menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"သဖန်းဆိပ်ဆည် လာမည့်နွေစပါးစိုက်ရာသီတွင် ရေပေးဝေနိုင်မည်"
🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾
✔️နှစ်နှစ်ဆက်တိုက် နွေစပါး ရေပေးဝေနိုင်ခြင်းမရှိသည့် သဖန်းဆိပ်ဆည်မှ လာမည့် နွေစပါး စိုက်ရာသီတွင် ရေပေးဝေနိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ (၁၇) ရက်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
✔️သဖန်းဆိပ်ဆည်ရေမှ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရန်အတွက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်တွင် စတင်ရေပေးဝေမည်ဖြစ်ကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး ၂၇၃,၀၀၀ ဧကနှင့် အခြားသီးနှံ ၇၅,၀၀၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှုး ဦးဝင်းလှိုင်ဦးက ပြောကြားသည်။
✔️ထို့ပြင် သီးနှံများအချိန်မှီစိုက်ပျိုးနိုင်ရေး ကွင်းဆင်းညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်နေကြောင်းနှင့် နွေစပါးအနေဖြင့် သက်တမ်းနု စပါးမျိုးစိုက်ပျိုးရန် နှင့် စျေးကွက်စျေးကောင်းသည့် ပဲတီစိမ်းနှင့် နှမ်းကိုစိုက်ပျိုးရန် အကြံပြုထားကြောင်း သိရသည်။
✔️“သဖန်းဆိပ်ဆည်တာဝန်ခံအနေနဲ့ နွေစပါးရေပေးဝေနိုင်မှုအခြေနေကို တွက်ချက်တင်ပြလာပါတယ် ။ အခြားသီးနှံတွေအတွက်ပါ ရေလုံလောက်စွာပေးဝေနိုင်လို့ စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့တွေနဲ့ လာမယ့် နွေမှာ သီးနှံစိုက်ပျိုးမှုများကိုအချိန်မှီစိုက်ပျိုးနိုင်ရေးဆောင်ရွက်နေပါတယ် ။ နွေစပါးကိုတော့ သက်တမ်းတိုစပါးမျိုး၊ အခြားသီးနှံတွေအနေနဲ့ ပဲတီစိမ်းနှင့်နှမ်းကိုစိုက်ပျိုးပါမယ်။ မနှစ်က အခြားသီးနှံ ဧက၇၀,၀၀၀ ကျော်သာစိုက်ပျိုးနိုင်ခဲ့ပေမယ့် ဒီနှစ် ၇၅,၀၀၀ ကျော်စိုက်နိုင်မှာပါ”ဟု ၎င်းက ပြောသည်။
✔️သဖန်းဆိပ်ဆည်မှ ရေလုံလောက်မှုမရှိခြင်းကြောင့် နွေစပါးမစိုက်ပျိုးနိုင်သည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး၊ သွင်းအားစုစျေးများမြင့်တက်နေခြင်း နှင့် စပါးစျေးကွက် ကောင်းခြင်း၊မကောင်းခြင်းများကို ထည့်မတွက်နိုင်သေးသော်လည်း နွေစပါးပြန်လည်စိုက်ပျိုးရမည်ကို ဝမ်းသာကြောင်း ကန့်ဘလူမြိုနယ် စိန်နားကျေးရွာမှ တောင်သူ ကိုထွန်းနိုင်ဦးက ပြောသည်။ “ဒီနှစ်နွေစပါးစိုက်ရမှာမို့ တောင်သူတွေ ဝမ်းသာနေကြတယ်။ နွေစပါးကိုမစိုက်ရတာနှစ်နှစ်ရှိပါပြီ။ ဒီနှစ်တော့ သဖန်းဆိပ်ဆည် ရေလုံလောက်လို့ စိုက်ပျိုးရမှာပါ။ နွေစပါးမျိုးသက်နု နှာကောက်စပါးမျိုးကို စိုက်မှာပါ”ဟု၎င်းကပြောသည်။
✔️တောင်သူများအနေဖြင့် မိုးစပါးနှင့် မိုးသီးနှံရိတ်သိမ်းအပြီး နွေစပါးနှင့် အခြားသီးနှံများအချိန်မှီ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များ၊ မြေဆီလွှာအဟာရဖြည့်တင်းရေးဆိုင်ရာလုပ်ငန်းများနှင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကြိုတင်စုဆောင်းရေးဆိုင်ရာ လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ပြင်ဆင်ဆောင်ရွက်ထားကြရန်လည်း နှိုးဆော်ထားသည်။
Credit to : ရွှေမန်း(The Farmer Media)