menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲဈေး ဆက်လက်မြင့်တက်နေ .....
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
✅ပြည်တွင်းမတ်ပဲဈေးနှုန်းများနေ့စဥ်နှင့်အမျှ အတက်ဘက်သို့ ဦးတည်လျှက်ရှိသည်။ ကမ္ဘာ့ရေနံ ဈေးမြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်လျှက်ရှိပြီး သယ်ယူ ပို့ဆောင်စရိတ်၊ ကုန်ထုတ်လုပ်မှုစရိတ်များမြင့်မားလာသောကြောင့် အခြားကုန်စည်ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လျှက်ရှိရာ ပဲမျိုးစုံဈေးနှုန်းများလည်းအပါအဝင်နေ့စဥ်တက်ဈေးသို့ဦးတည်နေသည်။
✅ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ (၂) ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၄,၇၀၀၊ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကျပ် ၄၄,၅၀၀၊ (၇) ရက်နေ့တွင် ကျပ် ၄၄,၉၀၀၊ (၈) ရက်နေ့တွင် ကျပ် ၄၆,၅၀၀၊ (၉) ရက်နေ့တွင် ကျပ် ၄၆,၃၀၀ နှင့် (၁၀) ရက်နေ့တွင် ကျပ် ၄၆,၀၀၀ အသီးသီးဖြစ်ပါသည်။
✅အိန္ဒိယနိုင်ငံ၏ရူပီးငွေကြေးတန်ဖိုးအနည်းငယ်ကျဆင်းပြီး ဈေးနှုန်းအချို့မြင့်တက်လာသောကြောင့် (၂) ရက်အတွင်း မတ်ပဲဈေးနှုန်းသည် FAQတစ်တန်လျှင် $815 မှ $890 သို့ရောက်ရှိလာသည်။ ပဲခွဲစက်များမှ အဝယ်လိုက်နေခြင်းနှင့် ပဲစားသုံးမှုပိုမိုများပြားလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်တွင် လည်း ပဲမျိုးစုံဈေးနှုန်းများအထိုက်အလျောက်မြင့်တက်လျှက်ရှိသည်။
✅အိန္ဒိယနိုင်ငံအနေဖြင့်လည်း ယူကရိန်းအရေးကိုသတိထားစောင့်ကြည့်လျှက်ရှိပြီး သီးနှံဈေးကွက်နှင့် ပဲမျိုးစုံတင်သွင်းမှုအပေါ်ဖြစ်ပေါ်လာမည့်အကျိုးသက်ရောက်မှုအတွက် ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်လျှက်ရှိသည်။ လက်ရှိမြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာခြင်းများကြောင့် မတ်ပဲဈေးဆက်တက်နေဦးမည်ဟု သုံးသပ်ရပါသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယသည် ရုရှားမှပဲဝယ်ယူတင်သွင်းရန် စတင်လုပ်ဆောင်ချက်ခြင်းများ ရှိခဲ့ပြီး ယခုလက်ရှိတွင် ရုရှားမှပဲတင်သွင်းရန်မဖြစ်နိုင်တော့သည့်အခါ ၎င်း၏ပဲလိုအပ်ချက်ကို ယခင်တင်သွင်းနေကျနိုင်ငံများထံမှသာဆက်လက်ဝယ်ယူရမည့်အခြေအနေဖြစ်သည်။
✅သို့သော် အိန္ဒိယသည် ပဲဝယ်ယူတင်သွင်းရာတွင် လိမ္မာပါးနပ်စွာ ဆောင်ရွက်လျှက်ရှိပြီး မြန်မာမတ်ပဲ တင်သွင်းခွင့်ကို ယခုနှစ်မတ်လကုန်အထိသာခွင့်ပြုထားသောကြောင့် တင်သွင်းခွင့်ကာလအပြီးတွင် မြန်မာမတ်ပဲဈေးနှုန်းအနည်းငယ်ပြန်အေးလာနိုင်ကြောင်းလည်း ပဲရောင်းဝယ်တင်ပို့သူကုန်သည်များက သုံးသပ်ထားပါသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
10-3-2022