menu

မြန်မာ့ပြောင်းဈေးကွက် အလားအလာကောင်းမွန်လာ

 
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿  

🔘မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းများကို ဝယ်ယူလိုကြောင်း ပြည်ပမှ ကမ်းလှမ်းမှုများပြားလာသဖြင့် ယခုနှစ်တွင် ပြောင်းဈေးကွက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်က ပြောကြားသည်။ လက်ရှိတွင်လည်း ပြည်တွင်း ပြောင်းဈေးနှုန်း အနည်းငယ် မြင့်တက်လာ နေပြီး ယခင် တစ်ပိဿာ ကျပ် ၄၅၀ ဝန်းကျင်မှ ကျပ် ၄၉၀ ထိ ရလာကြောင်း ၎င်းထံမှ သိရသည်။"တောင်သူတွေ အနေနဲ့လည်း တစ်ပိဿာ ကျပ် ၄၀၀ အထက် ရတယ်ဆိုရင် တွက်ခြေကိုက်တဲ့ ဈေးနှုန်း တစ်ခုအနေနဲ့ သတ်မှတ်လို့ရတယ်။ တင်ပို့ပြီဆိုရင်တော့ တောင်သူတွက်ခြေကိုက်တဲ့ ဈေးနှုန်းလေးရ မယ်လို့မျှော်လင့်တယ်" ၎င်းကပင် ပြောသည်။  

🔘အိန္ဒိယ နှင့် ဗီယက်နမ်နိုင်ငံတို့မှလည်း ပြောင်းဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများ ရှိနေသည်ဟု သိရပြီး လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့ရန် ဝယ်ယူစုဆောင်းမှုများလည်း ရှိနေပြီဖြစ်သည်။  

🔘"အနယ်နယ် အရပ်ရပ်က ပြောင်းဆံတွေကို မြဝတီနယ်စပ်မှာ ဝယ်ယူစုဆောင်းနေပါတယ်။ ဒီကာလ အတွင်းမှာတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ကုန်သွယ်သွားလာမှုမှာ စစ်ဆေး ကန့်သတ်မှုတွေ ရှိနေတော့ တစ်ရက်နဲ့ ရောက်မယ့်ခရီးက သုံးရက်လောက် ကြန့်ကြာမှုတွေ ရှိနေတာပေါ့။ လတ်တလောမှာတော့ ရှမ်းပြည်နယ်ဘက်က ထွက်တဲ့ပြောင်းဆံတွေ တက်လာတာ များတယ်" ဟု ပြောင်းကုန်သည် ကိုဇော်က ပြောကြားသည်။  

🔘နှစ်စဉ် စိုက်ပျိုးထွက်ရှိသည့် ပြောင်းပမာဏအလိုက် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ပျမ်းမျှအားဖြင့် တန်ချိန်တစ်သန်းခွဲခန့်ရှိပြီး ယခုနှစ်တွင်တင်ပို့မှု ပိုမိုအားကောင်းစေရန်မြဝတီတွင်လည်းပြောင်းကုန်စည် ဒိုင်ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။ယခင်က ပြောင်းကို တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် တင်ပို့ခဲ့ သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ကာ အခွန်နှုန်း မြှင့်ထားခြင်းကြောင့် တင်ပို့မှု လျော့ကျကာ ထိုင်းနိုင်ငံသို့ ပိုမိုတင်ပို့လာခြင်းဖြစ်သည်။  

🔘ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် နှစ်နိုင်ငံ သဘောတူညီချက်အရ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ဩဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ရှိ သည့် ကျန်ကာလအတွင်း ထိုင်းအစိုးရက ၎င်းနိုင်ငံရှိစိုက်ပျိုးသူများ အကျိုးစီးပွားကိုကာကွယ်ပေးသည့် အနေဖြင့် အခွန်နှုန်းထားကို ၇၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ထားသည်ဟု သိရသည်။  

Sources: The Farmer Media.