menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
၂၀၂၀ နှစ်ဆန်း မတ်ပဲ ယခင်နှစ်ကာလတူထက် ပြည်တွင်း၊ ပြည်ပဈေး မြင့်တက်
➡️၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်၊ လွတ်လပ်ရေးနေ့ အစားထိုးပိတ်ရက်များတွင် ကုန်စည်ဒိုင်ပိတ်သော်လည်း ပွဲရုံအများစုအရောင်းအဝယ်ပြုလုပ်ကြသည်။နယ်တွင် ဘင်္ဂလားဒေ့ရှ်အဝယ်နည်းသဖြင့် ရန်ကုန်သို့ကြက်သွန်နီဝင်ရောက်မှုများလာသည်။၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ဆိပ်ဖြူလက်ကားတစ်ပိဿာ ကျပ် ၁၀၀၀ မှ ၁၅၀၀၊ မြင်းခြံကျပ် ၁၂၀၀ မှ ၁၅၅၀၊ မြစ်သား ကျပ် ၁၆၀၀ မှ ၁၉၀၀နှုန်းရှိခဲ့သည်။ စနေနှင့် တနင်္ဂနွေပိတ်ရက်အလွန် လွတ်လပ်ရေးနေ့ အစားထိုးပိတ်ရက် ဇန်နဝါရီ ၆ ရက်တွင် ကြက်သွန်နီပိဿာချိန် ၁၈၀၀၀၀ ဝန်းကျင် ဝင်ရောက်သော်လည်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၈၀၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်တွင် မြင်းခြံ ကျပ် ၁၈၀၀ မှ ၂၄၀၀၊ မြစ်သား ကျပ် ၂၂၀၀ မှ ၂၅၀၀ နှုန်းသို့ ဈေးမြင့်တက်လာသည်။ သို့သော် ဇန်နဝါရီ၇ ရက်တွင် ဈေးနှုန်းအကျကြမ်းလာပြန်သည်။
➡️ဇန်နဝါရီ၇ ရက်တွင် ဆိပ်ဖြူကြက်သွန်နီလက်ကား တစ်ပိဿာကျပ် ၁၅၀၀ မှ ၂၀၀၀၊ မြင်းခြံ ကျပ် ၁၇၀၀ မှ ၂၁၅၀၊မြစ်သား ကျပ် ၁၉၀၀ မှ ၂၃၀၀ နှုန်းသို့ ဈေးကျလာသည်။ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ရန်ကုန်သို့ကြက်သွန်နီပိဿာချိန် ၂၄၀၀၀၀ ဝန်းကျင်စီ ဝင်ရောက်လာရာ ဇန်နဝါရီ ၈ ရက်တွင် ဈေးနှုန်းထပ်မံကျလာသည်။ ဇန်နဝါရီ ၈ ရက်တွင် ဆိပ်ဖြူ ကျပ် ၁၃၀၀ မှ၁၇၀၀၊ မြင်းခြံ ကျပ် ၁၄၀၀ မှ ၁၈၀၀၊ မြစ်သား ကျပ်၁၆၀၀ မှ ၂၀၀၀ နှုန်းသာရှိသည်။ဇန်နဝါရီ ၉ ရက်တွင်မူ ဈေးနှုန်းအပြောင်းအလဲမရှိသေးဟု သိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ယောချောင်းတွင် တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်လာ၍ ရက်သတ္တပတ်ကျော် အပင်စိုက်သက်တမ်းရှိသေးသော ဆောင်းစိုက်ကြက်သွန်နီစိုက်ခင်းအချို့ ပျက်စီးမှုရှိသည့်သတင်းများ ထွက်ပေါ်လာသည်။ ➡️ယခုလပိုင်း တရုတ်ကြက်သွန်နီအလုံးကြီးများ ဝင်ရောက်နေဆဲရှိပြီး လက်ကားတစ်ပိဿာ ကျပ် ၁၀၀၀ နှုန်းရှိနေသည်။ပြည်တွင်းကြက်သွန်နီထွက်ရှိမှု နှစ်စဉ်ပိဿာချိန်သိန်း ၆၀၀၀ ဝန်းကျင်ရှိရာ ပြည်တွင်းသုံးစွဲမှုအဖြစ်ပိဿာချိန်သိန်းပေါင်း ၃၆၀၀ ဝန်းကျင်ရှိပြီး ပိုလျှံမှုအဖြစ် သိန်ပေါင်း ၂၄၀၀ ဝန်းကျင်ရှိနိုင်သည်ဟု ၂၀၁၃ မှ ၂၀၁၈ အထိ ငါးနှစ်တာ မြန်မာ နိုင်ငံ၏ ကြက်သွန်နီနှစ်အလိုက် စိုက်ပျိုး၊ ထုတ်လုပ်၊ သုံးစွဲမှု၊ ပိုလျှံမှု၊ တင်ပို့မှုအခြေပြဇယား ဖော်ပြချက်အရ သိရသည်။ကုန်စိမ်းဖြစ်သော ကြက်သွန်နီ ၏ တစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းပျက်စီးနိုင်ရာ ပိုလျှံအဖြစ် ဖော်ပြမှုက နုတ်လျှင် ပိုလျှံပိဿာချိန်သိန်းပေါင်း၁၈၀၀ (တန်ချိန်အားဖြင့် ၃၀၀၀၀၀) ဝန်းကျင်ရှိမည်။ ပြည်တွင်းသုံးစွဲမှုတွင်လည်း ပိဿာချိန်သိန်းပေါင်း ၂၇၀၀ (တန်ချိန်အားဖြင့် လေးသိန်း) ဝန်းကျင်ရှိနိုင်သည်ဟု အကြမ်းဖျင်း တွက်ချက်သိရသည်။
➡️အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကြက်သွန်နီကိုမရှိမဖြစ်သုံးစွဲသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အကြော်အလှော်၌ အသုံးပြုများရာ မကြာခဏ ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ နှစ်ကုန်ပိုင်းတွင် စံချိန်တင်မြင့်တက်မှု တွေ့ကြုံရတတ်ရာ အတိုင်းအတာတစ်ရပ်အထိ ပြည်တွင်းကြက်သွန်နီဈေးနှုန်းသည် စားသုံးသူ၊ စိုက်ပျိုးသူ၊လှောင်သမား သုံးဦးတို့အကြား မျှခြေအနေအထားမျိုးရှိသင့်နေသည်။၂၀၁၉ နှစ်ကုန်ပိုင်း စံချိန်တင်ကြက်သွန်နီဈေးနှုန်းမြင့်တက်လာပြီးနောက် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းသည် ဘင်္ဂလားဒေ့ရှ်ပို့ရန် နယ်တွင်ဝယ်လက်များဝယ်ချိန်ကဲ့သို့ တစ်ရက်လျှင် ဈေးနှုန်းတစ်မျိုးစီဖြင့် အတက်ကြမ်း၊ အကျကြမ်းနေ၍ နယ်ပို့အဝယ်တော်များနှင့် ပြန်လည်ရောင်းချသူများ အထူးသတိထားဝယ်ယူနေရသည်ဟု ပြောဆိုနေကြသည်။
➡️တရုတ်အာလူးများမှာ ဇန်နဝါရီလ ပထမပတ်အတွင်း လက်ကားတစ်ပိဿာ ကျပ် ၆၅၀ ဝန်းကျင်ရှိသော်လည်း ဇန်နဝါရီ ၉ ရက်တွင် ရန်ကုန်သို့ အဝင်နည်းသည်ကို အကြောင်းပြု၍ လက်ကားတစ်ပိဿာကျပ် ၇၂၀ နှုန်းသို့ မြင့်တက်လာသည်။ ရှမ်းအောင်ပန်းအာလူးမှာမူ ကျပ် ၅၅၀ မှ ၇၂၀ နှုန်းရှိသည်ဟု သိရသည်။ ၂၀၂၀ နှစ်ဆန်းတွင် ငရုတ်ဈေးနှုန်းများသည် အမြင့်တွင်ရှိနေဆဲဖြစ်သည်။ အိန္ဒိယငရုတ်ရှည်လက်ကားတစ်ပိဿာ ကျပ် ၇၅၀၀ ဝန်းကျင်အထိ မြင့်တက်လာသည်။ ဟင်္သာတနယ်ထွက် အိန္ဒိယငရုတ်ရှည်များမှာမူ တစ်ပိဿာ ကျပ် ၆၆၀၀-၆၈၀၀ နှုန်းရှိသည်။ ရှမ်းငရုတ်ရှည်မှာ တစ်ပိဿာ ကျပ် ၄၅၀၀-၄၈၀၀ရှိသည်။ စကငရုတ်ပွမှာမူ လက်ကားတစ်ပိဿာကျပ် ၄၇၀၀ နှုန်းရှိသည်။
➡️ပြည်တွင်းပဲဈေးကွက်အတွင်း မတ်ပဲ RC တစ်တန်ဈေးနှုန်း ကျပ် ၁၂ သိန်းဝန်းကျင်သို့ ရောက်ရှိရန်အလားအလာရှိသော်လည်း ဈေးနှုန်းများပြန်လည်ကျဆင်းလာသည့် ဇန်နဝါရီ ၂ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁၁၈၇၀၀၀ နှုန်းအထိ မြင့်တက်လာသော်လည်း ဇန်နဝါရီ ၈ ရက်တွင် ကျပ် ၁၁၃၃၀၀၀ နှုန်းသို့ဈေးပြန်ကျလာသည်။ ရန်ကုန်ပဲဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်းဖွင့်ခြင်းမရှိသည်မှာ လဝက်ကျော်ကာလရှိလာသည်။ပြည်တွင်းမတ်ပဲဈေးနှုန်းမြင့်တက်လာမှု နည်းသော်လည်း ဒေါ်လာဈေးကျဆင်း၍ ပြည်ပပို့ FOB မတ်ပဲတစ်တန်ဈေးနှုန်း မြင့်တက်လာသည်။
➡️ ၂၀၁၉ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မတ်ပဲ RC တစ်တန် ကျပ် ၁၁၅၀၀၀၀ ဝန်းကျင်ရှိချိန် ပြည်ပပို့ မတ်ပဲ RC FOB တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ ၇၅၀-၇၇၀ နှုန်းသာရှိခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလ ပထမပတ်တွင် ပြည်တွင်းဈေးနှုန်းပြောင်းလဲမှုနည်းသော်လည်း ပြည်ပပို့ FOB မတ်ပဲ RC တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ ၈၀၀-၈၂၀နှုန်းသို့ မြင့်တက်လာသည်။ ၂၀၁၉ ဇန်နဝါရီလဆန်း ရန်ကုန်ပဲဈေးကွက်တွင်မတ်ပဲ RC တစ်တန် ကျပ် ၇၅၀၀၀၀ ဝန်းကျင်၊ ပြည်ပပို့ FOB တစ်တန်ဈေး ဒေါ်လာ ၅၀၀-၅၂၀ နှုန်းသာရှိခဲ့သည်။ သို့ဖြစ်ရာ ၂၀၂၀ ဇန်နဝါရီလဆန်း မတ်ပဲ RC ရန်ကုန်ဈေးနှုန်းသည် ယခင်နှစ် ၂၀၁၉ ဇန်နဝါရီလဆန်းထက် တစ်တန်လျှင် ကျပ်လေးသိန်းဝန်းကျင်၊ ပြည်ပပို့FOB တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ၃၀၀ ဈေးနှုန်းမြင့်တက်မှုရှိလာသည်။ သို့ဖြစ်ရာ ၂၀၂၀ နှစ်ဆန်း ပြည်တွင်းမတ်ပဲဈေးကွက်တွင် ဈေးဦးပေါက် ဈေးနှုန်းအမြင့်ရှိလာသည်။
- မောင်စေအောင်
- မြန်မာတောင်သူကြီးများဂျာနယ် - ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ (၁၃)ရက်။