menu

"နွေကာလတွင်ဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်"

🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️

↗️ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ပါသည်။

↗️ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် တောင်သူဦးကြီးတို့အတွက် သီးနှံစိုက်ပျိုးခြင်း၊ ခူးဆွတ် ရိတ်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် မိုးလေဝသသတင်းများကို ကြိုတင်ဂရုပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Sources : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန