menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ မြင့်တက်လာပြီး အရောင်းအဝယ် အသွက်ဆုံးဖြစ်နေ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
◾အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံ၏ လက်ရှိပဲဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာပြီး ပေါက်ဈေးရှိသည့်အတိုင်း အရောင်းအဝယ် အသွက်ဆုံး ဖြစ်နေကြောင်း မန္တလေး ပဲကုန်သည်များထံမှသိရသည်။
◾မေ ၂၄ရက်က ပဲစင်းငုံသုံးတင်းဝင်တစ်အိတ် ကျပ် ၉၂,၀၀၀ ရှိရာမှ ဇွန်လ ၁ ရက်တွင် ကျပ် ၉၇,၀၀၀ ဖြစ်လာပြီး တစ်အိတ် ကျပ် ၅,၀၀၀ ဈေးမြင့်လာသည်။ အလားတူ မတ်ပဲမှာလည်း မေလ ၂၄ ရက်က သုံးတင်းဝင်တစ်အိတ် ကျပ် ၁၀၀,၀၀၀ မှ ဇွန်လ ၁ ရက်တွင် ကျပ် ၁၀၃,၀၀၀ သို့ ဈေးမြင့်တက်ခဲ့သည်။ "ဒီပဲနှစ်မျိုးက ဈေးတက်တက် ၊ ဈေးကျကျ ပေါက်ဈေးရှိတဲ့အတိုင်း ရောင်းလိုအားရှိသလောက် အဝယ်သွက်နေတယ်" ဟု ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် က ပြောသည်။
◾အခြားပဲအမျိုးအစားဖြစ်သည့် ပဲတီစိမ်းမှာမူ တရုတ်နိုင်ငံမှ ဝယ်ယူသောဈေးမှာ ပိုမိုကောင်းမွန်သော ကြောင့် အိန္ဒိယသို့ များစွာတင်ပို့မှုမရှိပေ။ သို့သော် လက်ရှိအနေအထားတွင် နယ်စပ်ဂိတ်များ အဝင်အထွက်အခက်အခဲကြောင့် အရောင်းအဝယ် အေးသွားပြီး ယခင်သီတင်းပတ်ဈေးမှ တစ်အိတ်လျှင် ကျပ် ၂,၀၀၀ ခန့် ဈေးကျသွားသည်။ ဇွန် ၁ ရက် ပေါက်ဈေး သုံးတင်းဝင် တစ်အိတ် ကျပ် ၁၁၅,၀၀၀-၁၁၆,၀၀၀ ပေါက်ဈေးရှိနေသည်။ ထိုနယ်စပ်ဂိတ်အကျပ် အတည်းသည် အခြားအမယ်များ ဖြစ်သည့် မြေပဲ နှင့် နှမ်းတို့ကိုပါ ဈေးကွက်ကျဆင်းသွားစေခဲ့ကြောင်းသိရသည်။
◾"တရုတ်နယ်စပ်ဂိတ်အဝင်အထွက် တစ်ခေါက်ကို တစ်လလောက်ကြာတော့ ပုံမှန်အဝယ်ထက် ကျဆင်းလာတယ်။ ကုန်ကားခ စရိတ်တွေပိုလာတော့ တရုတ်ပို့ကုန် ပဲတီစိမ်း၊ နှမ်း ၊ မြေပဲဈေးတွေက အကုန်ဆွဲချသွားတယ်။ နယ်စပ်ဂိတ်ပြဿနာအဆင်ပြေမှ၊ချောမွေ့မှ ဈေးပြန်ကောင်းလာနိုင်မယ်" ဟု ဦးကျော်သွင်က ပြောသည်။
◾၂၀၁၇ ခုနှစ်မှ စတင်ကာ မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံက ကန့်သတ်တင်သွင်းကုန်စည် အဖြစ်သတ်မှတ်၍ နှစ်စဉ်ခွဲတမ်းပမာဏဖြင့်သာ တင်သွင်းခွင့်ပြုခဲ့သဖြင့် မြန်မာနိုင်ငံရှိ ပဲစိုက်တောင်သူ များအတွက် ဈေးကွက်အခွင့်အလမ်းနည်းပါးခဲ့ရသည်။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး နှင့် စက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်မေလအတွင်း ထုတ်ပြန်ချက်အရ အဆိုပါ ကန့်သတ်တင်သွင်းကုန်စည် များအား လွတ်လပ်စွာတင်သွင်းခွင့်ပြုသည့်ကုန်စည်များအဖြစ်သို့ ယခုနှစ် အောက်တိုဘာလ(၃၁)ရက် အထိ ဖြေလျော့လိုက်ခြင်းဖြစ်သည်။
◾အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ရာသီဥတုကြောင့် ပဲလိုအပ်ချက် မြင့်တက်လာပြီး ပဲတင်သွင်းမှု ကန့်သတ်ချက်ကို ဆက်လက် ထိန်းမထားနိုင်တော့ဘဲ အခုကဲ့သို့ တင်သွင်းခွင့်ပြုခြင်း ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေအရ ယခင်နှစ်ကာလတူထက် ပဲစင်းငုံ၊ မတ်ပဲတို့ကို ပိုမိုတင်ပို့ထားနိုင်ကြောင်း နှင့် ဆက်လက်တင်ပို့နိုင်မည့် အခြေအနေများရှိကြောင်း၊ ပို့ကုန်ပဲများကို အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ဖက်နိုင်ငံများသို့ G to G စာချုပ်ဆိုနိုင်အောင် ဆောင်ရွက်နေခြင်း ကြောင့် မြန်မာတောင်သူများအနေဖြင့် ပဲစိုက်ပျိုးမှ ဈေးကွက်ခိုင်မာစွာ ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ပြောသည်။
◾“အိန္ဒိပို့ကုန်တွေက တောင်သူလက်ဝယ်မရှိတော့ဘူးဆိုပေမယ့် ဒီသတင်းက အစောကြီးကတည်းက ထွက်နေပြီး သားပါ။ မတ်ပဲက ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်တယ်။ လက်ရှိကာလတူမှာလည်း ပိုမိုတင်ပို့ထားပါတယ်။ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့်ရယ် ၊ရာသီဥတုကြောင့်ရယ် ပဲတင်သွင်းမှုကို မကန့်သတ်နိုင်တော့တဲ့ အနေအထားကို တွေ့ရပါတယ်။ ပဲစင်းငုံကတော့ အခြားနိုင်ငံတစ်ခုနဲ့ G to G စာချုပ်ထားတာရှိတယ်။ တန်ချိန် နှစ်သိန်းလောက် ဝယ်ဖို့ရှိတော့ များများစားစား ဝယ်စရာမရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း ပဲစင်းငုံ များများစားစား စိုက်ထားတာ မရှိတော့ လက်ရှိကာလတူမှာ ပိုမို တင်ပို့နေရတယ်။ ဆက်ပြီးတော့လည်းတင်နေရမယ့်အခြေအနေနဲ့ ဈေးကောင်းရနိုင်တယ်။
◾“ပဲတီစိမ်းကတော့ တရုတ်ကို ပိုမိုတင်ပို့နေတဲ့ အနေအထားရှိနေတာရယ် ၊ ဥရောပနိုင်ငံတွေ နဲ့လည်း အရောင်း စာချူပ်တွေ ချူပ်ဆိုပြီးသား ဆက်လက်ဝယ်ယူမယ့်အနေအထားရှိနေတော့ ပဲတီစိမ်းက နဂိုကတည်းက အလားအလာကောင်းနေတာကနေ လက်ရှိ အိန္ဒိယက တင်သွင်းခွင့်ပါ ဖွင့်လိုက်တော့ ပဲတီစိမ်းအောက်စတွေပါ ဈေးလိုက်ကောင်းနေတယ်” ဟု ၎င်းကပြောသည်။
Sources : The Farmer Media