menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲဈေး အတက်ဈေးမှာဆက်ရှိနေ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
🔸ယခုဇွန်လဆန်းပိုင်းမှစတင်ပြီး မတ်ပဲဈေးနှုန်း တစ်တန်လျှင် ၁၅၀,၀၀၀ အထက်သို့ရောက်ရှိခဲ့ပြီး နောက်ရက်များတွင်လည်း ၎င်းဈေးတန်းတွင်ဆက်လက်ရှိနေခဲ့သည်။
🔸ယခင်သီတင်းပတ်အတွင်း ဧရာဝတီတိုင်း၏ မတ်ပဲဈေးနှုန်းများမှာ ဇွန်လ (၈) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၉,၄၀၀၊ (၉) ရက်နေ့တွင် ကျပ် ၄၉,၈၀၀၊ (၁၀) ရက်နေ့တွင် ကျပ် ၅၀,၁၀၀၊ (၁၁) ရက်နေ့တွင် ကျပ် ၅၀,၅၀၀၊ (၁၂) ရက်နေ့တွင် ကျပ် ၅၀,၅၀၀၊ (၁၃) ရက်နေ့တွင် ကျပ် ၅၀,၂၀၀၊ (၁၄) ရက်နေ့တွင် ကျပ် ၅၀,၃၀၀ အသီးသီးဖြစ်ပါသည်။
🔸ယခင်နှစ်ကာလတူတင်သွင်းမှုနှင့်နှိုင်းယှဥ်လျှင် အိန္ဒိယနိုင်ငံမှမတ်ပဲဝယ်ယူတင်သွင်းမှုနည်းသွားပြီး ပြည်တွင်းမှထွက်ရှိသော မတ်ပဲများ၊ ပါကစ္စတန်ဖက်မှဝယ်ယူသောမတ်ပဲများဖြင့် ပဲလိုအပ်ချက်ကို ဖြည့်ဆည်းလျှက်ရှိသည်။ မြန်မာမတ်ပဲဈေးနှုန်းအခြေအနေအရ ဝယ်လိုအားနည်းနေသော်လည်း ၎င်းတို့၏ ပြည်တွင်းမတ်ပဲဈေးကျသွားခြင်းမရှိသဖြင့် မြန်မာပြည်တွင်းမတ်ပဲဈေးနှုန်းသည်လည်း ကျဆင်းသွားခြင်းမရှိပဲ တစ်တန်လျှင် ကျပ် ၁၅၀,၀၀၀ အထက်တွင် ဆက်လက်ရပ်တည်နေသည်။
🔸အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားပြန်ကောင်းလာလျှင် မတ်ပဲဈေးဆက်တက်နိုင်ဖွယ်ရှိပြီး လက်ရှိ မြန်မာမတ်ပဲဈေးနှုန်းသည် မြန်မာငွေကြေးဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်မှု၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုတို့အပေါ်တွင်လည်းမူတည်လျှက်ရှိသည်။
🔸အိန္ဒိယနိုင်ငံ၏မိုးစိုက်ပဲစဥ်းငုံဧရိယာ (၁၁ မှ ၁၅)% ကျဆင်းနေပြီး အချို့ပြည်နယ်များတွင် (၁၅ မှ ၂၀) %ထိ ကျဆင်းသွားသည်။ ပဲစဥ်းငုံဈေးနှုန်းသည် MSP နှုန်း Rs 6300 အောက်ကျဆင်းနေသောကြောင့် တောင်သူများက ဝါနှင့်ပဲပုတ်ကိုပိုမိုစိုက်ပျိုးလာမည်ဖြစ်ပြီး မတ်ပဲစိုက်ဧရိယာမှာမူတိုးလာခြင်းမရှိချေ။ ထို့အပြင် အိန္ဒိယနိုင်ငံ၏ပဲလိုအပ်ချက်များပြားမှုနှင့် ရာသီဥတုအခြေအနေများအရ မတ်ပဲဝယ်လိုအား ပြန်ကောင်းလာနိုင်ပြီး ဈေးနှုန်းအတိုင်းအတာတစ်ခုအထိ ဆက်လက်မြင့်တက်လာနိုင်သေးကြောင်း သိရှိရသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
15-6-2022