menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပြောင်းစျေးကွက် အားကောင်းလာမည်
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿
✔️လက်ရှိတွင် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ ပြောင်းတရားဝင်တင်ပို့နိုင်ရန် ကုမ္ပဏီများ ကိုခေါ်ယူနေပြီဖြစ်ကာ မကြာခင် တရုတ်နိုင်ငံသို့တင်ပို့နိုင်တော့မည်ဖြစ်၍ ပြောင်းစျေးကွက် ပိုမိုအားကောင်း လာနိုင်ကြောင်း ကုန်သည်များမှ သုံးသပ်ကြသည်။
✔️“အရင်က တရုတ်တစ်ခုတည်းကို အားကိုးရောင်းခဲ့ရတာ အခု တခြားနိုင်ငံတွေပါ စျေးကွက်ရလာတယ်။ အခုလဲ တရုတ်နိုင်ငံကိုတရားဝင် တင်ပို့နိုင်မယ်ဆိုတော့ ပိုကောင်းတယ်။ အိမ်နီးချင်းလဲဖြစ်တယ်။ logistic အရရော ပိုပြီးတော့ တွက်ခြေကိုက်နိုင်တယ်။ တရားဝင်တင်ပို့ဖို့ တင်ပြလာတဲ့ ကုမ္ပဏီတွေကို မြန်မြန်စစ်ဆေးပေးပြီး ၂၀၂၂အတွင်းမှ GACC နဲ့ တင်ပို့နိုင်ဖို့ မျှော်မှန်းဆောင်ရွက်နေတယ် “ ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း မှ ဉက္ကဌ ဦးမင်းခိုင် ကပြောသည်။ ထို့ကြောင့် ပြောင်းတောင်သူများ အနေဖြင့် ပြောင်းများကို စနစ်တကျစိုက်ပျိုးရန် ပိုမိုကောင်းသည့် စျေးကွက်များ ဦးစားပေးရောင်းချရန် အရည်အသွေးထိန်းရန် စသည့်အချက်များကိုပြင်ဆင်ထား သင့်ကြောင်း သိရသည်။
✔️“သုံးစွဲအားကောင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိတဲ့အခါမှာ ဘယ်လောက်တိုးထုတ်နိုင်လဲဆိုတာ စျေးကွက် ပေါ်မှာဘယ်လောက် ဝေစုရရှိမှုပေါ်မူတည်တယ်။ ကမ္ဘာ့ပေါက်စျေးနဲ့ ယှဉ်ရောင်းနိုင်ပြီလား စျေးကွက် စျေးနှုန်းကိုယှဉ်နိုင်ပြီလား တခြားနိုင်ငံတွေရဲ့ထုတ်ကုန်များပေါ် အရည်အသွေး ယှဉ်နိုင်ပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ထွက်သမျှပြောင်းက အဝေးကြီးရှာစရာမလိုဘူး အိမ်နီးနားချင်းနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံနဲ့ တင်လုံလောက်ပါတယ်။ အရည်သွေးကိုထိန်းသိမ်းရမယ်။ တစ်ဧကရဲ့ ကုန်ကျစရိတ်ကို လျော့ချ ဖို့လိုအပ်လာမယ်။ တစ်ဧကရဲ့ အထွက်နှုန်းကိုတိုးလာအောင် ဆောင်ရွက်ဖို့လိုအပ်မယ်” ဟု ဥက္ကဌ ဦးမင်းခိုင် ကဆက်လက် ပြောသည်။
✔️လက်ရှိမှာတော့ တိုးထုတ်ရန်ပြင်ဆင်ထားကြပြီး ပြောင်းကို တစ်နှစ်လျှင်တင်ပို့မှုမှ ၁ဘီလျံလောက် ရရှိနိုင်ရန်ခန့်မှန်းထားကြောင်းလည်းသိရသည်။ ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးမြင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်၊ ပြည်တွင်းငွေကြေးကို တိုးမြင့်စေရန် ရည်ရွယ်ကာ ထိုင်းမြန်မာနယ်စပ်ဒေသများတွင် ဘတ်ငွေ နှင့် ကျပ်ငွေများကို တိုက်ရိုက်အသုံးပြုခွင့် ပေးလိုက်ကြောင်းသိရသည်။
✔️လက်ရှိပြောင်းမှာ တစ်ပိဿာလျှင် ရန်ကုန်စျေး ၁,၀၂၀ ကျပ် နှင့် မြဝတီစျေး ၁,၀၇၀ ကျပ် ပေါက်စျေး ရှိနေပြီးဈေးကောင်းရတဲ့နှစ်လည်း ဖြစ်ကြောင်းသိရသည်။ တရုတ်နှင့် ထိုင်းအပြင် အခြားပြည်ပနိုင်ငံ များမှ ပြောင်းစေ့များအား ဝယ်ယူမှုမြင့်တက်နေသောကြောင့် ပြောင်းစျေးမြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။ ပြည်တွင်းအပြင် ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက်အနေဖြင့် ပိုမိုကောင်းသည့် အလားလာရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
✔️လက်ရှိ တိုင်းနှင့်ပြည်နယ် (၇)ခုတွင် ပြောင်းစိုက်ဧက ၁သိန်းခွဲဝန်းကျင်မှ နှစ်စဉ် တန်ချိန်(၃)သန်း အထိ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ ယခင်ကာ ကိုဗစ်ကာလတွင် ပြည်တွင်း၌ တန်ချိန် ၈သိန်း မှ ၁၀သိန်းကြား သုံးစွဲကာ ပြည်ပသို့ (၂)သန်းကျော် တင်ပို့ခဲ့ကြောင်းသိရပြီး ကိုဗစ်အပြီးကာလတွင် ပြည်တွင်းသုံးစွဲမှုလျော့သွားကာ ၅သိန်းလောက်သာသုံးစွဲပြီး (၂.၅) သန်းကျော်သာ ပြည်ပသို့ တင်ပို့ လျက်ရှိကြောင်းသိရသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News