menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“မန္တလေးတိုင်းအတွင်း ဆောင်းကုလားပဲ ဧကနှစ်သိန်းကျော် စိုက်ပျိုးမည်”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
⏩မန္တလေးတိုင်းဒေသကြီးအတွင်း ယခုမီနီဘတ်ဂျက်ကာလ၌ ခရိုင်အလိုက် ဆောင်းကုလားပဲဧက ၂၁၀,၀၀၀ ကျော်အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
⏩ဆောင်းကုလားပဲများကို ခြောက်လမီနီဘတ်ဂျက်ကာလအတွင်း ခရိုင်(၇)ခုတွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၌ ၄,၉၀၀ ဧကကျော်၊ ပြင်ဦးလွင်ခရိုင်၌ ၁၃,၀၀၀ ဧကကျော်၊ ကျောက်ဆည်ခရိုင်၌ ၈၆,၉၀၀ ဧကကျော်၊ မိတ္ထီလာခရိုင်၌ ၄၅,၀၀၀ ဧကကျော်၊ မြင်းခြံခရိုင်၌ ၂၉,၀၀၀ ဧကကျော်၊ ညောင်ဦးခရိုင်၌ ၅,၇၀၀ ဧကကျော်၊ ရမည်းသင်းခရိုင်၌ ၂၅,၀၀၀ ဧကကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း နှင့် ဒီဇင်ဘာလ (၁၀) ရက်ထိ စိုက်ပျိုးပြီးဧက ၇၄,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲသီးနှံဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ဆုက ပြောကြားသည်။
⏩"ကုလားပဲကို ပြည်တွင်းမှာသာမက ပြည်ပကိုတင်ပို့နိုင်အောင် ပြည်တွင်းစားသုံးမှုလည်း လုံလုံလောက်လောက်ဖြစ်နိုင်အောင် စိုက်ပျိုးနေပါတယ်။ တိုင်းဒေသကြီးအနေနဲ့ ကုလားပဲတင်း ၂၉ သိန်းကျော် ထွက်ရှိပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအပြင် ပြည်ပကိုလည်းတင်ပို့နိုင်ပါတယ်။ ကုလားပဲအပြင် ကျန်တဲ့ပဲမျိုးကွဲတွေကိုလည်း တိုးချဲ့စိုက်ပျိုးနေပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ဆောင်းရာသီကာလမှာ စိုက်ပျိုးတဲ့ ပဲမျိုးက ၅၁၀,၀၀၀ ကျော်ဧကနဲ့ မိုးမှာဆိုရင် ၇၂၀,၀၀၀ ကျော်ဧကတို့ကို စိုက်ပျိုးပါတယ်။ ကုလားပဲအပြင် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ထောပတ်ပဲစသဖြင့် ပဲမျိုးကွဲ ၁၈ မျိုးစိုက်ပျိုးပါတယ်။ ကုလားပဲကို ခရိုင်အလိုက်စိုက်ပျိုးရာမှာ ကျောက်ဆည်ခရိုင်က အများဆုံး စိုက်ပျိုးပါတယ်" ဟု ၎င်းက ပြောသည်။
⏩မိုးစပါးရိတ်သိမ်းအပြီး ကုလားပဲကို နှစ်စဉ်ဆောင်းရာသီတွင် အမြဲစိုက်ပျိုးလျက်ရှိပြီး၊ စိုက်ပျိုးရာ၌ နိုဝင်ဘာလ (၁၅) ရက် မှစတင်စိုက်ပျိုးကာ ဒီဇင်ဘာလ (၁၅) ရက်အတွင်း စိုက်ပျိုးပြီးစီး၍ ဖေဖော်ဝါရီလမှ မတ်လအတွင်း ရိတ်သိမ်းကြောင်း၊ ကုလားပဲတစ်ဧက ပျမ်းမျှ ၁၅ တင်းမှ တင်း ၂၀ ထွက်ရှိပြီး၊ သက်တမ်းအနေဖြင့် ၉၅ ရက် မှ ရက် ၁၂၀ အတွင်းရှိကြောင်း၊ ကုလားပဲမျိုးများအနေဖြင့် ရေဆင်း- ၃၊ ရေဆင်း- ၄၊ ရေဆင်း-၆၊ ရေဆင်း-၈၊ ရေဆင်း-၁၂ နှင့် ကရာချိမျိုးများကို စိုက်ပျိုးကာ ရေဆင်းမျိုးများကို အများအပြားစိုက်ပျိုးကြကြောင်း သိရသည်။
Sources : ရွှေမန်း (thefarmermedia)