menu

မတ်ပဲစျေးကွက် အခြေအနေ .....


🌿🍀🌿🍀🌿🍀🌿🍀🌿🍀🌿

◾️ယခင်သီတင်းပတ်ကာလအတွင်း မတ်ပဲစျေးနှုန်းများကျဆင်းခဲ့ပြီး တစ်တင်းလျှင် ကျပ် ၄၇,၀၀၀ ဖြစ်ခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အနည်းငယ်တက်ရိပ်ပြပြီး တစ်တင်းလျှင် ကျပ် ၅၁,၅၀၀ ဖြစ်ခဲ့ပါသည်။ ၁၅ ရက်နေ့တွင် ကျပ် ၅၀,၀၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၄၉,၇၀၀၊ ၁၇ ရက်နေ့တွင် ကျပ် ၄၉,၅၀၀၊ ၁၈ ရက်နေ့တွင် ကျပ် ၄၉,၃၀၀၊ ၁၉ ရက့်နေ့တွင် ကျပ် ၅၀,၅၀၀၊ ၂၂ ရက်နေ့တွင် ကျပ် ၄၉,၅၀၀၊ ၂၃ ရက်နေ့တွင် ကျပ် ၄၆,၅၀၀ အသီးသီးဖြစ်ပါသည်။

◾️လက်ရှိ FOB ပေါက်စျေးသည် $790-810 ဖြစ်သဖြင့် ယခင်သီတင်းပတ်ကာလကထက် အနည်းငယ်ထပ်မံကျဆင်းခဲ့ပြီး ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းမှာ ယခင်သီတင်းပတ်ကာလနှင့် ကွာခြားချက်နည်းပါးပါသည်။

◾️ယခုရက်ပိုင်း အိန္ဒိယနိုင်ငံတွင် မိုးစိုက်မတ်ပဲအသစ်များ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိပြီး အစိုးရကလည်း မတ်ပဲလက်ကျန်ဟောင်းများကို ထုတ်ရောင်းလာနေသည်။ မြန်မာမတ်ပဲများလည်း ဆက်တိုက်အဝင်ရှိနေသဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲစျေးနှုန်း အနည်းငယ်ကျဆင်းလျှက်ရှိသည်။

◾️မိုးစိုက်မတ်ပဲအသစ်များ စျေးကွက်ဝင်လာနေသော်လည်း အရည်အသွေးမမှီခြင်း ၊ ထွက်နှုန်းကျဆင်းခြင်း များဖြစ်ပေါ်လျှက်ရှိကာ၊ ပဲခွဲစက်များကလည်းအရည်အသွေးကောင်းမတ်ပဲများကိုသာဝယ်ယူလို ကြသည်။ မြန်မာဆိပ်ကမ်းတွင် သင်္ဘော ၄ စီး မတ်ပဲတင်ရန်ရှိနေပြီး မြန်မာမတ်ပဲလက်ကျန်နည်းပါး နေခြင်း၊ တင်သွင်းခွင့်ကာလ ထပ်မံတိုးမြှင့်ထားခြင်းတို့ကြောင့် မတ်ပဲစျေးအလားအလာ အလွန်အမင်း ကျဆင်းသွားဖွယ်မရှိကြောင်း ခန့်မှန်းရပါသည်။

◾️မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

23-10-2021