menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မန္တလေးဈေးကွက်အတွင်း ပြောင်းသီးနှံဈေးနှုန်းများမြင့်တက် …..
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
➡️မြန်မာ့လယ်ယာထွက်ကုန် ပြောင်းသီးနှံဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ပြည်တွင်းဝယ်လက်များမှ ဝယ်လိုအားကောင်း မွန်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
➡️ယခုနှစ်ပြောင်းဈေးနှုန်းမှာ သင်္ကြန်မတိုင်မီကာလက သုံးတင်းဝင် တစ်အိတ်လျှင် ၂၈,၀၀၀ ကျပ်နှုန်း ပေါက်ဈေးရှိခဲ့ရာမှ မေလပထမ ပတ်မှစ၍ ပြည်တွင်းဝယ်လက်များသာမက ပြည်ပထိုင်းနိုင်ငံမှလည်း စတင်ဝယ်ယူလာမှုကြောင့် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်ကာ ယနေ့ မေ ၂၇ ရက်နေ့တွင် သုံးတင်းဝင်တစ်အိတ်လျင် ငွေကျပ် ၃၁,၀၀၀ နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။
➡️"အခုလို ပြောင်းဈေးတွေ ကောင်းလာတာက ပြည်ပဝယ်လက်တွေ သာမက ပြည်တွင်းမှာရှိတဲ့ တိရစ္ဆာန်အစာထုတ်တဲ့ စက်ရုံတွေကလည်း ပြန်ပြီးစက်လည်ပတ်ခွင့် ရလာကြလို့ ဒီပြောင်းကို ကုန်ကြမ်းအဖြစ် ဝယ်ယူလာကြတဲ့အတွက် ဝယ်လက်စုံပြီး ဈေးတွေ မြင့်တက်လာတာပါ။ လက်ရှိပေါက်ဈေးက ပြောင်းစိုက်တောင်သူတွေရော ကုန်သည်တွေပါ ရောင်းပန်းလှတဲ့ ဈေးနှုန်းဖြစ်လို့ အားရကျေနပ်နေကြတယ်။ လက်ရှိကာလမှာ ပြောင်းစိုက်ခင်းတွေကို ငမြှောင်တောင်ပိုးကျ ရောက်တတ်လေ့ရှိတဲ့အတွက် အခုလိုဈေးကောင်းရတဲ့အချိန်မှာ ဒီပိုးတွေ ဖျက်ဆီးမှုမရှိအောင် ဂရုစိုက်ကြဖို့ တောင်သူတွေကို သတိပေးချင်တယ်" ဟု ၎င်းက ပြောသည်။
➡️ယခုလို ပြောင်းဈေးနှုန်းကောင်းမွန်သည့်အချိန်တွင် ဒေသစုံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းသီးနှံများ မန္တလေးဈေးကွက်သို့ သွက်လက်စွာ ဝင်ရောက်လျက်ရှိနေပြီး ယခုဇူလိုင်လဆန်း၌လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦး၊ ကျွန်းလှမြို့နယ်များနှင့် နေပြည်တော် တပ်ကုန်း၊ ပျဉ်မနား မြို့နယ်များမှ စိုက်ပျိုးထွက်ရှိလာသည့်ပြောင်းများ ဈေးကွက်သို့ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
စစ်မှန် ပြည့်ဝ ဝိစာရ
Credit : ရွှေမန်း - The Farmer Journal