menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"မြန်မာ့ထောပတ်သီး ဈေးကွက်အခြေအနေ"
🥑🥑🥑🥑🥑🥑🥑🥑🥑🥑
✅မြန်မာ့ထောပတ်သီးများ ပြည်တွင်း၌သာအရောင်းအဝယ်ဖြစ်နေပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှသိရသည်။ ယခုစျေးကွက်တွင် ရောက်ရှိနေသည့်ထောပတ်သီးမှာ ပြည်တွင်းစားသုံးသည့်အသီးအမျိုးအစားဖြစ်ပြီး ပြည်ပသို့ တင်ပို့မည့် Hass အမျိုးအစားမှာ အသီးရင့်ရန်နှင့်အရည်အသွေးကောင်းရန် လိုနေသေးသည့်အတွက်ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသေးကြောင်းသိရသည်။
✅“လက်ရှိက ပြည်တွင်းစားသုံးတဲ့ အသီးတွေစျေးကွက်ဖြစ်နေတာပါ။ ပြည်ပကိုတင်ပို့နိုင်တဲ့ အသီးအမျိုးစားက ရင့်ဖို့လိုသေးတယ်။ မထွက်သေးဘူး ။ ထွက်လာရင်တော့ ပြည်ပတင်ပို့သွားမယ် ။ ပမာဏ ဘယ်လောက်ထိတင်ပို့မယ်ဆိုတာတော့မသိသေးဘူး။ တဖက်နိုင်ငံကို sample ပို့ပြီး သူတို့က အကြောင်းပြန်မှသိရမှာ”ဟု မြန်မာနိုင်ငံထောပတ်သီးတင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။
✅Haas အသီးမျိုးထွက်ရှိလာပါက ဒူဘိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး မည်မျှပမာဏ တင်ပို့မည်ကိုတော့မညှိနှိုင်းရသေးကြောင်းသိရသည်။ အထွက်နှုန်းအနေဖြင့် ယခင်နှစ်များထက် ပိုမိုထွက်ရှိမည်ဖြစ်ပြီး တန်၃၀၀ နှင့် ၅၀၀ ကြား ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်းသိရသည်။ ပြည်ပသို့တင်ပို့မည့် Hass အမျိုးအစားမှာပြီးခဲ့သည့်ထောပတ်သီးရာသီက တစ်ကီလိုလျှင် ခြံထွက်စျေး ၆,၀၀၀ အထိစျေးနှုန်းပေါက်ခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျှင် ၅,၀၀၀ ပတ်ချာလည်ခန့်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
✅လက်ရှိမြန်မာနိုင်ငံ၏အခြေအနေများကြောင့် ပြည်ပသို့ပို့ရန်ခက်ခဲနေသော်လည်း ပြည်တွင်းဝယ်လိုအား ကောင်းနေသေးသည့်အတွက် ထောပတ်သီးစျေးကွက်ထိခိုက်မှုမရှိနိုင်ကြောင်းသုံးသပ်ကြသည်။ လက်ရှိပြည်တွင်း၌ စာသုံးမှုများမြင့်တက်ကာအရောင်းအဝယ်လည်းဖြစ်နေကြောင်း ထောပတ်သီး စိုက် တောင်သူများထံမှသိရသည်။ ပြည်တွင်း၌ ထောပတ်သီးတစ်ကီလိုလျှင် ခြံထွက်စျေး ၄,၀၀၀ အထိရှိပြီး လက်လီစျေး တစ်ကီလိုလျှင် ၇,၀၀၀ အထိရောင်းချလျက်ရှိကြောင်းသိရသည်။
✅“ပြည်တွင်းမှာတော့ စားသုံးသူတွေရှိတော့ အရောင်းဝယ်ကောင်းတယ်လို့ပြောလို့ရတယ်။ order တွေလည်းများတယ်။ အဓိက ရောဂါတွေနဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်အသွားအလာ ခက်ခဲတာ။ သယ်ယူပို့ဆောင်ရေးခက်ခဲတာ အဲ့တာတွေတော့ရှိတယ်” ဟု ထောပတ်သီးစိုက် တောင်သူ တစ်ဦးကပြောသည်။ ပြည်ပသို့တင်ပို့ရန်စိုက်ပျိုးသည့် အသီးအားပြည်ပအပြင် ပြည်တွင်းမှ စားသုံးသူများ ကြိုက်နှစ်သက်ကြသည့်အတွက်နောက်ပိုင်းစျေးကွက်ကောင်းလာနိုင်ကြောင်းသိရပြီး ပြီး ခဲ့သည့်နှစ်ထက် အရောင်းအဝယ်မကျနိုင်ကြောင်း သုံးသပ်ကြသည်။ ပြည်တွင်း၌ အထွက်နှုန်းကောင်း သော်လည်း အရည်အသွေးကောင်းမွန်သည့်အသီးနည်းပါးသောကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနိုင်ငံမှ မျိုးစပ်ဖြစ်သည့် Hass အမျိုးအစားကို တင်သွင်း၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
✅ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီးထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီးကြောင်းသိရသည်။ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့တွင်အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့တွင်လည်ကောင်း စိုက်ပျိုးကြကြောင်းသိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Sources : Market News(AMIA)