့ စိုက်တဲ့သူမရှိသလောက် ပါပဲ။ ပြည်တွင်း စျေးကွက်အတွက်လောက်ပဲ စိုက်ပျိုးနေတာတွေ အနည်းငယ်ရှိပါတယ်။ အချို့ တောင်သူတွေကတော့ အလုပ်သမားထိန်းရင်း အနည်းငယ် စိုက်ပျိုးတာတော့ရှိပါတယ်။ လက်ရှိမှာ မိုးဖရဲစိုက်ယာမြေတွေမှာ ပဲစင်းငုံကို စိုက်ပျိုးထားကြပါတယ်” ဟု ၎င်းက ပြောသည်။
🔘ယခင်နှစ်ကတည်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် တရုတ်နယ်စပ်ဂိတ်များတွင် အသီးကားများ ကြန့်ကြာမှုရှိခဲ့သဖြင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်လည်း အဓိက စိုက်ပျိုးတင်ပို့သည့် ဆောင်းစိုက်ဖရဲရာသီအတွက် နယ်စပ်အခြေအနေများကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း နှင့် စွန့်စားစိုက်ပျိုးရန်မှာလည်း လုပ်အားခ နှင့် သွင်းအားစုဈေးများမြင့်တက်နေကြောင်း ဖရဲစိုက်တောင်သူတစ်ဦးကပြောသည်။
🔘မြန်မာနိုင်ငံတွင် ဖရဲကို နှစ်ကြိမ်စိုက်ပျိုးကာ မိုးဖရဲကို ဇူလိုင်၊သြဂုတ်လအတွင်း စိုက်ပျိုးပြီး စက်တင်ဘာလကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့ကာ ဆောင်းဖရဲကိုမူ အောက်တိုဘာလ အတွင်း စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလ မှ ဧပြီလအထိ စိုက်ပျိုးတင်ပို့ကြလေ့ရှိသည်။
Sources : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)