menu

“ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အေးနေသော်လည်း ပို့ကုန်ပဲများ ပုံမှန်သင်္ဘောတင် အဝယ်ရှိနေ”


🌿🫘🥜🥜🫘🌿🫘🥜🥜🫘🌿

✅ဒေါ်လာငွေဈေး တည်ငြိမ်နေတာနှင့်အတူ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဈေးအေးနေသော်လည်း ပို့ကုန်ပဲများ ပုံမှန်သင်္ဘောတင် အဝယ်ရှိနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ 

✅ဒေါ်လာငွေဈေးငြိမ်နေတာနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေကြောင်း၊ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာလည်း ပုံမှန်သင်္ဘောတင်ရှိသော်လည်း အဝယ်အေးနေကြောင်း၊ အသစ်ဝင် နှမ်း နှင့် မြေပဲဆန်တို့မှာ ဈေးမြင့်တက်ခြင်းမရှိသော်လည်း ဈေးကွက်အတွင်းဝင်သလောက် အဝယ်ရှိနေကြောင်း၊ မကြာမီ ပဲအသစ်များ ပေါ်လာချိန်မှသာ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လှုပ်လှုပ်ရှား ရှားဖြစ်လာမည်ဖြစ်ကြောင်း ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်)ပွဲရုံက ပြောသည်။

✅“နိုင်ငံခြားငွေဈေး အေးနေတာကြောင့် ပို့ကုန် မတ်ပဲနဲ့ ပဲစင်းငုံဈေး အေးနေပါတယ်။ သင်္ဘောတင်အဝယ် ကတော့ အမြဲရှိနေပါတယ်။ လက်ကျန်ပစ္စည်းနည်းသွားပေမယ့် ပေါက်ဈေးအတိုင်း အရောင်းအဝယ် တော့ ဖြစ်နေပါတယ်။ အိန္ဒိယမှာလည်း မတ်ပဲ၊ ပဲစင်းငုံပေါ်ချိန်ဖြစ်လို့ ဈေးမတက်သော်လည်း ပုံမှန် အဝယ်ရှိနေပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ တစ်အိတ် ၁၉,၀၀၀ ကျော် ဈေးငြိမ်နေပါတယ်။ အသစ်ဝင် နှမ်းမျိုးစုံနဲ့ မြေပဲဆန်ကတော့ အရောင်းအဝယ်ပုံမှန်ရှိနေတော့ နှမ်းဆီ၊ ပဲဆီ လည်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်း ပဲမာလိုင်းမှာလည်း ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံးအနေနဲ့ ဒေါ်လာဈေးငြိမ်နေတာနှင့်အတူ ဈေးအေးနေခြင်းဖြစ်ပါတယ်။ မကြာမီ ပဲအသစ်များ ပေါ်လာမှသာ ပဲ၊ နှမ်းဈေးကွက် လှုပ်လှုပ်ရှားရှားရှိလာလိမ့်မည်” ဟု ၎င်းကပြောသည်။

🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘

အိန္ဒိယတွင် ပဲစင်းငုံ နှင့် မတ်ပဲ ပေါ်ချိန်ဖြစ်သဖြင့် ပြည်တွင်းပဲဈေးမြင့်တက်မှု မရှိနိုင်ခြင်းဖြစ်ရာ နိုဝင်ဘာ (၁၇) ရက်တွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၇၂,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ကျပ် ၁၇၅,၀၀၀ သာပေါက် ဈေးဖြစ်ပြီး တစ်အိတ်လျှင် ကျပ် ၅,၀၀၀ ခန့် ဈေးကျဆင်းသွားသည်။ ပဲတီစိမ်းအညာမှာ ထိပ်စသုံး တင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ 

🥜မြေပဲ🥜

နယ်စုံမှ အသစ်ဝင်မြေပဲဆံများ ဈေးကွက်အတွင်းဝင်သလောက် အရောင်းအဝယ်ဖြစ်နေရာ နိုဝင်ဘာ (၁၇) ရက်တွင် ထိပ်စမြေပဲဆံမှာ ၅,၄၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဆီဆံမှာ တစ်ပိဿာ ကျပ် ၄,၉၀၀-၅,၀၀၀ ပေါက်ဈေးရှိနေသည်။ မြေပဲဆီ တစ်ပိဿာ လျှင် ကျပ် ၁၁,၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ ပေါက်ဈေး ရှိနေသည်။

✅ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ဆက်လက်ဈေးအေးနေဆဲ ဖြစ်ရာ နိုဝင်ဘာ (၁၇) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၇,၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ကျပ် ၂၂၅,၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ကျပ် ၁၆၀,၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ကျပ် ၂၃၈,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ကျပ် ၃၈၀,၀၀၀ ပေါက်ဈေးဖြစ်နေသည်။

✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)