menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မြန်မာ့ဆန်ကို နှစ်အနည်းငယ်ကြာ ဝယ်ယူမှု ရပ်နားထားခဲ့တဲ့ ပြည်ပနိုင်ငံအချို့မှ ပြန်လည်ဝယ်ယူလာ
🔸မြန်မာ့ဆန်ကို နှစ် အနည်းငယ်ကြာ ဝယ်ယူမှု ရပ်နားခဲ့တဲ့ ပြည်ပနိုင်ငံအချို့ကပြန်လည်ဝယ်ယူ လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
🔸ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန်ကို ပြည်ပနိုင်ငံပေါင်း ၆၆ နိုင်ငံနှင့် ဆန်ကွဲကို နိုင်ငံပေါင်း ၆၀ သို့ တင်ပို့နိုင်ခဲ့ပြီး၊ ယင်းအထဲတွင် နှစ် အနည်းငယ်ကြာ ဝယ်ယူမှု ရပ်နားခဲ့သည့် နိုင်ငံအချို့ ပြန်လည်ဝယ် ယူလာခြင်းဖြစ်ကြောင်း သိရသည်။
🔸ယင်းသို့ ပြန်လည်ဝယ်ယူလာခြင်းမှာ မြန်မာ့ဆန် အရည်အသွေး ကောင်းလာခြင်း၊ ဈေးနှုန်းသင့်တင့် ခြင်းအပြင် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများ အဆင်ပြေလာခြင်းတို့ကြောင်လည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
🔸၎င်းက “ မြန်မာ့ဆန်က အရည်အသွေး ကောင်းလာတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင်တယ်။ ပြီးတော့ ဆန် ဝယ်ယူတဲ့အခါ ဘဏ်နဲ့ ချိတ်ဆက်လုပ်ရတဲ့ လုပ်ငန်းတွေ အဆင်ပြေလာတဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာဆိုရင် ကိုဗစ်ရောဂါ ကာလတွေ ပါဝင်နေတာတောင် နိုင်ငံပေါင်း ၆၆ နိုင်ငံ လောက် ဆန် တင်ပို့နိုင်တယ်။ အဲဒီထဲမှာ ဆန်ဆိုရင် မလေးရှားတို့၊ ဆန်ကွဲဆိုရင် အင်ဒိုနီးရှားတို့လို နှစ်အ နည်းငယ်ကြာ ဝယ်ယူမရှိတဲ့ နိုင်ငံတွေက များများပြန်ဝယ်လာကြတယ်” ဟု ဆိုသည်။
🔸၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံတွင် တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ပိုလန်၊ ကင် ညာ၊ တိုဂို စသည့်နိုင်ငံများ ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ထုတ်ပြန်ထားချက် အရ သိရသည်။
🔸၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန် တန်ချိန် ၁ဒသမ၈ သန်းကျော်နှင့် ဆန်ကွဲတန်ချိန် ဝဒသမ၅ သန်း ကျော် စုစုပေါင်းတန်ချိန် ၂ဒသမ၃ သန်းကျော် တင်ပို့ခဲ့ပြီး၊ ဝင်ငွေ ကန်ဒေါ်လာ ၇၀၉ဒသမ၆၉၃ သန်း ရရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ဒသမ၆ သန်းကျော်နှင့် ဆန်ကွဲတန်ချိန် ဝဒသမ၉ သန်း ကျော်၊ စုစုပေါင်းတန်ချိန် ၂ဒသမ၅ သန်းကျော် တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၇၉၄ဒသမ၃၈၈ သန်း ရရှိခဲ့ သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ကန်ဒေါ်လာ သန်း ၈၀ ကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
🔸လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာလည်း အစပိုင်းသာ ရှိသေးသဖြင့် ဆန်တင်ပို့မှု အခြေအနေကို ခန့်မှန်းရန် ခက်ခဲနေပြီး၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၏ တင်ပို့နိုင်မှု အခြေအနေကို စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ဦး ရဲမင်းအောင်က မှတ်ချက်ပြုသည်။
🔸လက်ရှိတွင် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်ချိန် ၁၃ သန်းခန့် ထုတ်လုပ်ပေးနေပြီး၊ ပြည်တွင်းစားသုံးမှု တန်ချိန် ၁၀ သန်းခန့် ရှိသည့်အတွက် ပိုလျှံသည့် ဆန်များအား ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်။
Sources : ကျော်ကျော်(AMIA)
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက်။