menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ခရမ်းချဉ်သီးကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် အားနည်းနေ
🍅🍅🍅🍅🍅🍅🍅🍅🍅🍅
➡️ခရမ်းချဉ်သီးကို တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ရန် တောင်သူများအား သင်တန်းပေးမှုများဆောင်ရွက် ထားသော်လည်း အသီးစျေးကွက်မတည်ငြိမ်မှုများကြောင့် အကောင်အထည်ဖော်နိုင်မှု အားနည်းလျက် ရှိနေကြောင်း သိရသည်။အဓိကအားဖြင့် ခရမ်းချဉ်သီးစျေးနှုန်းမတည်ငြိမ်မှုသည် သင်တန်းတက်ရောက် ထားသည့်တောင်သူများ အတွက် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် အခက်အခဲများဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားနှင့်အလတ်စားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကော်မတီဝင် ဦးကျော်စိုးနိုင်က ပြောသည်။
➡️ခရမ်းချဉ်သီးပေါ်ချိန်တွင် အသီးဈေး တစ်ပိဿာ ကျပ် ၁၀၀ ဝန်းကျင်သာရှိပြီး တစ်ချို့သော အချိန်များ တွင် ကျပ် ၁,၀၀၀ အထိရှိတတ်ရာ အဆိုပါအခြေအနေသည် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ရန် အဟန့် အတားဖြစ်လျက်ရှိကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရမ်းချဉ်သီးစိုက်တောင်သူ များအား ခရမ်းချဉ်ယို၊ ခရမ်းချဉ်ဆော့ ပြုလုပ်နည်းများအား အသေးစား နှင့် အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သင်တန်းများပေးခဲ့ပြီး ဖြစ်သည်။
➡️“ခရမ်းချဉ်သီးကို ဆော့လုပ်တာများတယ်။ ဆော့လုပ်တယ်ဆိုတာက ခရမ်းချဉ်သီးစျေး မကောင်းချိန်မှာ လုပ်ကြတာများတယ်။ ခရမ်းချဉ်သီးကလည်း တောင်သူက စျေးကောင်းချိန်မှစိုက်တာပါ။ စျေးမကောင်းရင်မစိုက်ဖြစ်တော့ဘူး။ သင်တန်းကသင်ပေးလို့ လုပ်တတ်ပေမယ့် ခရမ်းချဉ်သီး အလုံးလိုက်ရောင်းတာက ပိုအဆင်ပြေတယ်။ တန်ဖိုးမြင့်ထုတ်ကုန်လုပ်ချင်ပေမယ့် ပြည်တွင်းမှာက ဆော့စားသုံးမှုက နည်းပါတယ်။
➡️"နောက်တစ်ခု အခက်အခဲက ဆော့လုပ်တဲ့ခရမ်းချဉ်မျိုးမဟုတ်ဘူး။လက်ရှိပြည်တွင်းခရမ်းချဉ်သီးကတွေ အမျိုးမျိုးဖြစ်နေတော့ ဆော့လုပ်တဲ့နေရာမှာ အရည်အသွေးမတူတာ ဖြစ်နေတယ်။ခရမ်းချဉ်သီးကို အနှစ်လုပ်ပြီး ဟင်းအနှစ်လုပ်တာလဲ တစ်နိုင်တစ်ပိုင် လုပ်ကြည့်တယ်။ မြန်မာယဉ်ကျေးမှုမှာက ခရမ်းချဉ်ကိုဘဲလတ်လတ်ဆတ်ဆတ် သုံးတာများတယ်။ ဟင်းအနှစ်အဖြစ်လုပ်ပြီးရောင်းဖို့စျေးကွက် မရှိသေးဘူး”ဟု ခရမ်းချဉ်သီးတန်ဖိုးမြင့်ထုတ်ကုန်သင်တန်း တက်ရောက်ခဲ့သူ ဒေါ်ခင်မြင့်မြင့်သန်းက ပြောသည်။
➡️ခရမ်းချဉ်ဆော့ပြုလုပ်ရန် ခရမ်းချဉ်သီးကို ရောင်းတန်းမဝင်သည့်ပယ်သီးများကို ပြုလုပ်နိုင်သော်လည်း တောင်သူများဘက်မှ စိတ်ဝင်စားမှုလျော့နည်း နေသေးကြောင်းသိရသည်။ အဓိကအားဖြင့် စျေးကွက် ထိုးဖောက်နိုင်ရေးအခက်အခဲများဖြစ်ပြီး၊ သီးနှံတန်ဖိုးမြင့် ပစ္စည်းများပေါများလာစေရန်အတွက်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ ခရမ်းချဉ် စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)