menu

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်သော်လည်း



 ▪️ပြီးခဲ့သည့် သီတင်းပတ်က ရွှေလီမြို့ lockdown ချထားမှုနှင့်အတူ မန္တလေးကုန်စည်ဒိုင်အပါအဝင် ကုန်စည်ဒိုင်များတွင် အဝယ်အများစု ရပ်ဆိုင်းသွားခဲ့သော်လည်း လက်ရှိကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်သောကြောင့် စက်တင်ဘာလ ၂၂ ရက်မှ စတင်ကာ ပဲမျိုးစုံနှင့် မြေပဲ နှမ်း စသည့် တရုတ်အဝယ်ရှိသည့်ကုန်များ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။ 
 
▪️သို့သော် ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုမရှိစေရန် မန္တလေးကုန်စည်ဒိုင်အပါအဝင် ဒေသအချို့ရှိ ကုန်စည်ဒိုင်များ ပိတ်ထားသဖြင့် အခြားနည်းလမ်းများဖြင့်သာ အရောင်းအဝယ်ဆောင်ရွက်ရသောကြောင့် ပဲအမျိုးအစား အချို့ ဝယ်ယူရောင်းချရန် ခက်ခဲလျက်ရှိသည်။  

 ▪️“မန္တလေးကုန်စည်ဒိုင်လို အခြားဒေသအသီးသီးက ကုန်စည်ဒိုင်တွေလည်း ပိတ်လိုက်တဲ့အတွက် ပဲသီးနှံအချို့ဝယ်ယူရာမှာ ခက်ခဲတယ်။ ဒါကြောင့် ဈေးနှုန်းအပြောင်းအလဲ တချို့ရှိတယ်၊။ အဓိက ဈေးတက်တာကတော့ ကုလားပဲတစ်ခုကတော့ သုံးတင်းဝင်တစ်အိတ်ကို ကျပ်ထောင်ဂဏန်းတက်လာ တယ်” ဟု မန္တလေးပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေကပြောသည်။

 ▪️လက်ရှိသယ်ယူပို့ဆောင်ရေးလမ်းကြောင်းပိတ်ထားခြင်းမရှိသော်လည်း ကုန်သည်များက တယ်လီဖုန်းများနှင့် ဆက်သွယ်ခြင်း၊ Viber Group များဖွဲ့ကာအချင်းချင်းဆက်သွယ်ခြင်း နည်းလမ်းများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြရသဖြင့် ဈေးနှုန်းအားဖြင့် ယခင်ဈေးများသို့ ပြန်လည်မြင့်တာလာခြင်း မရှိကြောင်းလည်း သိရသည်။ 

 ▪️"ထိခိုက်မှုကတော့ သိပ်မရှိဘူး၊ ဝယ်ရောင်းရတာတော့ နည်းနည်းလေးသွားတာပေါ့။ လက်တွေ့မမြင်ရဘဲ ဝယ်ရတာဖြစ်လို့ ချင့်ချိန်တာရှိသလို၊ ရောဂါပိုးကြောင့် ကုန်သည်တွေက အခြေအနေကိုစောင့်ကြည့်နေ တဲ့အနေအထားတွေကြောင့် အရောင်းအဝယ်ကတော့အေးနေဦးမယ်ထင်တယ်" ဟု ဦးမျိုးဆွေကပြောသည်။

 ▪️"ရွှေလီ စပိတ်ပြီ (စက်တင်ဘာလ) ၁၅၊ ၁၆ ၊ ၁၇ ရက်တွေမှာ အရောင်းအဝယ်နည်းသွားပြီး စျေးတွေလည်အနည်းငယ်ကျဆင်းသွားတာကနေ ၁၉ ၊ ၂၀ ၊ ၂၁ ရက်တွေမှာတော့ တရုတ်က ကြေငြာချက်အတိုင်းပြန်ဖွင့်မယ့်သတင်းတွေ အဝယ်စျေးလေးတွေပြန်တက်လာတယ်။ ဒီနေ့တော့ အရောင်းအဝယ်က တရုတ်လိုင်းပြန်သွက်လာတယ်။ တရုတ်အဝင် ကနေဒါစားတော်ပဲလည်း အရောင်းများလာတယ်" ဟု ၎င်းက စက်တင်ဘာလ ၂၃ ရက်က ပြောသည်။

 ▪️"လက်ရှိတွင် အသီးကားများ အဝင်နည်းနေသေးသဖြင့်စျေးကောင်းရရှိနေကြောင်း နှင့် ၈၅၅ အသီးက တစ်တန် ယွမ် ၃၀၀၀ ၊ ဒုံးကျည်သီးက တစ်တန် ယွမ် ၁၅၀၀ ရောင်းရပါတယ်။ ကုန်သွယ်ရေးဂိတ်တွေကတော့ အကုန်ပြန်ပွင့်ပါပြီ’’ ဟု မူဆယ်ကုန်သည်ကြီးများအသင်း အမှုဆောင် ဦးစိုင်းမောင် က ပြောသည်။

The Farmer Media