menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲနှင့် ပဲစင်းငုံ ဈေးဆက်လက်မြင့်တက်နိုင် …..
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
↗ ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံသည် ယခုရက်များအတွင်း ဈေးမြင့်တက်လာခဲ့ပြီး အရောင်းအဝယ်သွက်လာရာ ဆက်လက်ဈေးမြင့်တက်လာနိုင်ကြောင်း ပဲ နှင့် နှမ်းကုန်သည်များထံက သိရသည်။
↗ အသစ်ဝင်ရောက်လာသည့်ပဲစင်းငုံများ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လာနေပြီး တစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်ကျပ် ၁၁,၀၀၀ ကျော်ဈေးမြင့်တက်လာပြီး အလားတူ မတ်ပဲဈေးမှာလည်း သုံးတင်းဝင် တစ်အိတ် ကျပ် ၁၂၃,၀၀၀ ကျော် ဖြစ်လာရာ တစ်တင်းလျှင် ကျပ် ၄၀,၀၀၀ဈေး အထက်ဖြစ်လာသည်။ ထို့ပြင် ပဲတီစိမ်းမှာ ခရမ်း-သုံးခွ ပဲများ အသစ်မဝင်ရောက် သေးသော်လည်း လမ်းပဲများ စတင်ဝင်ရောက်နေပြီး ပဲသစ်များအနေဖြင့် မြေထောက်ပဲ၊ ပဲလွန်းဖြူ၊ စွန်တာပြာပဲများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။
↗ နှမ်းနက်မှာ တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ ၁၆၀,၀၀၀၊ ၁၇၀,၀၀၀ ဝန်းကျင်ဖြင့် အလတ်စများသာ အရောင်းအဝယ်ဖြစ်နေပြီး ပို့ကုန်လမ်းကြောင်းများကောင်းမွန်လာပါက ပဲဈေးကွက် အဝယ်ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။
↗ "နှမ်းနက်ထိပ်စ အရည်အသွေးကောင်း ကို ပိုမိုဝယ်ယူလိုကြပေမယ့် အဝင်နည်းလာတယ်။ နှမ်းအရည်အသွးအလိုက် ကျပ် ၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ ကြားရှိ အလတ်စနှမ်းတွေ အရောင်းအဝယ်သွက်နေတာပါ။ အသစ်ဝင်လာတဲ့ ပဲစင်းငုံဈေးက သုံးတင်းတစ်အိတ်ကို ကျပ် ၁၁၆,၀၀၀ ပေါက်ဈေးရှိလာတယ်။ ဈေးကွက်အတွင်း ဝင်သလောက် အဝယ်ရှိနေပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ကျပ် ၄၀,၀၀၀ ဈေးအထက် မြင့်တက်လာပြီး အဝင်ကောင်းနေပါတယ်။ အခြားပြည်တွင်းသုံး ကုလားပဲ အုပ်စုဈေးကတော့ ပြန်အေးသွားပါတယ်" ဟု ၎င်းက ပြောသည်။
မတ်ပဲ၊ ပဲစင်းငုံ
------------
ဇန်နဝါရီလ ၆ ရက်တွင် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာသည့် အရေအတွက် များလာသောကြောင့် အရောင်းအဝယ်ကောင်းလာကာ ယခင် သီတင်းပတ်ထက် အသီးသီး ဈေးမြင့်တက်လာသည်။ ယခုသီတင်းပတ်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၂၂,၀၀၀- ၁၂၃,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲစင်းငုံမှာ ပိဿာ ၆၀ ဝင် တစ်အိတ်ကျပ် ၁၁၆,၀၀၀ ပေါက်ဈေးရှိနေသည်။ ပဲသစ်များ ဈေးကွက်အတွင်း ဝင်ရောက်မှုများလာခြင်းကြောင့် မန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင် ပိုမို စည်ကားလာသည်။ ယခုနှစ် ပဲအသစ်ဈေးကွက်မှာ ယခင်နှစ်ပေါက်ဈေးများထက် ပိုမို ကောင်းမွန်နေသော်လည်း တောင်သူများအနေ ဖြင့် စိုက်ပျိုးစရိတ်ပိုမိုကုန်ကျထားမှုများလည်းရှိနေသည်။
နှမ်းနက်
------
ဇန်နဝါရီလဆန်းပိုင်းတွင် အသစ်ဝင်ရောက်မှု နည်းလာသည့် နှမ်းနက်ထိပ်စများမှာ ဈေးကျဆင်းနေပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၁၈၅,၀၀၀ ပေါက်ဈေးရှိကာ နှမ်းနက်အလတ်စမှာ ကျပ် ၁၄၀,၀၀၀ မှ ၁၆၀,၀၀၀ ကြားတန်ဖိုးရှိကုန်များသာ ဈေးကွက်အတွင်း ရောင်းလိုအားများနေသည်။ ဇန်နဝါရီ ၆ ရက်တွင် နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၄၂,၀၀၀၊ နှမ်းနက် တစ်အိတ် ကျပ် ၁၄၀,၀၀၀- ၁၈၅,၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။
↗ ပဲသစ်ရာသီမှာ ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲမှာ ဈေးကွက်အတွင်း ပမာဏများများ ဝင်ရောက်လာခြင်းနှင့်အတူ ပဲ၊ နှမ်း ဈေးကွက် စတင်လှုပ် ရှားလာသည့် သီတင်းပတ်ဖြစ်သော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။
↗ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)