menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"နှမ်းနက်ဈေး ဆက်လက်မြင့်တက်လာသည့် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ တရုတ်နိုင်ငံသို့တင်ပို့ရန် လိုအပ်ချက်များလာတာကြောင့် နှမ်းနက်ဈေးဆက်လက်မြင့်တက်လာသော်လည်း အခြားပဲမာလိုင်းများ ဈေးအေးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။ တရုတ်နိုင်ငံသို့တင်ပို့ရန် လိုအပ်ချက်များနေတာကြောင့် နှမ်းနက်တစ်အိတ် ငွေကျပ် ၃၆၅,၀၀၀ ထိဈေးမြင့်တက် အဝယ်သွက်နေခြင်းဖြစ်သည်။ ယခင်သီတင်းပတ်ထက် နှမ်းနက်တစ်အိတ် ငွေကျပ် ၂၀,၀၀၀ ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။
✔️ အညာနှမ်းနက်များ ဈေးကွက်အတွင်းအဝင်ကောင်းလာသလို တရုတ်နိုင်ငံသို့တင်ပို့မှုကောင်းလာတာကြောင့်လည်း ပဲ၊ နှမ်းဈေးကွက်အတွင်း ဈေးမြင့်တက်အဝယ်သွက်နေကြောင်း၊ အခြားပို့ကုန်ပဲများနှင့် ပဲမာလိုင်းများမှာဈေးအေးနေကြောင်း၊ မြေပဲဆံမှာဈေးကျဆင်းနေတာကြောင့် ဆီစက်ပိုင်များ ထိန်းဝယ်နေတာဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔️ "နှမ်းတစ်မျိုးပဲဈေးကောင်း အဝယ်သွက်နေပါတယ်။ နှမ်းမျိုးစုံက တရုတ်လိုအပ်များနေလို့ အကုန်ဝယ်နေပါတယ်။ ဈေးကွက်ထဲမှာလည်း အညာနှမ်းမျိုးစုံကလည်းအဝင်ကောင်းနေပါတယ်။နှမ်းနက်အရည်အသွေးကောင်းရင် သုံးတင်းဝင်တစ်အိတ် ၃၆၅,၀၀၀ ထိ ပေါက်ဈေးရှိလာပါတယ်။ မြေပဲဆံကတော့ ပုံမှန်အတိုင်းအရောင်းအဝယ်ကောင်းနေပါတယ်။ ဆီစက်ပိုင်တွေကလည်း ဈေးကျ နေတော့ထိမ်းဝယ်နေပါတယ်။ ပဲမာလိုင်းများလည်း အရောင်းအဝယ်အေးပါတယ်" ဟု ၎င်းက ပြောသည်။
✔️ မန္တလေးကုန်စည်ဒိုင်ကထိန်ကာလဖြစ်တာကြောင့် ပဲ၊ နှမ်း ပေါက်ဈေးသတင်း မထုတ်ပြန်နိုင်သော်လည်း နိုဝင်ဘာ(၂၁) ရက်အထိ ပေါက်ဈေးများမှာ သုံးတင်းဝင်မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀ ပေါက် ဈေးထိ ဆက်လက်ကျဆင်းနေပြီး ပဲစင်းငုံမှာ ပစ္စည်းအသစ်မဝင်လာခင်အထိ အရောင်းအဝယ်ဈေးကွက်ပျောက်နေမည်ဖြစ်သည်၊၊ ပဲတီစိမ်းအညာ ၅၆ . ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးဖြင့် ဆက်လက်ဈေးကျဆင်းနေသည်။
✔️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး နိုဝင်ဘာ(၂၁)ရက် တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၈,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၈,၀၀၀ ပေါက်ဈေးဖြင့်ဈေးကျဆင်းနေသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၉၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ မြေပဲအနီလုံးဆံ(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၅,၉၀၀ - ၆,၀၀၀ ပေါက်ဈေးရှိသည်။
✔️ နှမ်းမျိုးစုံဈေးကွက်မှာ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့လာတာကြောင့် နှမ်းမျိုးစုံကောင်း အဝယ်သွက်နေရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေ ကျပ် ၃၆၀,၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)