menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှစ်ဦးပိုင်းကာလဈေးမြင့်နေသည့် မြန်မာ့ပဲဈေးကွက်အခြေအနေ .....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်နှင့်အတူ မြန်မာ့ပဲဈေးကွက်နှစ်ဦးပိုင်းမှာကတည်းက အမြင့်ဈေး ဖြစ်နေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှသိရသည်။ ပြည်တွင်းပဲလက်ကျန်အဟောင်းများ နည်းပါးလာတာနှင့်အတူ ပြည်တွင်းကုလားပဲအုပ်စု ဈေးမြင့်တက်နေပြီး ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ တို့မှာလည်း အိန္ဒိယ၏လိုအပ်ချက်မြင့်မားမှု သတင်းများကြောင့် အသစ်ဝင်ရောက်မှု မရှိသေးသော် လည်း အမြင့်ဈေးဖြစ်နေကြောင်း၊ သို့သော်လည်း ပဲနှမ်းဈေးကွက်အတွင်းသို့ လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုမရှိဘဲ ရောက်လာမှသာ အရောင်းအဝယ်အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုကတော့ လှောင်လက်သမားတွေနဲ့ မန္တလေးမြို့မှာ လက်ကျန် လုံး၀မရှိတော့လို့ ဈေးမြင့်တက်နေပါတယ်။ မတ်ပဲနှင့် ပဲစင်းငုံ ကတော့ နှစ်ဦးပိုင်းမှာကတည်းက စတက်လာတာ အမြင့်ဈေးတွေရောက်လာပေမယ့် ဈေးကွက်ထဲကို ပစ္စည်းအဝင်ကနည်းပါသေးတယ်။ ပဲစင်းငုံအသစ်ဝင်ရောက်မှုက ရာဂဏန်းလောက်ပဲ ဝင်ရောက်သေးတာပါ။ လက်တွေ့ဝယ်ယူမှုအနေနဲ့ ပမာဏ နည်းပါသေးတယ်။ ကြိုရောင်း၊ ကြိုဝယ်ဆိုရင်တော့ အိတ်ရေထောင်ချီပြီး ဝယ်နေကြတယ်။ လက်ရှိမှာ အိန္ဒိယဝယ်လိုအား ပမာဏများနိုင်တာမို့လည်း ဝယ်လိုအားက လက်ရှိပေါက်ဈေးထက် ကျဆင်းစရာမရှိပါဘူး။ သို့ပေမယ့် ဈေးကွက်ထဲကို လမ်းပန်းဆက်သွယ်ရေးကောင်းကောင်းနဲ့ ချောချောမွေ့မွေ့ ဝင်ရောက်ဖို့ လိုအပ်ပါတယ်" ဟု ၎င်းကပြောသည်။
➡️ ဇန်နဝါရီ(၃)ရက်တွင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၆,၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ သုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀ ပေါက်ဈေးရှိနေသည်၊၊ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပုံမှန်ဈေးသာရှိနေပြီး ဇန်နဝါရီ(၃)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၇,၀၀၀ ပေါက်ဈေးဖြင့် ဈေးဆက်လက်မြင့်တက်လာသည်။
➡️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၄၁၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၆,၉၀၀-၇,၀၀၀ အထိ ပေါက်ဈေးမြင့်တက်လာသည်။
➡️ ဇန်နဝါရီ (၃) ရက်တွင် နှမ်းဖြူရိုးရိုး ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ နှမ်းဝါ(သစ်) တစ်အိတ်လျှင် ၂၉၅,၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်းသိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)