menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မိုးစပါးစိုက်ပျိုးမည့်တောင်သူဦးကြီးတို့အတွက်
မိုးစပါးစိုက်ပျိုးမည့်တောင်သူဦးကြီးတို့အတွက် . . . . .
🌾🌾🌱🎋🌿🌾🌾🌱🎋🌿🌾🌾
➡️စပါးခင်းများအတွင်း ပေါင်းအုပ်စုမျိုးစုံပေါက်လာမှာ တွေးပူနေရတယ်ဆိုရင် . . . . . ပေါင်းအုပ်စုမျိုးစုံကို ထိရောက်စွာနှိမ်နင်းနိုင်ပြီး စပါးခင်းအသက်ကြီးသည်အထိ အသုံးပြုနိုင်သည့် . . . . . ➡️“ဟာဘီ + ပေါင်းကင်း” ကိုရောစပ်ပက်ဖျန်းပေးရန်အတွက် ကြိုတင်ဝယ်ယူပြီးသာ ဆောင်ထားလိုက်ပါ။
➡️စပါးခင်းများအတွင်းဒေါင်းမြီးပျံ ၊ ငသယောင်(တက်ကွက်) နှင့် မြက်မုန်ညင်းကဲ့သို့ နှိမ်နင်းရန်ခက်ခဲသော ပေါင်းများရောနှောပေါက်နေပြီး စပါးခင်းကလဲ သက်ရက်ကြီးနေပါလျှင် “ဟာဘီ ၇.၅ အီးဒဗလျူ” နှင့် “ပေါင်းကင်း ၁၀ဒဗလျူပီ” စပါးရွေးချယ်ပေါင်းသတ်ဆေးများကို ရောစပ် ပက်ဖျန်းပေးရန်ဖြစ်ပါသည်။
➡️“ဟာဘီ”တွင် အစွမ်းရှိပစ္စည်း Fenoxaprop-P-ethyl 75 g/L ပါဝင်၍ ဒေါင်းမြီးပျံ၊ မြက်သီး၊ ဝမ်းဘဲစာ၊ လက်သဲခွ၊ တက်ကွက်၊ စပါးရိုင်း၊ မြက်ကြိမ်၊ ဝါးရုံမြက်(ရေမချိုး)၊ ဖော့မြက် အစရှိသည့်ပေါင်းမြက်များ ကိုနှိမ်နင်းနိုင်ပါသည်။
➡️“ပေါင်းကင်း”သည်အစွမ်းရှိပစ္စည်း Bispyribac sodium 100 g/kg ပါဝင်ပြီး ငသယောင်(တက်ကွက်)၊ မြက်သီး၊ ဝမ်းဘဲစာ၊ ဆင်ငိုမြက်၊မြက်ကြိမ် စသည့်မြက်အမျိုးမျိုး၊ မြက်မုန်ညင်းအဝါ၊ မြက်မုန်ညင်း အစိမ်း၊ ဝက်လာ၊ မြက်ကွမ်းသီးလေး၊ မြက်ကလုံး(တလိုင်းခေါင်း)၊မြက်မုန်ညင်းဥနက် အပါအဝင် မြက်မုန်ညင်းအမျိုးမျိုး နှင့် ကြိတ်မှန်၊ဝက်ကျွတ်၊ ကတောက်ဆတ်၊လယ်ပဒူ၊ ပေါင်းလေးည္င်း အပါ အဝင်ရွက်ပြန့်ပေါင်းများကို ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။
➡️ထို့ကြောင့်“ဟာဘီ + ပေါင်းကင်း” ကိုရောစပ်ပက်ဖျန်းပေးခြင်းဖြင့် စပါးခင်းများအတွင်းနှိမ်နင်းရန် ခက်ခဲသော ပေါင်းမြက်မျိုးစုံကို လွယ်ကူစွာသုတ်သင်နှိမ်နင်းနိုင်ပါသည်။ ➡️ပေါင်းသတ်ဆေးပက်ဖျန်းရန်အချိန်မှာ စပါးမျိုးစေ့ချပြီး (သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပျိုးပြီး (၂၅- ၃၅)ရက်သား ၊ ပေါင်းပင်အရွက်(၅-၇)ရွက်ထွက်ချိန်တွင်ဖြစ်ပါသည်။ “ဟာဘီ + ပေါင်းကင်း” ကို စပါးခင်းတစ်လသားကျော်သည်အထိ ရောစပ်ပက်ဖျန်းနိုင်ပါသည်။
➡️ဆေးဖျန်းစဉ် ပေါင်းပင်များ ရေမြက်နှာပြင်အထက်ပေါ်နေပြီးဆေးဖြင့်ကောင်းစွာထိစေရန်စပါးခင်းကို ရေထုတ် ထားပြီးမှဆေးဖျန်းပါ။ ဆေးဖျန်းပြီး(၁၂)နာရီကြာမှ ရေပြန်သွင်းပေးပါ။
➡️ရောစပ်ပက်ဖျန်းရန်နှုန်းထားမှာ ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ဟာဘီ(၃၀-၅၀)စီစီ (ဟင်းစားဇွန်း ၃-၅ ဇွန်း) နှုန်းနှင့် ပေါင်းကင်း(၄၀-၅၀)ဂရမ် ရောစပ်ပက်ဖျန်းပေးရန်ဖြစ်ပါသည်။
➡️ဆေးဖျန်းသည့်အခါတိုင်းဆေးဖျန်းပုံး တစ်ပုံးလျှင် ပြန့်ဆေး ကပ်ဆေး “နတ်ဆေး” (၁၀)စီစီ ဖြင့် ရောစပ်ပက်ဖျန်းခြင်းဖြင့် ဆေးအာနိသင် ပိုမိုထိရောက်စေပါသည်။
➡️စပါးစိုက်တောင်သူကြီးများ ပေါင်း၊မြက်ကင်းစင်၍ စိမ်းလန်းသန်စွမ်းသောစပါးခင်းများ ပိုင်ဆိုင်နိုင် ကြပါစေ။
✅စစ်မှန် ပြည့်ဝ ဝိစာရ✅