menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပေါ်ဦးပေါ်ဖျားစိန်တလုံးသရက်သီးများ ဈေးနှစ်ဆပေါက်ဈေးရှိနေ …..
🥭🥭🥭🥭🥭🥭🥭🥭🥭🥭
✅ ပြည်တွင်းမှထွက်ရှိသော စိန်တလုံးသရက်သီးများမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အပြင် အထွက်နှုန်း နည်းခြင်းကြောင့် ယခုနှစ်သရက်ဈေးကွက်တွင် ယမန်နှစ်ထက် ၂ ဆခန့်ဈေးရှိနေပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ ၁,၅၀၀ ကျော် ပေါက်ဈေးရှိနေသည်။
✅ ယမန်နှစ်က ပေါ်ဦးပေါ်ဖျား၌ စိန်တလုံးသရက်သီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အမြင့်ဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေးကောင်း Export အသီးများမှာ ငွေကျပ် ၁,၅၀၀ အထက်ရှိသည်ဟု သရက်ဈေးကွက်နှင့် နည်းပညာအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
✅ “ပြည်တွင်းဈေးကွက်မှာကိုပဲ စိန်တလုံးသရက်သီးက မနှစ်ကထက် ဈေးနှစ်ဆလောက်ဖြစ်နေတယ်။ တရုတ်ကိုပို့နေကြတာကလည်း အစမ်းဈေးကွက်သဘောမျိုးဖြစ်ပြီး ဈေးကောင်းရနေတယ်။ ဒီဈေး ကွက်ကိုထိန်းနိုင်ဖို့ဆိုရင် အရည်အသွေးကောင်းတင်ပို့ကြဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။
✅ သရက်သီးမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသောသစ်သီးဖြစ်၍ ဈေးကွက်သို့တင်ပို့ရာ၌ အရည်အသွေးကို အဓိကထားရန်လိုကြောင်း၊ အရည်အသွေးမကောင်းပါက ဈေးကွက်တွင် ခေတ္တသာဈေးကောင်းရနိုင်သည်ဟု ဆိုသည်။
✅ “လွန်ခဲ့တဲ့ ဆယ်စုနှစ်ကဆိုရင် သရက်သီးတစ်ခြင်းကို ယွမ်ငွေ (၂၀ -၂၅) လောက်ထိဖြစ်ခဲ့ဖူးတယ်။ အရည်အသွေးမမှီတဲ့ သရက်တွေကိုခူးဆွတ်ပြီး တရုတ်ဈေးကွက်တင်ပို့ရင် နောက်လူတွေလည်း နစ်နာမှာဖြစ်သလို ဈေးကွက်ထိခိုက်မှာပါ။ ခုပေါ်ဦးပေါ်ဖျားမှာ ဝယ်သွားတဲ့ တရုတ်ကုန်သည်တွေ ရှုံးတယ်လို့ ကြားရတယ်” ဟု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှပွဲစားတစ်ဦးက ပြောသည်။
✅ ပြည်တွင်းဈေးကွက်၌ စိန်တလုံးသရက်တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ အထက်ရှိပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ ဝန်းကျင်ဖြင့် ရောင်းချမှုများလည်းရှိရာ အရည်အသွေးနှင့်ထွက်ရှိရာဒေသကွာခြားခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုတွင် အရေအတွက်များစွာကို တစ်ပြိုင်တည်းရောင်းချရသော်လည်း ပြည်တွင်းဈေးကွက်၌ လက်လီရောင်းချရခြင်းကြောင်း သိရသည်။
✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း