menu

မြန်မာနှစ်သစ်ကူးပြီးနောက် ဆန်ဈေးများမြင့်လာ


🌾🌾🌾🌾🌾🌾🌾🌾🌾🌾

▶️ ပြည်တွင်းစားသုံးမှု ဆန်ဈေးကွက်တွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်မှစ၍ ဆန်တစ်ပိုင်းလျှင် ငွေကျပ် တစ်ထောင်ဝန်းကျင် ဈေးမြင့်တက်လာခဲ့ကြောင်း ဆန်ဈေးကွက်မှသိရသည်။

▶️ အလားတူ Export တင်ပို့သည့် ဆန်၊ ဆန်ကွဲဈေးမှာလည်း ပြည်တွင်းစားသုံးမှု ဆန်ဈေးနှင့်အတူ အနည်းငယ်မြင့်တက်လာသည်ဟု ဆိုသည်။

▶️ သင်္ကြန်ရက်မှာနားကြတာနဲ့ တခြားအကြောင်းအရာတွေကြောင့် ဈေးကွက်ထဲကို ဆန်အဝင်နည်း သွားလို့ ဆန်ဈေးကမြင့်တက်လာတယ်လို့ သုံးသပ်ပါတယ်။ “သင်္ကြန်အပြီး ဧပြီ (၁၈)ရက်၊ နှစ်ဆန်း (၂)ရက် အဖွင့်ဈေးမှာ ဆန်တစ်ပိုင်းကို ပျမ်းမျှ ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေးတက်လာတယ်။ စပါးအထွက်နှုန်း နည်းတာလည်းပါတယ်” ဟု ဆန်ပွဲရုံပိုင်ရှင် တစ်ဦးကသုံးသပ်သည်။

▶️ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး ငွေကျပ် ၉၇,၀၀၀၊ မြောင်းမြပေါ်ဆန်း ငွေကျပ် ၈၀,၀၀၀ ရှိပြီး သင်္ကြန်မတိုင်မီက ဈေးနှုန်းများထက် တစ်ပိုင်းလျှင် ငွေကျပ် ၁,၀၀၀၊ ယခင်လများထက် တစ်ပိုင်းလျှင် ငွေကျပ် ၁၀,၀၀၀ မြင့်တက်ခဲ့သည်ဟု ဆိုသည်။

▶️ ပို့ကုန် ဆန်၊ ဆန်ကွဲဈေးကွက်တွင် အသွယ်ဆန်သား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းမှာ ငွေကျပ် (၅၁,၄၀၀ - ၅၂,၃၀၀) ဝန်းကျင်ဖြစ်ရာ ပြီးခဲ့သည့်ရက်ထက် ငွေကျပ် ၅၀၀ ဈေးမြင့်လာကြောင်း၊ ဖိလစ်ပိုင်မှ ဆန်တန်ချိန် သုံးသိန်းကျော် ပင်လယ်ရေကြောင်းမှတင်သွင်းမည်ဟုသိရပြီး ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများဖြစ်သည်ဟု သိရသည်။

▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း