menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“မတ်ပဲ၏ လက်ရှိအခြေအနေ နှင့် အလားအလာ”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
🔹မြန်မာနိုင်ငံကနေ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက ပဲဝယ်ယူတင်သွင်းကြ ပါတယ်။ ဒီအထဲမှာမှ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကတော့ နယ်နိမိတ်ချင်းထိစပ်နေတာရော လူဦးရေများပြားပြီး စားသုံးမှုများတာကြောင့်ရော မြန်မာနိုင်ငံကနေ ပဲမျိုးစုံဝယ်ယူတင်သွင်း မှုများပြားပါတယ်။
🔹မြန်မာနိုင်ငံမှာစိုက်ပျိုးမှုအများဆုံးပဲအမျိုးအစားတွေထဲမှာမတ်ပဲပါဝင်ပါတယ်။ နည်းပညာမလို၊ အလုပ် မရှုပ်စေပဲ အချိန်တန်ရင် ထွက်နှုန်းတစ်ခုနဲ့ ဝင်ငွေရစေတဲ့သီးနှံဖြစ်ပါတယ်။ မတ်ပဲကိုပြည်တွင်းမှာ စားသုံးတာမရှိသလောက်နည်းပါးပြီး ပြည်ပကိုသာအဓိကတင်ပို့ပါတယ်။ အဓိကတင်သွင်းတဲ့နိုင်ငံ ကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်တွင်းစားသုံးမှုမရှိပဲ အိန္ဒိယကိုအဓိကတင်ပို့ရောင်းချတာ ကြောင့် မတ်ပဲဈေးနှုန်းဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပေါက်ဈေးနဲ့ အိန္ဒိယနိုင်ငံအစိုးရရဲ့ ပဲမျိုးစုံအပေါ် ချမှတ်တဲ့ မူဝါဒများအပေါ်မူတည်နေပါတယ်။ တနည်းအားဖြင့်တော့ ရောင်းသူဈေးကွက်မဟုတ်ပဲ ဝယ်သူဈေးကွက်ဖြစ်ပါတယ်။
🔹အိန္ဒိယသည် ပဲစားသုံးမှုများပြားပြီး ပြည်ပကိုလဲ တဆင့်ပြန်လည်တင်ပို့နေတဲ့အတွက် ပြည်တွင်း ပဲစိုက်ပျိုးမှုနဲ့မလုံလောက်ပါဘူး။ နှစ်စဥ်ဝယ်ယူတင်သွင်းနေရသလို ပဲလိုအပ်ချက်ကလည်းများပါတယ်။ မြန်မာနိုင်ငံတခုတည်းကနေ ဝယ်ယူတင်သွင်းတာမဟုတ်ပဲ ပါကစ္စတန် နဲ့ ဥရောပ၊ အာဖရိက ဘက်က နေပါတင်သွင်းပါတယ်။ ရုရှား ကနေ ပဲရာဇာတင်သွင်းဖို့ကြိုးစားခဲ့ပါသေးတယ်။ ရုရှား-ယူကရိန်း အရေးအခင်းကြောင့် မတင်သွင်းဖြစ်ခဲ့တာပါ။
🔹အိန္ဒိယပြည်သူများသက်တောင့်သက်သာဝယ်ယူစားသုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အစိုးရက မူဝါဒအမျိုးမျိုး ချမှတ်ပြီးဆောင်ရွက်ပါတယ်။ ပြည်ပနိုင်ငံတွေကနေဝယ်ယူရာမှာလည်း မူဝါဒတွေအမျိုးမျိုးပြောင်းလဲ ချမှတ်တာမျိုး ကန့်သတ်တာ ဖွင့်ပေးတာ စသည်ဖြင့် ၎င်းပြည်သူတွေရဲ့ အကျိုးအတွက်လုပ်ဆောင် ပါတယ်။ ဒီကြားထဲမှာ ဝယ်ယူတင်သွင်းမယ့် နိုင်ငံတွေကနေ အထူးသဖြင့်မြန်မာနိုင်ငံကနေ ဈေးသက်သာစွာဝယ်ယူရရှိဖို့အတွက် အိန္ဒိယနိုင်ငံရဲ့စိုက်ပျိုးထွက်ရှိမှုအခြေအနေတွေကို အမှန်အတိုင်း ထုတ်ပြန်တာရှိသလို ထင်ယောင်ထင်မှားဖြစ်စေပြီးထုတ်ပြန်တာမျိုးတွေလည်းရှိပါတယ်။
🔹၂၀၂၁ နှစ်ကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ ဆောင်းသီးနှံစိုက်ဧကတွေတိုးလာကြောင်း၊ ဈေးကွက်ထဲဝင်ရောက် လာကြောင်း၊ အရည်အတွက်ရော အရည်အသွေးရောကောင်းမွန်ကြောင်း အစိုးရဖက်ကထုတ်ပြန်ပေမယ့် ပြည်နယ်တော်တော်များများမှာ မိုးသည်းထန်လို့ စိုက်ပျိုးဧရိယာတွေပျက်စီးရကြောင်း အခြားသတင်းအရင်းမြစ်တွေကနေ သိနေရပါတယ်။
🔹ပဲမျိုးစုံဈေးနှုန်းတော်တော်များများ MSP နှုန်းအောက်မှာသာ အရောင်းအဝယ်ဖြစ်နေတာကြောင့် တောင်သူကအကျိုးအမြတ်ပိုရမယ့် အခြားသီးနှံတွေကို ပိုစိုက်လာနိုင်တဲ့အတွက် တောင်သူကို ပဲပိုစိုက်အောင် MSP နှုန်းတွေမြှင့်ပေးခဲ့ပါတယ်။ MSP နှုန်းမြှင့်ပေးလိုက်တဲ့အခါ မြန်မာမတ်ပဲဟာလည်း ဈေးမြင့်လာခဲ့ပါတယ်။
🔹မတိုင်ခင်က အခြေအနေကတော့ Exporter တွေဟာ ပြည်ပရငွေကို မြန်မာကျပ်ငွေအဖြစ် မဖြစ်မနေလဲလှယ်ရမှာဖြစ်ပြီး Importer အနေကျတော့ ဒေါ်လာလိုသလောက်ဝယ်ယူရရှိဖို့နဲ့ သွင်းကုန်ပါမစ် ကြံ့ကြာမှုရှိတာကြောင့် ပြည်ပတင်ပို့ရမယ့် မတ်ပဲလိုကုန်မျိုးကို တစ်တန်ကို ကျပ် ၁,၅၀၀,၀၀၀ အောက်နဲ့ဈေးကိုထိန်းထားခဲ့ပေမယ့် အိန္ဒိယရဲ့ MSP နှုန်းတိုးမြှင့်မှုကြောင့် မြန်မာမတ်ပဲဈေး တစ်တန်ကို ကျပ် ၁,၅၀၀,၀၀၀ အထက်ဈေးဖွင့်ပြီးဝယ်လာကြရပါတယ်။
🔹အိမ်နီးချင်းနိုင်ငံရဲ့ ပဲလိုအပ်ချက်ကလဲ များပြားနေကြောင်းသိရပြီး ပါကစ္စတန်နိုင်ငံမှာတောင် အိန္ဒိယဖက်ကအဝယ်လိုက်လို့ ပဲဈေးမြင့်လာတာတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံ ပြည်နယ်အချို့မှာလည်း ရာသီဥတုမမှန်တာတွေ ရေရရှိမှုအခက်အခဲတွေနဲ့ အထွက်နှုန်းထိခိုက်တာတွေရှိလာဦးမှာပါ။
🔹ဒါကြောင့် မတ်ပဲဈေးဆက်လက်တက်ဖို့ရှိပါသေးတယ်။ သို့သော် လက်ရှိအခြေအနေအားလုံးက တသမတ်တည်း သုံးသပ်နိုင်လောက်အောင်မဖြစ်နိုင်ပါဘူး။ အမြဲပြောင်းလဲနေပြီးခိုင်မာမှုလဲမရှိပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ နှစ်စဥ်စီးပွားတိုးတက်မှုဆိုင်ရာတွက်ချက်မှုမှာ မြန်မာနိုင်ငံကိုထည့်သွင်းတွက်ချက်ခြင်း မရှိပဲ ဖယ်ချန်ထားရလောက်အောင် မသေချာမရေရာမှုတွေရှိနေပါတယ်။ လက်ရှိ Export/Import ကိစ္စလေးတွေနဲ့ ငွေကြေးလဲလှယ်မှုအပိုင်းကို တနည်းနည်းနဲ့ကျော်လွှားနိုင်ခဲ့ရင်တော့ ပဲဈေးကောင်းမယ့် နှစ်လို့ပြောလို့ရပါတယ်။
🔹သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
10-6-2022