menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲကို ပဲမျိုးစုံ သိုလှောင်သူများက ဝယ်ယူမှု များလာသဖြင့် ဈေးနှုန်းများ မြင့်တက်လာ
မန္တလေး ပဲမျိုးစုံ ဈေးကွက်အတွင်း၌ မတ်ပဲ၊ နှမ်းတို့မှာ အရောင်အဝယ်ကောင်းနေပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ သို့သော် အခြား ပဲမျိုးစုံမှာ ပုံမှန်အရောင်း အဝယ်ဖြစ်ကာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
မတ်ပဲ
အိန္ဒိယနိုင်ငံတွင် မိုးကြီးမှုကြောင့် မိုးမတ်ပဲစိုက်ခင်းများ ပျက်စီးခဲ့သည်ဆိုသည့်သတင်းကြောင့် ပြည်တွင်းရှိ သိုလှောင်သူများကသိသိသာသာဝယ်ယူမှုပြုလုပ် လာသဖြင့် စက်တင်ဘာ ၂၇ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၁ဝဝဝ ရှိရာမှ အောက်တိုဘာ ၄ ရက်တွင် ကျပ်၈၂ဝဝဝ အထိ ဈေးတိုးမြှင့် ဝယ်ယူလာသည်။ “အိန္ဒိယမှာဖြစ်သွားတဲ့ အခြေအနေကြောင့် ဈေးကွက်ထဲမှာ လှောင်သမားတွေက ဈေးကောင်းနိုင်မယ်ဆိုပြီး ဝယ်ယူစုဆောင်းလာကြတယ်။ ဒါကြောင့် မတ်ပဲ ထိပ်စတွေ ဒီရက်ပိုင်းအတွင်း တော်တော်လေး အရောင်းအဝယ်ဖြစ်နေတယ်။ ဈေးက အနည်းငယ်ထပ်တက်နိုင်မယ့် အခြေအနေမှာ ရှိတယ်” ဟု ကုန်သည် ဦးစိုးနိုင်က ပြောသည်။
ပဲစင်းငုံ
ရန်ကုန်ဝယ်လက်များ ဝယ်ယူမှု နည်းပါးသွားခြင်းကြောင့် အရောင်းအဝယ်အေးနေသည်။ သို့သော် ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)သစ်ထိပ်စ ကျပ်၈၂ဝဝဝ မှ ကျပ် ၈၅ဝဝဝ ဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်။ ထို့ကြောင့် ပဲစင်းငုံသည် ဈေးနှုန်းအတက်၊ အကျမှာ စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
ကုလားပဲ
ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများတွင် အသုံးပြုရန်အရေအတွက် အနည်းငယ်သာ ဝယ်ယူမှုရှိနေသော်လည်း ဈေးကွက်အတွင်း ကုန်ပစ္စည်း မပေါသဖြင့် ဈေးနှုန်းကျဆင်းသွားခြင်း မရှိပေ။ ထို့ကြောင့်သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ(ထိုင်ဝမ်) ကျပ် ၇၉ဝဝဝ ၊ ကုလားပဲ(ဗွီတူး) ကျပ် ၇၉ဝဝဝ ၊ ကုလားပဲ (နိုင်းတူးနိုင်း) ကျပ် ၇၇ဝဝဝ ရှိနေသည်။
နှမ်း
ပြည်တွင်း၌ နှမ်းရောင်စုံ လှိုင်လှိုင်ထွက်ရှိနေသလို တရုတ်က ဆက်တိုက်ဝယ်ယူနေသဖြင့် နှမ်းနက်(စမုန်)၊ နှမ်းနက် ရိုးရိုးတို့မှာ ဈေးနှုန်းအနည်းငယ် မြင့်တက်ကာအရောင်းအဝယ်ဖြစ်နေသည်။ ထို့ကြောင့် စက်တင်ဘာ ၂၇ ရက်က သုံးတင်းဝင်တစ်အိတ်လျှင် နှမ်းနက်(စမုန်) ကျပ် ၂၅၅ဝဝဝ ရှိရာမှ အောက်တိုဘာ ၄ ရက်တွင် ကျပ် ၂၅၆ဝဝဝ ၊ နှမ်းနက်(ရိုးရိုး) ကျပ် ၂၁၅ဝဝဝမှ ကျပ် ၂၂၅ဝဝဝ သို့ အနည်းငယ်မြင့်တက်လာသည်။ “နှမ်းဈေးကွက်က ခန့်မှန်းရခက်တယ်။ အတက်အကျကလည်း ကြမ်းတယ်။ အခုအနေအထားကတော့ အသစ်ထွက်လာပေမယ့် ဈေးနှုန်းကျမယ့် အနေအထားမှာ မရှိသေးဘူး။ ဒီဈေးနှုန်းက တောင်သူတွေလည်းကိုက်တဲ့ဈေးနှုန်း ဖြစ်တဲ့အတွက် သိသိသာသာကြီး ထပ်တက်မယ်လို့တော့မထင်ဘူး”ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက သုံးသပ်သည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
အတွဲ ၂၅၊ အမှတ် (၃၇၃)၊ အောက်တိုဘာ ၇ - ၁၃၊ ၂၀၁၉ ခုနှစ်