menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်း နှင့် ပဲမျိုးစုံအပါအဝင် ပဲမာလိုင်းများဈေးမြင့်တက်လာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
🔸 ပို့ကုန်ပဲများ ပြည်ပတင်ပို့မှုကောင်းနေတာကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများ ဝယ်လိုအားကောင်းပြီး အမြင့်ဈေးဖြစ်လာသလို ပြည်တွင်းသုံးပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။
🔸 ပြည်ပသင်္ဘောတင်ပို့မှုနှင့် ဒေါ်လာငွေဈေးအပြောင်းအလဲကို စောင့်ကြည့်ဝယ်ယူနေသည့် ပို့ကုန် သမားများနှင့် ပြည်တွင်းလှောင်လက်သမားများ မတ်လဆန်းပိုင်းရက်များတွင် ဝယ်လိုအား သိသိသာသာ ကောင်းလာသလို ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်လာသည့် ပဲမျိုးစုံဈေးကောင်းရရှိနေကြောင်း ယခင်နှစ်ကာလတူထက် ပဲ၊ နှမ်းတစ်အိတ် ငွေကျပ် ၅၀,၀၀၀ခန့် ဈေးပိုမိုရရှိနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔸 “အသစ်ဝင်ပဲဈေးကွက်က အကုန်လုံး ဈေးကောင်းအဝယ်သွက်နေပါတယ်။ ပို့ကုန်ပဲအားလုံးရော တရုတ်လိုင်းပဲအားလုံး၊ ပြည်တွင်းသုံး ပဲမာလိုင်းအကုန်ဈေးမြင့်တက်လာပါတယ်။ ကာလတူ မနှစ်က ပဲဈေးတွေထက် လက်ရှိပဲရာသီအသစ်မှာ ပဲဈေးတွေက တစ်အိတ်ငွေကျပ် ၅၀,၀၀၀ ဝန်းကျင် ပိုမိုမြင့်မားနေပါတယ်။ အရင်နှစ်တွေက ပို့ကုန်ပဲတွေလောက်ပဲ ဈေးမြင့်နေတာမျိုးနဲ့ ပြည်တွင်းသုံး ပဲတွေကဈေးကျဆင်းနေတာမျိုးဖြစ်ခဲ့တာ အခုတော့ပို့ကုန်ပဲတွေနဲ့အတူ ပြည်တွင်းသုံးပဲတွေပါလိုက်ပါ ဈေးမြင့်တက်လာပါတယ်” ဟု ၎င်းကပြောသည်။
🔸 သို့သော်လည်း တောင်သူများအနေဖြင့် သွင်းအားစုများအပါအဝင်၊ သယ်ပို့စရိတ်အလုပ်သမား စရိတ်များလည်းမြင့်မားနေတာကြောင့် အကျိုးအမြတ်ရသင့်သလောက် မရရှိနိုင်ကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးပဲမာလိုင်းများပါ ကောင်းလာတာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “တောင်သူတွေ ပဲအမြင့်ဈေးရသလို စိုက်ပျိုးထုတ်လုပ်စရိတ်တွေလည်း မြင့်မား နေတာပါ။ အလုပ်သမားစရိတ် သယ်ယူပို့ဆောင်စရိတ်တွေလည်းမြင့်လာတော့ အကျိုးအမြတ်ရှိတယ် ဆိုရုံလောက်ပါ။ မတ်လဆန်းပိုင်းမှာတော့ ပို့ကုန်ပဲတွေအပြင် ပြည်တွင်းပဲမာတွေ ဈေးကောင်းနေတာမို့ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်ကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ပြည်ပသင်္ဘောတင် ပို့ကုန်လိုင်း အဆင်ပြေလာသလို ဒေါ်လာဈေးကောင်းလာတာကြောင့်လည်း ပို့ကုန်ပဲများ တဖြည်းဖြည်းဈေးမြင့်တက်လာရာ မတ်လ (၁) ရက် တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၇၃,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၈၀,၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ် ငွေကျပ် ၂၂၀,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၅,၀၀၀ ပေါက်ဈေးရှိသည်။
🥜နှမ်း နှင့် မြေပဲ🥜
နယ်စပ်တင်ပို့မှုထက် ပင်လယ်ရေကြောင်းသင်္ဘောတင်ပို့မှုက ပိုမိုစရိတ်သက်သာတာကြောင့် ရန်ကုန်လိုင်း အဝယ်လိုင်း အဝယ်ကောင်းနေရာ နှမ်းဖြူ ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၅,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်(စမုန်)မှာ တစ်အိတ် ငွေကျပ် ၃၀၅,၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ မြေပဲအနီလုံးဆံတစ်ပိဿာ ငွေကျပ် ၇,၂၀၀၊ ဆီဆံတစ်ပိဿာ ငွေကျပ် ၆,၁၀၀ ပေါက်ဈေးထိ အမြင့်ဈေးဖြစ်လာသည်။
🔸 ပို့ကုန်ပဲများ ဈေးကောင်းရရှိတာနှင့်အတူ ပြည်တွင်းသုံးပဲမာလိုင်းများလည်း သိသိသာအမြင့်ဈေးသို့ ရောက်ရှိလာရာ မတ်လ(၁)ရက်နေ့တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၄၈,၅၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ပဲဇီးကွက်တစ်အိတ်လျှင် ငွေကျပ် ၁၄၇,၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
🔸 သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း