menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မကွေးနယ်တွင် ခရမ်းချဉ်သီးဝယ်လိုအားများနေသဖြင့် ဈေးနှစ်ဆဖြစ်လာ
🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿
🔸ရာသီဥတုပူပြင်းလာသဖြင့် ခရမ်းချဉ်သီးအထွက်နည်းလာပြီး ဈေးကွက်အတွင်း နည်းပါးလာချိန်တွင် ဝယ်လိုအားလည်း များလာသဖြင့် ယခင်လပေါက်ဈေး၏ နှစ်ဆဖြစ်လာကြောင်း မကွေးမြို့မဈေးရှိ ကုန်စိမ်းအရောင်းဆိုင်များထံက သိရသည်၊၊
🔸" ဒီလ မတ်လထဲက စပြီး နေပြည်တော်က တိုက်ရိုက်ဈေးဆင်းပြီး မကြာခဏလာဝယ်တယ်။မင်းဘူး၊ စကု၊မကွေးမြို့နယ်ထဲက စိုက်ပျိုးရေးတောင်သူလက်ထဲမှာလည်း ပစ္စည်းကရှားလာပြီ။ ရာသီဥတုက ပူလာတော့ ခရမ်းချဉ်သီးက အထွက်နည်းလာတော့ အခုလက်ရှိကတော့ ဈေးထက်ဝက်လောက် တက်လာတယ်။ "ဟု မကွေးမြို့မဈေးရှိကုန်စိမ်းအရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
🔸မကွေးမြို့ပေါ်တွင် မြို့မဈေး၊ ကန်သာဈေး၊ ရန်ကင်းဈေး၊ ရန်ပယ်ဈေးများအထိ နေပြည်တော်မှ ကုန်သည်များက ကားများဖြင့်တိုက်ရိုက်ဆင်းဝယ်ယူနေကြောင်း၊ ယခင်က ယခုကဲ့သို့ ဝယ်ယူမှု မရှိခဲ့ကြောင်း ကုန်စိမ်းလက်လီ၊ လက်ကားရောင်းချသူများက ပြောသည်။ ဖေဖေဝါရီလအတွင်းက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၅၀ မှ ၃၀၀ ကျပ် ဝန်းကျင်သာရှိပြီး မတ်လဆန်းမှ စ၍ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၆၀၀ ကြားအထိရှိလာကြောင်း သိရသည်၊၊
🔸မင်းဘူး (စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူ ဦးသိန်းဇော်က " ခရမ်းချဉ်သီးတို့၊ ပဲပုဇွန် သီးတို့ စတာတွေက မိုးအကုန်ဆောင်းအကူးစစိုက်ရပြီး ဆောင်းရာသီအတွင်းမှာ လှိုင်လှိုင်ပေါ်တယ်။ အခုကာလ ရာသီဥတုကလည်းပူလာတော့ အထွက်နည်းလာသလို တစ်ဖက်မှာ သယ်ယူပို့ဆောင်ရေး ကလည်း ခက်ခဲတယ်။အခုလမှာတော့ သီးနှံက အထွက်နှုန်း နည်းပေမယ့် မကွေးကို တင်ရတာတွေက ဈေးကောင်းရလာပါတယ် " ဟု ပြောသည်။
အောင်တင်ဝင်း
မြန်မာတောင်သူကြီးများဂျာနယ်