menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲဈေး ဆက်လက်ကျဆင်းနေ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
🔘 ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် မတ်ပဲသစ်ပေါ်စရာသီတွင် တစ်တင်းလျှင်ကျပ် ၄၀,၀၀၀ အထက်ရရှိခဲ့သော်လည်း ယခင်သတင်းပတ်ကာလမှစတင်ကာ တဖြည်းဖြည်းဈေးနှုန်းကျဆင်းလာခဲ့ပြီး တစ်တင်းလျှင်ကျပ် ၄၀,၀၀၀ အောက်ထိရောက်ရှိလာသည်။
🔘 တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၁,၀၀၀၊ (၄) ရက်နေ့တွင် ကျပ် ၃၉,၃၀၀၊ (၅) ရက်နေ့တွင် ကျပ် ၃၉,၈၀၀၊ (၆) ရက်နေ့တွင် ကျပ် ၃၉,၀၀၀၊ (၇) ရက်နေ့တွင် ကျပ် ၃၈,၅၀၀၊ (၈) ရက်နေ့တွင် ကျပ် ၃၉,၂၀၀ နှင့်(၉) ရက်နေ့တွင် ကျပ် ၃၈,၃၀၀ အသီးသီးဖြစ်ပါသည်။
🔘 မတ်ပဲလှိုင်လှိုင်ပေါ်သောကာလဖြစ်ပြီး ဈေးကွက်အတွင်းသို့မတ်ပဲများအလုံးအရင်းဖြင့်ဝင်ရောက်လျှက် ရှိသောကြောင့် ဈေးအနည်းငယ်ဆက်လက်ကျဆင်းနေသည်။ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံ တွင်လည်း ပြည်နယ်အချို့တွင် မတ်ပဲအထွက်နှုန်း ၁၂ % နီးပါးလျော့နည်းခဲ့သော်လည်း ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားကျဆင်းခဲ့သောကြောင့် ပြည်တွင်းဈေးနှုန်းကျဆင်းခဲ့ခြင်း၊ မတ်ပဲတင်သွင်းခွင့် ကာလထပ်တိုးခဲ့ခြင်းတို့ကြောင့် မတ်ပဲဈေးကျဆင်းခဲ့သည်။
🔘 အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၁သိန်းခွဲနှင့် ပဲစဥ်းငုံတန်ချိန် ၁ သိန်းနှစ်စဥ်ဝယ်ယူရန် ၅ နှစ်စာ MOU ရေးထိုးခဲ့သော်လည်း ယခုနှစ် မြန်မာမတ်ပဲအထွက်နှုန်း တန်ချိန် ၇ သိန်းဝန်းကျင်နှင့် ပဲစဥ်းငုံအထွက်နှုန်း တန်ချိန် ၂သိန်းခွဲ ရှိမည်ဟု ခန့်မှန်းထားပြီး ပဲတင်သွင်းခွင့်နောက်ဆုံးသတ်မှတ် ကာလ မတ်လ (၃၁) ရက်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ပဲတင်သွင်းခွင့် ပေါ်လစီအပြောင်းအလဲ နှင့် ကိုတာစနစ်မသေချာခြင်းများကြောင့် မြန်မာကုန်သည်များအနေဖြင့် တင်သွင်းခွင့်ကာလမတိုင်မီ အရေအတွက်အမြောက်အများတင်ပို့လိုကြသည်။ ထို့ကြောင့်လည်း မတ်ပဲဈေးနှုန်းကျဆင်းရခြင်း ဖြစ်သည် ဟု AGRI World Mumbai ကခန့်မှန်းထားသည်။
🔘 သို့သော် အိန္ဒိယနိုင်ငံအတွင်း covid -19 ရောဂါကူးစက်မှုအခြေအနေအရ ကန့်သတ်မှုများပြန်လည် ဖြေလျှော့လာပြီ ဖြစ်သဖြင့် လာမည့်သီတင်းပတ်များအတွင်း ပြည်တွင်းပဲဈေးနှုန်းများပြန်တက်လာ နိုင်ကြောင်းခန့်မှန်းထားသည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့်ပဲစဥ်းငုံသင်္ဘောတင် ၄ စီး အစီအစဥ်ရှိကာ ၁ စီး စတင်နေပြီဖြစ်ပြီး ကျန်သင်္ဘောများလည်းမကြာမီ ဆက်လက်တင်မည် ဖြစ်ကြောင်းသိရှိရသည်။
🔘 သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
9-2-2022