menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
နှစ်သစ်ကူးအကြို ဖရဲ၊ သခွားများ ဈေးကောင်းရနေ
🍈🍉🍈🍉🍈🍉🍈🍉🍈🍉🍈
⏹️မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံဗဟိုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဇန်နဝါရီ (၈)ရက်မှ စတင်ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ တရုတ်နှစ်သစ်ကူးအကြိုကာလတွင် အရည်အသွေးကောင်း ဖရဲ သခွားများ ဈေးကောင်းရနေကြောင်း ဖရဲသခွားကုန်သည်များထံမှ သိရသည်။
⏹️ဇန်နဝါရီလ(၂၂)ရက်သည် တရုတ်နှစ်သစ်ကူးပွဲတော်ရက်ဖြစ်၍ ယင်းကာလမတိုင်မီ ဝယ်လို အားကောင်းနေသကဲ့သို့ ပုံမှန်အရဆိုလျှင်လည်း ၎င်းတို့ဘက်မှ လိုအပ်ချက်ရှိနေခြင်းကြောင့် အရည် အသွေးကောင်းလျှင် ဈေးကောင်းရခြင်းဖြစ်သည်ဟု ဆိုသည်။
⏹️“တရုတ်ဘက်က ဖြေလျှော့မှုတွေနဲ့အတူ လူအဝင်၊ အထွက်တွေလည်း ဖွင့်ပေးမယ်ဆိုတာ သိပြီး ကုန်တင်ကားတွေလည်း တိုက်ရိုက်ဝင်လို့ရပြီလို့ သိရတယ်။ မြန်မာဘက်ကတော့ မဖွင့်သေးဘူး။ ပြီးခဲ့ တဲ့ ရက်တွေမှာတုန်းက အရည်အသွေးမမှီတဲ့အသီးတွေ အသီးနုတွေကို တင်ပို့ကြတော့ ဈေးကွက် ပျက်ခဲ့တယ်။ ခုကာလက တရုတ်နှစ်သစ်ကူးကြောင့် ဈေးကောင်းရတာပါ” ဟု ဖရဲ၊ သခွားတင်ပို့သူ တစ်ဦးက ပြောသည်။
⏹️တရုတ်ဈေးကွက်တွင် တစ်ကီလိုဈေးနှုန်များ အရည်အသွေးကောင်းပါက ၈၅၅ဖရဲ နှင့် စေ့မဲ့ဖရဲသီးမှာ ၄ ဒဿမ ၈ ယွမ်၊ ထိုင်ဝမ်ဖရဲသီးမှာ ၄ ဒဿမ ၅ ယွမ် နှင့် စေ့မဲ့ဖရဲသီးမှာ အမြင့်ဈေးရရှိနေပြီး ကားအစီးပြတ်ဆိုလျှင် ယွမ် ၆၀,၀၀၀ မှ ၆၅,၀၀၀ ထိ ရရှိနေကြောင်း၊ သခွားမွှေးမှာ ၆ ဒဿမ ၅ ယွမ်ထိရရှိကြောင်း၊ ဒီဇင်ဘာလဈေးကွက်ထက် တစ်ကီလိုလျှင် ၁ ယွမ်မှ ၂ယွမ်ဝန်းကျင် ဈေးမြင့် လာခဲ့ကြောင်း သိရသည်။
⏹️“တရုတ်နယ်စပ်ဖရဲဈေးကွက်ကို ဖျက်တာတွေရှိတယ်။ ကိုယ်တိုင်တောင် စားလို့မရတဲ့ ဖရဲသီးကို ဘယ်သူက ဈေးကြီးပေးဝယ်စားမလဲ။ ခိုင်မာတဲ့ဈေးကွက်ရနေချိန်မှာ အရည်အသွေးမကောင်းတာတွေ၊ အနုသီးတွေကို အလောတကြီးတင်ပို့ကြတော့ ဈေးကွက်ပျက်တယ်၊၊ အရည်အသွေးမကောင်းရင် မတင်ပို့ကြပါနဲ့။ လမ်းကြောင်းကုန်ကျစရိတ်က ကြီးတယ်” ဟု ခွာညိုသစ်သီးပွဲရုံက ပြောသည်။ တရုတ်နှစ်သစ်ကူးဖြစ်သည့် ဇန်နဝါရီလ(၂၂) ရက်တွင် သစ်သီးပွဲရုံများမှ အရောင်းပိတ်ထားမည်ဖြစ် သော်လည်း တရုတ်နိုင်ငံမှ ကိုဗစ်ဖြေလျှော့မှုများနှင့် ကျန်းမာရေးဆိုင်ရာအစီအမံများ ပိုမိုတည် ငြိမ်လာသည်နှင့်အမျှ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြင့်လာခြင်းဖြင့် သစ်သီး၀လံထုတ်လုပ်တင်ပို့သူများ အဆင်ပြေကာ ခိုင်မာသောဈေးကွက်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
⏹️လက်ရှိ ဇန်နဝါရီလ (၁၂) ရက်၊ တရုတ်ဈေးကွက်တွင် ၈၅၅ ဖရဲသီးမှာ ၄ ဒဿမ ၅ ယွမ်၊ ထိုင်ဝမ် ဖရဲသီးမှာ ၄ ဒဿမ ၆ယွမ်၊ ရွှေသခွားသီးမှာ ၅ ဒဿမ ၇ယွမ် ပေါက်ဈေးရှိပြီး တရုတ်ဈေးကွက်သို့ တင်ပို့သည့်စရိတ်မှာ ကားခအပါအဝင် ဝန်ဆောင်ခအမျိုးမျိုးပေါင်းလျှင် ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျမှုရှိကာ အသားတင်ငွေကျပ် သိန်း ၂၀၀ ကျော် ကျန်ရှိကြောင်း သိရသည်။
⏹️သီးနှံဈေးကွက် နှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း