menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှမ်း နှင့် ပဲမျိုးစုံဈေးကွက် အရောင်းအဝယ် အခြေအနေ
*******************************
🔘မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းပိတ်ထားသည်မှာ သုံးလကျော် ကြာမြင့်လာသည့်အပြင် သွားလာမှုကန့်သတ်ချက်များကြောင့် ရောင်းသူ ၊ ဝယ်သူ တိုက်ရိုက်တွေ့ဆုံရောင်းဝယ်ယူမှု မပြုလုပ်နိုင်သဖြင့် အရောင်းအဝယ်အေးနေကြောင်းသိရသည်။
နှမ်း
----
တရုတ်နိုင်ငံက ဝယ်ယူမှုရှိနေသော်လည်း ပြည်တွင်းကုန်သည်များအချင်းချင်း တွေ့ဆုံကာ ဝယ်ယူမှု ပြုလုပ်နိုင်ခြင်း မရှိသဖြင့် အရောင်းအဝယ်မဖြစ်ဘဲ ဈေးနှုန်းများ ကျဆင်းလာနေသည်။သုံးတင်းဝင် တစ်အိတ်လျှင် ဒီဇင်ဘာလ ပထမပတ်တွင် နှမ်းနက် (စမုန်) မှာ ကျပ် ၁၈၀,၀၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁၈ ရက်တွင် ကျပ်၁၇၀,၀၀၀ အထိ ကျဆင်းလာသည်။နှမ်းဆိုတာမျိုးက ကိုယ်တိုင်ကြည့်ပြီး စိတ်ကြိုက် ဝယ်ယူရတာမျိုးဖြစ်တယ်။ အယင်က ကုန်စည်ဒိုင်ပိတ်ထားပေမဲ့ ကုန်စည် ဒိုင်ရှေ့မှာ အရောင်းအဝယ် ပြုလုပ်ကြတဲ့အတွက် အဆင်ပြေခဲ့တယ်။ ခုနောက်ပိုင်း အဲဒါမျိုးပါခွင့်မပြုတဲ့အတွက် တိုက်ရိုက်တွေ့ဆုံ ရောင်းချတာမျိုး မလုပ်နိုင်တော့ဘူး။ အဲဒါကြောင့် အရောင်းအဝယ်လည်း သိသိသာသာ နည်းသွားသလို ဈေးနှုန်းတွေလည်း ကျလာတယ်” ဟု မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းက ကုန်သည်ဦးကျော်သွင်ကပြောသည်။
ကုလားပဲ
--------
စားတော်ပဲဈေးနှုန်း မြင့်တက်လာခြင်းကြောင့် အစားထိုးသည့်အနေဖြင့် ကုလားပဲကို ဝယ်ယူလာသည်။ ထို့အတွက် သုံးတင်းဝင်တစ်အိတ်လျှင် ဒီဇင်ဘာလ ပထမပတ်တွင် ကုလားပဲ (ထိုင်ဝမ်) ကျပ် ၇၉,၀၀၀ မှ ဒီဇင်ဘာ ၁၈ ရက်တွင် ကျပ် ၈၀,၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) ကျပ် ၈၂,၀၀၀ မှ ကျပ် ၈၄,၀၀၀ - ၈၅,၀၀၀ သို့ မြင့်တက်လာသည်။ မန္တလေးဈေးကွက်အတွင်း လိုအပ်ချက်အနည်းငယ်ရှိသဖြင့် ယခုကဲ့သို့ ဈေးမြင့်တက်လာခြင်း ဖြစ်သော်လည်း ဆက်လက်မြင့်တက်နိုင်ခြေနည်းပါးကြောင်းနှင့် ကုန်စည်ရောင်းဝယ်မှုပိုင်းတွင် ကန့်သတ်မှုများကြောင့် အရောင်းအဝယ်သိသိသာသာကောင်းမွန်လာရန် မရှိသေးကြောင်းသိရသည်။
ပဲတီစိမ်း
-------
တရုတ်နိုင်ငံက ဝယ်ယူမှုအား ကောင်းနေသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိပေ။ သို့သော်ဈေးကွက် အတွင်း ယှဉ်ပြိုင်ရောင်းချသည့်ပုံစံမျိုးမဟုတ်ဘဲ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံမျိုး ဖြစ်နေသည်။ ထို့အတွက် ဈေးနှုန်းမြင့်တက်ရမည့် အခြေအနေရှိသော်လည်း လက်ရှိတွင်ငြိမ်နေသည်။ သုံးတင်းဝင် တစ်အိတ်လျှင် ဒီဇင်ဘာ ၁၈ ရက်တွင် ပဲတီစိမ်းလုံးကြီး ကျပ် ၁၂၀,၀၀၀-၁၃၀,၀၀၀ ကြားတွင် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ပဲစင်းငုံ
------
သင်္ဘောတင်ရန်ရှိသော်လည်း အသွားအလာကန့်သတ်မှုများကြောင့် ရန်ကုန်ဝယ်လက်များကလာရောက် ဝယ်ယူမှုမရှိခြင်း၊ ပြည်တွင်းကုန်သည်များကလည်း ဈေးကွက်ကိုစောင့်ကြည့်နေခြင်းတို့ကြောင့်အရောင်း အဝယ်ရပ်တန့်သလိုဖြစ်ပြီး ဈေးနှုန်းပါ ကျဆင်းလာသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ဒီဇင်ဘာလ ပထမပတ်တွင် ကျပ် ၇၆,၀၀၀ မှ ဒီဇင်ဘာ ၁၈ ရက်တွင် ကျပ် ၆၈,၀၀၀ သို့ ကျဆင်းလာသည်။ယခုအခြေအနေ အရ ဈေးနှုန်းမြင့်တက်နိုင်ခြေ နည်းပါးနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။
🔘အထက်ပါဖြစ်စဉ်များအတွက် မန္တလေးကုန်စည်ဒိုင်ကိုဖွင့်လှစ်ခွင့်ရရှိရန် အသင်းသား၊ အသင်းသူများ အွန်လိုင်းကတစ်ဆင့် အစည်းအဝေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးက ရရှိလာသော သဘောတူညီမှုများနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၁-၂၇) ရက်။