menu

မတ်ပဲဈေးကွက် လက်ရှိအခြေအနေ


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

✔️ဧရာဝတီတိုင်းဒေသကြီး မတ်ပဲဈေးနှုန်းသည်အောက်တိုဘာလအတွင်းမှာပင် တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ ဝန်းကျင်တွင် အတက်အကျဖြစ်ပေါ်လျက်ရှိပြီး အောက်တိုဘာလကုန် နှင့် ယခုနိုဝင်ဘာ လဆန်းရက်များတွင် ကျပ် ၆၀,၀၀၀ အောက်သို့ရောက်ရှိကာ ဈေးအကျဘက်တွင်သာရှိနေကြောင်း သိရှိရသည်။

✔️ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာလ (၂၅) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၅၉,၈၀၀၊ (၂၆)ရက်နေ့တွင် ကျပ် ၅၈,၈၀၀၊ (၂၇)ရက်နေ့တွင် ကျပ် ၅၈,၃၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၅၇,၇၀၀၊ (၂၉) ရက်နေ့တွင် ကျပ် ၅၈,၃၀၀၊ (၃၀) ရက်နေ့တွင် ကျပ် ၅၈,၀၀၀၊ (၃၁) ရက်နေ့တွင် ကျပ် ၅၇,၃၀၀၊ နိုဝင်ဘာ(၁) ရက်နေ့တွင် ကျပ် ၅၆,၅၀၀၊ (၂) ရက်နေ့တွင် ကျပ် ၅၈,၂၀၀ အသီးသီးဖြစ်ပါသည်။

✔️မတ်ပဲသည် ပြည်တွင်းစားသုံးမှုလွန်စွာနည်းပါးပြီး ပြည်ပတင်ပို့မှုကိုသာ အဓိကအားထားရသည့် သီးနှံဖြစ်ပြီး လက်ရှိတွင် ပြည်ပတင်ပို့မှု အရောင်းအဝယ်အေးနေပြီး အဓိကဝယ်လက်နိုင်ငံတွင်လည်း ပြည်တွင်းစိုက်မတ်ပဲများဈေးကွက်အတွင်းအဆက်မပြတ်ဝင်ရောက်နေခြင်းကြောင့်မြန်မာမတ်ပဲဈေးကျလျက်ရှိကာ အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

2-11-2022