menu

မြန်မာ့ပြောင်းကို အိန္ဒိယနိုင်ငံသို့ ဈေးကွက်အသစ်အဖြစ် ပထမဦးဆုံးတင်ပို့လျက်ရှိ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

➡️ ယခု၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှပြောင်းများကို အိန္ဒိယနိုင်ငံသို့ ဈေးကွက်အသစ်အဖြစ် ပထမဦးဆုံးတင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က ပြောသည်။

➡️ "အများဆုံးက ရှမ်းပြည်ပြောင်းကိုတင်ပို့ပြီး ဧရာဝတီပြောင်းထွက်ချိန်ဆိုရင် ဧရာဝတီပြောင်းတွေကိုလည်း တင်ပို့ပါတယ်။ အခုဆိုရင် ဝယ်လက်အသစ်ဖြစ်တဲ့ အိန္ဒိယကလည်း ဝယ်ယူလာပါတယ်။ နှစ်လအတွင်းမှာ သင်္ဘော(၁၀)စီးစာ တန်ချိန်တစ်သိန်းနီးပါးလောက် ဝယ်ယူထားပါတယ်။ အိန္ဒိယကပြောင်းတင်ပို့တဲ့နိုင်ငံပါ။ ဒီနှစ်ကျမှ ပြန်သွင်းတာဆိုတော့ ဈေးကွက်သစ်လို့ ပြောလို့ရပါတယ်။ တစ်လ ကိုတန်ချိန်တစ်သိန်းလောက် တင်ပို့နေပါတယ်။ လက်ရှိမှာ အများစုကတော့ တာချီလိတ် လမ်းကြောင်းကနေ ကားတွေနဲ့တင်ပို့နေပါတယ်။ ရန်ကုန်ဆိပ်ကမ်းကနေ ရနောင်းဆိပ်ကမ်းကို သင်္ဘောနဲ့တင်ပို့ပါတယ်" ´ဟု ၎င်းကပြောသည်။

➡️ မြန်မာနိုင်ငံပြောင်းထွက်ရှိမှု၏ ၇၅ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့လျက်ရှိသည်။ မြန်မာ - ထိုင်း ပြောင်းတင်ပို့မှုစတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တစ်လလျှင် ပြောင်းတန်ချိန် ၁ သိန်းခန့် တင်ပို့လျက်ရှိသည်။

➡️ မေလဆန်းပိုင်းက ထိုင်းနိုင်ငံသို့ မြဝတီကုန်သွယ်ရေး စခန်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ပြည်တွင်းပြောင်းဈေး ပြန်လည်ကောင်းမွန်လာကာ မန္တလေးဈေးကွက်တွင် ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၅၂,၀၀၀ ကျော် ပေါက်ဈေးဖြစ်လာသည်။

➡️ လက်ရှိအချိန်တွင် ပြောင်းကို ကုန်သည်များထံတွင်သာလက်ကျန်ရှိပြီး တောင်သူများမှာ မကြာမီ ပြောင်း ပြန်လည်စိုက်ပျိုးတော့မည့်ရာသီဖြစ်ကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)