menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲဈေး ဆက်လက်တက်လာနေ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
⏯မတ်ပဲအများဆုံးစိုက်ပျိုးထွက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများ ဆက်လက် တက်လာနေပြီး အရောင်းအဝယ်သွက်လျှက်ရှိသည်။
⏯ပြီးခဲ့သည့်သီတင်းပတ်ကာလအတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ (၁၃) ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၄၆,၄၀၀၊ (၁၄) ရက်နေ့တွင် ကျပ် ၄၅,၇၀၀၊ (၁၅) ရက်နေ့တွင် ကျပ် ၄၆,၀၀၀၊ (၁၆) ရက်နေ့တွင်ကျပ် ၄၅,၈၀၀၊ (၁၇) ရက်နေ့တွင်ကျပ် ၄၆,၅၀၀၊ (၁၈) ရက်နေ့တွင်ကျပ် ၄၆,၇၀၀၊ (၁၉) ရက်နေ့တွင် ကျပ် ၄၇,၀၀၀၊ (၂၀)ရက်နေ့တွင် ကျပ် ၄၇,၂၀၀၊ (၂၁) ရက်နေ့တွင် ကျပ် ၄၇,၁၀၀၊ (၂၂) ရက်နေ့တွင် ကျပ် ၄၇,၈၀၀ နှင့် ၂၃ ရက်နေ့တွင် ကျပ် ၄၈,၃၀၀ အသီးသီးဖြစ်ပါသည်။
⏯အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆိပ်ကမ်းသို့ မြန်မာမတ်ပဲနှင့်ပဲစဥ်းငုံတင်ဆောင်လာသော သင်္ဘောနှစ်စီးဆိုက်ကပ်ခဲ့ပြီး တန်ချိန် ၂၀,၀၀၀ နီးပါးပါဝင်သည်။ သင်္ဘောတစ်စီးမှာ မတ်လ (၁၇) ရက်နေ့တွင် မြန်မာဆိပ်ကမ်း သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံပြည်တွင်းမတ်ပဲဈေးနှုန်းသည်လည်း (၂) ရက် အတွင်း တစ်ကွမ်တယ်လျှင် ၂၅ ရူပီးခန့် ဈေးအနည်းငယ်မြင့်တက်ခဲ့သည်။
⏯လက်ရှိတွင် မြန်မာမတ်ပဲ ပြည်ပတင်ပို့မှုအနည်းငယ်နှေးကွေးသွားသည်ဟု သုံးသပ်ကြောင်း ၊ ထို့သို့ ဖြစ်ရခြင်းမှာ အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲတင်သွင်းခွင့်ကာလသတ်မှတ်ချက် နောက်ဆုံးရက်ဖြစ်သော မတ်လ (၃၁) ရက်နေ့ထက် တင်သွင်းခွင့်ကာလထပ်တိုးပေးလိမ့်မည်ဟု မျှော်လင့်ထားကြသောကြောင့် ဖြစ်ကြောင်း Agri World Mumbai ကဖော်ပြထားသည်။
⏯ယခုနှစ်မြန်မာမတ်ပဲထွက်ရှိမှုသည် ယခင်နှစ်များထက်ပိုမိုနိုင်ပြီး တန်ချိန် (၈)သိန်း နီးပါးတင်ပို့ရန် ရှိကြောင်း ခန့်မှန်းထားကာ အကယ်၍ မတ်ပဲတင်သွင်းခွင့်ကာလ ထပ်တိုးရရှိခဲ့လျှင် ယခုဈေးထက် ပိုမိုဈေးကောင်းလာနိုင်ကြောင်းသုံးသပ်ပါသည်။ သို့သော် မြန်မာမတ်ပဲကို အိန္ဒိယနိုင်ငံသို့သာ အဓိကတင်ပို့နေရသောကြောင့် ၎င်းတို့၏ ပြည်တွင်းပဲဈေးနှုန်းထိန်းညှိမှုသည် မြန်မာမတ်ပဲဈေးနှုန်းနှင့် တင်ပို့မှုအပေါ် အကျိုးသက်ရောက်မှုအမြဲရှိနေကြောင်း သတိပြုရန်လိုအပ်ပါသည်။
⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
23-3-2022