menu

မြန်မာ့ဖရဲ ဈေးကွက်အခြေအနေ .....


🍉🍉🍉🍉🍉🍉🍉🍉🍉🍉

➡️လက်ရှိ တရုတ်သို့ ဖရဲသီးတင်ပို့ရာတွင် စျေးမရဖြစ်နေပြီး လာမည့်ဆောင်းရာသီတင်ပို့ရာသီ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် စျေးကွက်ရမရ စောင့်ကြည့်ရမည်ဖြစ်ကြောင်း မူဆယ် ၁၀၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရသည်။

➡️ယခုအချိန်မှာ အမှန်တကယ်တင်ပို့သည့်ရာသီမရောက်သေးကြောင်းသိရပြီး မိုးရာသီ ပုံမှန်ပြည်တွင်း၌ အထွက်နှုန်းလျော့ကျနေခြင်း၊ တင်ပို့မှုကြန့်ကြာနေ၍ အချို့တောင်သူများလျော့ချစိုက်ပျိုးနေခြင်း တို့ကြောင့် လက်ရှိတင်ပို့မှုနည်းနေသလို မိုးဖရဲသီများဖြစ်၍ စျေးမရခြင်းတို့ ဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။ 

➡️“လာမည့် ဆောင်းရာသီစျေးကွက်ကတော့ အရည်သွေးလဲကောင်းလာမယ် ။ နောက်တကယ်လဲ သူတို့ရဲ့ ၁၂လ ဝန်းကျင် ဆောင်းရာသီဝယ်လိုအားက တရုတ်ပြည် နှင့် အိန္ဒိယက ထွက်နှုန်းလျော့ကျနေခြင်း၊ တင်ပို့မှုကြန့်ကြာနေ၍ အချို့တောင်သူများလျော့ချ စိုက်ပျိုနေခြင်းတို့ကြောင့် လက်ရှိတင်ပို့မှု နည်းနေသလို မိုးဖရဲသီများဖြစ်၍ စျေးမရခြင်းတို့ ဖြစ်နေရခြင်းဖြစ်ကြောင်းသိရသည်။ 

➡️“လာမည့် ဆောင်းရာသီစျေးကွက်ကတော့ အရည်သွေးလဲကောင်းလာမယ်။ နောက်တကယ်လဲ သူတို့ရဲ့ ၁၂လဝန်းကျင် ဆောင်းရာသီ ဝယ်လိုအားက တရုတ်ပြည်၊ အိန္ဒိယကထွက်တဲ့ အသီးတွေလဲ ကုန်လာတော့ မြန်မာသီးကိုစောင့်ပြီးဝယ်ကြတယ်၊ အဲ့ဒီအချိန်ကြမှ စျေးကွက်အဖွင့်ကို စောင့်ကြည့်ရ မယ်။ တကယ်ဝယ်ရမဲ့အချိန်ရောက်လာမှပဲ အရင်နှစ်တွေထက် လျော့နေသလား၊ တိုးသလား သုံးသပ်ရမှာပဲ” ဟု မူဆယ် ၁၀၅မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုဉက္ကဌ ဦးအောင်သက်ဦး က ပြောသည်။

➡️လာမည့် ဆောင်းရာသီတွင် ဖရဲသီးတင်ပို့မည့်ယာဉ်များအနေဖြင့် တင်ပို့သည့်နေရာတွင် ကိုဗစ်ရောဂါ မပြန့်ပွားစေရန် စည်းမျဉ်းစည်းကမ်းဖြင့် စနစ်တကျလိုက်နာကိုင်တွယ်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း မူဆယ်ကုန်စည်ဒိုင်က ဆိုသည်။ 

➡️ရောဂါပိုးနဲ့ပက်သတ်ပြီး တရုတ်ဖက်က တင်းတင်းကြပ်ကြပ်လုပ်တုန်းပဲ။ လောလောဆယ် မိုးရာသီ တင်ပို့မှုကတော့ ပုံမှန်ငါးရက်လောက်ကြာပြီးတော့ အခုလောလောဆယ် ကားနည်းတော့ တစ်ညအိပ် နှစ်ရက်လောက်နဲ့ရောက်တယ်။ အသီးရာသီရောက်ရင်တော့ စောင့်ကြည့်ရမှာပေါ့။ မိုးရာသီစျေးကွက် ကတော့ အရင်နှစ်အတိုင်းပါပဲ” ဟု ဦးအောင်သက်ဦး က ဆက်လက်ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်များ တွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် တရုတ်ဘက်မှ မကြာခဏဆိုသလို လော့ဒေါင်း ချမှတ်မှုများနှင့် အသီးလက်ကျန်နည်းနေသည့် ဖရဲသီးများတင်ပို့မှု လျော့ကျနေကြောင်း သစ်သီးဝလံကုန်စည်ဒိုင်များမှ သိရသည်။

➡️ယခင်နှစ်စပိုင်းက တရုတ်ဘက်သို့ ဖရဲသီးကား အစီးရေ ၂၀ စီး မှ ၃၀ စီးသာ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပတ်မှ တစ်စီး၊ နှစ်စီးခန့်သာ ဝင်ရောက်မှုရှိနေကြောင်းသိရသည်။ အောက်တိုဘာ လကုန်ပိုင်းမှသာ ဖရဲရာသီစမှာဖြစ်၍ လက်ရှိလက်ကျန် မိုးဖရဲများသာ ဝင်ရောက်နေကြောင်းသိရသည်။ တရုတ်ဘက်တွင် ဖရဲသီးများဈေးကောင်းမရသည့်အတွက် မိုးဖရဲလက်ကျန်များသာ ဝင်ရောက်ကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်သွယ်စည်ဒိုင်မှ တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။ 

➡️“ဒီရက်ပိုင်း ဖရဲကားတောင်မရှိဘူး။ အခုက လက်ကျန်မိုးသီးပဲသွားနေတယ်။ တရုတ်ဘက်က စျေးမရဘူးလို့ လဲ ပြောကြတယ်။ လေး၊ ငါးရက်နေမှ တစ်စီးလာနှစ်စီးလာပဲရှိတယ်။ လောလောဆယ် တော့ ရာသီချိန်က ၁၀လပိုင်းကျော်မှ စမှာဆိုတော့ အခုက မိုးသီးလက်ကျန်ပဲ သွားနေတယ်ထင်တယ်” ဟု ဒေါ်ရီရီခိုင်ကပြောသည်။ 

➡️လက်ရှိ ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် တရုတ်ပြည်မှ ရွှေလီ၊ ဝမ်တိန်နယ်စပ်ဂိတ်တွင် မကြာခဏလော့ဒေါင်း များ ချမှတ်လျက်ရှိကြောင်းသိရသည်။ “တရုတ်ပြည် မရောက်ခင်အထိကို ကုန်ကျစရိတ်တွေ များနေတာ အခုထိက ရွေလီကော ဝမ်တိန်ကော လော့ဒေါင်းတွေဖြစ်နေတော့ ဝယ်လက်တွေက ပါးနေတယ်။ စျေးတွေကလဲ မရဘူးဖြစ်နေတယ်” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ 

➡️မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ အဓိကအများဆုံးတင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅) မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ စျေးကွက်မရေရာမှုများကြောင့် သစ်သီးဝလံ တောင်သူများက စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရမည့်အနေအထားကိုရောက်ရှိနေကြောင်းလည်း သိရသည်။

➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)