menu

ပြောင်းစျေးများ ထပ်မံကျဆင်းနေ


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

⏩ယခုလအတွင်း ပြောင်းဈေးနှုန်းမှာ ပြီးခဲ့သည့်လကထက် စျေးနှုန်း ၂၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းသွားကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

⏩ယခုကာလမှာ Normal Trade အပြင် Border Trade ပါ တင်ပို့မှု မရှိသလောက်ဖြစ်နေကြောင်း သိရပြီး စျေးနှုန်းများမှာ ထပ်မံကျဆင်းနိုင်ကြောင်း သုံးသပ်ကြသည်။ “ပြောင်းက ပြီးခဲ့တဲ့လ နောက်ဆုံးအပတ် ကနေ အခုလ နောက်ဆုံးပတ်အထိ တစ်လအတွင်းမှာ စျေးက ၁,၀၀၀ အောက်ကို ရောက်သွားတယ်။ ၂၅ ရာခိုင်နှုန်း အထိ ဆက်ပြီးကျသွားတယ်ပြောလို့ရတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ ဦးမင်းခိုင် က ပြောသည်။ 

⏩လက်ရှိစျေးကွက်တွင် အရောင်းအဝယ်အားဖြင့်လည်း အေးနေသလို ပြောင်းစျေးမှာလည်း ကျဆင်းနေ ကြောင်း ပြောင်းကုန်သည်များက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ (၂၃)ရက်က ရန်ကုန်စျေး ပြောင်း တစ်ပိဿာလျှင် ၁,၀၆၀ အထိ ရှိခဲ့သော်လည်း လက်ရှိ ပြောင်းတစ်ပိဿာလျှင်၇၀၀ ကျော်သာရှိတော့ ကြောင်းသိရသည်။

⏩လတ်တလောအခြေအနေအရ Normal Trade မှာ တန်ချိန် သောင်းဂဏန်းခန့်သာ တင်ပို့မှုရှိပြီး Border Trade ပါ ဒေါ်လာစျေးဖြင့် မကိုက်သည့်အတွက် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။ နောက်ပိုင်း ပြောင်းစျေးအလားအလာကို မခန့်မှန်းနိုင်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိခဲ့ပြီး မိုးခေါင်သည့် အခြေအနေ နှင့် ဖျက်ပိုးကျသည့်အခြေသို့ ရင်ဆိုင်နေကြရကြောင်း သိရသည်။ ထို့ကြောင့် စိုက်ပျိုး ထုတ်လုပ်နိုင်မှုနှင့် ထွက်ရှိမည့်ပမာဏလျော့ကျနိုင်ကြောင်း ပြောင်းစိုက်တောင်သူများထံမှသိရသည်။

⏩“တောင်သူတွေက အကုန်စိုက်ပြီး ဒီလိုသာဆက်သွားနေရင် တောင်သူတွေအနေနဲ့ အကျိုးအမြတ် ရနိုင်တဲ့ စျေးနှုန်းမဖြစ်နိုင်ဘူး လို့ ခန့်မှန်းရတယ်။ အခုရန်ကုန်စျေးတောင် ၇၀၀ ဖြစ်နေတာ အဆင်မပြေလောက်ဘူး” ဟု ပြောင်းစိုက်တောင်သူတစ်ဦး မှ ပြောသည်။ ယခင်က နှစ်စဉ်ပြောင်းကို ထိုင်းနိုင်ငံသို့ ပုံမှန်ကား တစ်ရက်လျှင် အစီးရေ နှစ်ရာ မှ သုံးရာ ကြားအထိ တင်ပို့နေလျှက်ရှိရာမှ လက်ရှိ တွင် ရပ်တန့်လုနီးပါးရှိနေကြောင်းသိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဖိုးချဲ (AMIA)