menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မန္တလေးတိုင်းဒေသကြီးရှိသရက်ခြံများတွင် သရက်သီး ခြံပြတ်ဝယ်ဈေးဖြင့် ဝယ်ယူနေ
🍃🥭🍃🥭🍃🥭🍃🥭🍃🥭🍃
✅တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီးများတင်ပို့ရန် နီးကပ်လာပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သရက်ခြံများတွင် သရက်ပွဲစားများက ခြံပြတ်ဈေးဖြင့်ဝယ်ယူနိုင်ရန် ၎င်းတို့၏ ကိုယ်စားလှယ်များ စေလွှတ်၍ ကွင်းဆင်းကြည့် ရှုနေကြပြီဖြစ်ကြောင်း မတ္တရာမြို့နယ်မှ သရက်ခြံပိုင်ရှင် ဦးသန်းလွင်က ပြောသည်။
✅လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ သရက်သီးများသည် ကြက်ဥခန့်အရွယ်များနှင့် အိတ်စွပ်ရမည့်အရွယ်သို့ ရောက်ရှိနေပြီဖြစ်၍ ခြံပြတ်ဈေးဖြင့် ဝယ်ယူမည့် သရက်ပွဲစားများအတွက် အသီးရေတွက်ချက်ခန့်မှန်းရန် သေချာသလောက်ရှိသည်ဟု ဆိုသည်။
✅“ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်ခဲ့ပေမယ့် အထက်ပိုင်းမှာသက်ရောက်မှုနည်းတယ်။ ရွာခဲ့တဲ့ မိုးကလည်း အသီးတွေအတွက် ထိခိုက်တာမရှိတော့ အထွက်နှုန်းမကျနိုင်ဘူး။ တရုတ်လမ်းပိုင်းက သင်္ကြန်ပြီးရင်ဖွင့်မယ်ကြားတော့ ပွဲစားတွေရဲ့ကိုယ်စားလှယ်တွေက သရက်ခြံတွေ လိုက်ကြည့်နေကြပြီ” ဟု ၎င်းကပြောသည်။
✅တရုတ်နိုင်ငံသို့ မြန်မာ့သရက်သီးတင်ပို့မှုသည် ထွက်နှုန်း၏ သုံးပုံနှစ်ပုံခန့်ရှိသောကြောင့် သရက်သီး ဈေးကွက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ် အဓိကတည်မှီနေပြီး သရက်သီးများ နယ်စပ်လမ်းကြောင်းမှတင်ပို့မှုတွင် လမ်းပိုင်းကြန့်ကြာမှုမရှိမှ အပျက်အစီးနည်းပါးပြီး အရည်အသွေးကောင်း သရက်သီးများတင်ပို့နိုင်ကာ ဈေးကောင်းရရှိမည်ဖြစ်ကြောင်းသိရသည်။
✅“လက်ရှိတော့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်က ပိတ်ထားပေမယ့် သင်္ကြန်ပြီးချိန် ဧပြီ (၂၀) ရက်လောက်မှာ ဖွင့်မယ်ကြားတယ်။ မြန်မာ့သရက်သီးက နယ်စပ်လမ်းပိုင်းကနေ တရုတ်ဈေးကွက် အဓိကဖြစ်တော့ ခရီးကဝေးပြီး ကုန်သွယ်ရေးဂိတ်အခြေအနေ၊ လမ်းပိုင်းအခြေအနေတွေအရ စွန့်စားပြီး သွားကြရမှာပါ” ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးနိုင်က ပြောသည်။
✅မန္တလေးတိုင်းဒေသကြီးအတွင်း သရက်ခြံများသို့ ခြံပြတ်ဝယ်ယူရာ၌ ပွဲစားများအနေဖြင့် သရက်သီး တစ်လုံးလျှင် ပျမ်းမျှ ၁၅၀ ကျပ်ဝန်းကျင်နှုန်းထားဖြင့် ခြံတစ်ခြံမှ ထွက်ရှိမည့် အသီးအရေအတွက်အပေါ် ဈေးဖြတ်ဝယ်ယူကြကြောင်း သိရပြီး ဝယ်ယူသူများမှာလည်း လမ်းပန်းအခြေအနေ၊ နယ်စပ်ဂိတ် အခြေအနေတို့ကို ခန့်မှန်းကာ အရှုံး၊ အမြတ်ရာနှုန်းတွက်ချက်ကာ ဈေးတွက်ချက်ပေးကြောင်း သိရသည်။
✅မြန်မာနိုင်ငံအလယ်ပိုင်းမှ သရက်ခြံအများစုတွင် သရက်သီးများမှာ အိတ်စွပ်သည့် အရွယ်သို့ ရောက်ရှိနေပြီး အိတ်စွပ်ပြီး ရက် (၃၀) နှင့် (၄၅) ရက်တွင် ခူးစွတ်၍ ဈေးကွက်တင်နိုင်တော့မည်ဖြစ်ကာ ယခုနှစ်ဈေးကွက်သည် သင်္ကြန်ပြီးကာလ ဧပြီနောက်ဆုံးပတ်တွင် တရုတ်ဈေးကွက်၏ သရက်သီး အဖွင့်ဈေးကို သိရှိရမည်ဟုဆိုသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)