menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"မြန်မာ့ထောပတ်သီး ပြည်ပဈေးကွက် အလားအလာကောင်းနေ"
🥑🥑🥑🥑🥑🥑🥑🥑🥑🥑
⏩မြန်မာ့ထောပတ်သီးများ ပြည်ပဈေးကွက် အလားအလာ ပြန်လည်ကောင်းမွန်လာနေပြီး ပုံမှန် လမ်းကြောင်းဖြင့် ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။
⏩လက်ရှိတွင် ပြည်တွင်းဝယ်လိုအားဖြင့်ပင် အရောင်းအဝယ်ကောင်းမွန်နေသည့် အနေအထားဖြစ်နေပြီး ၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါအခြေအနေများကြောင့် ပြည်ပသို့ ပုံမှန်လမ်းကြောင်းများဖြင့် တင်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောကြားသည်။ လာမည့် အောက်တိုဘာလနောက်ပိုင်းတွင် မြန်မာ့ထောပတ်သီးများ ဈေးကွက်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ခြံအရောက်ဝယ်ဈေး တစ်ကီလို ၄,၀၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသူမှ တစ်ကီလို ၆,၀၀၀ ကျပ်ဈေးရှိကြောင်း သိရသည်။
⏩“ပြည်ပနိုင်ငံတွေက ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေတယ်။ ပြည်တွင်းဝယ်လိုအားကောင်းနေတော့ မနှစ်ကဆိုရင် စင်္ကာပူနဲ့ ဒူဘိုင်းကို မပို့နိုင်ခဲ့ဘူး။ နောက်လာမယ့် သုံးနှစ်လောက်ဆိုရင် ပြည်တွင်း ဈေးကွက်ကနေ ပိုလျှံလာမှာဖြစ်လို့ ပြည်ပဈေးကွက် ပိုမိုရရှိရေးနဲ့ တင်ပို့နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီ”ဟု ဦးကျော်စိုးမင်းက ပြောသည်။ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အနေဖြင့် ထိုင်းနိုင်ငံပြပွဲသို့ သွားရောက်ပြသခဲ့ပြီး ၊ ဂျပန်နိုင်ငံကလည်း လာရောက်ပြသရန်ကမ်းလှမ်းထားကြောင်း ၎င်းကပြောသည်။
⏩“ကမ်းလှမ်းတဲ့အဆင့်ဆိုတာက အရောင်းအဝယ်ဖြစ်တာ မဟုတ်သေးဘူး။ ဂျပန်ကလည်း သူတို့ဆီ လာပြသဖို့ ကမ်းလှမ်းမှုတွေ ရှိတယ်။ သွားပြသင့်မပြသင့် ဆုံးဖြတ်ဖို့ လုပ်နေတယ်။ ခုလာမယ့် ထောပတ်သီးရာသီမှာ ထိုင်းနဲ့ နယ်သာလန်ပို့ဖို့ကို အသင်းက ဆုံးဖြတ်ထားပါတယ်။ ပြည်တွင်းမှာ ဝယ်လိုအားကောင်းတာကြောင့် ပြည်ပကို ကောင်းကောင်းမပို့နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
⏩မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက်နေရာရရှိရေးအတွက် စိုက်ပျိုးသူများက စနစ်တကျနှင့် အရည်အသွေးပိုင်းထိန်းသိမ်းနိုင်ရန် လိုအပ်ပြီး နှစ်စဉ်ပြည်ပဈေးကွက်သို့ တင်ပို့မှုမှာ ထိုင်းနှင့် တရုတ်နိုင်ငံသို့ အများဆုံးဖြစ်၍ တစ်နှစ်လျင် တန်ချိန် တစ်သောင်းခွဲခန့်ရှိကြောင်းသိရသည်။
⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)