menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲလွမ်းပြာ ဈေးများကျဆင်းနေ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
➡️လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ပဲလွမ်းပြာ ဈေးကွက်ထိခိုက်ကာ ဈေးနှုန်းများ ကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်နေကြောင်း ပဲလွမ်းပြာစိုက်ပျိုးမှုများသောဒေသဖြစ်သည့် ပခုက္ကူမြို့နယ်၊ ဆိပ်ခဝါကျေးရွာအုပ်စုရှိ တောင်သူများက ပြောသည်။ ယခင်နှစ်က ပဲလွမ်းပြာ တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ ကျော် ဈေးရရှိသော်လည်း ယခုနှစ်တွင် ကျပ် ၂၀,၀၀၀ သာရရှိကြောင်း တောင်သူများက ပြောသည်။
➡️“ဒီနှစ်ပဲဈေးကွက်က ထင်သလောက်ဈေးမရဘူး။ဒါ့အပြင်လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ တခြားမြို့တွေက လာမဝယ်ကြဘူး။ အရင်တင်ပို့နေကျ တရုတ်၊ အိန္ဒိယနိုင်ငံကို မရောင်းဘူး။ အဲဒီတော့ တောင်သူတွေက ရတဲ့ဈေးနဲ့ရောင်းနေရတယ်။ ရောင်းရပြန်တော့ အကြွေးနဲ့။ ဘာကြောင့်လဲဆိုတော့ ဘဏ်တွေက အခြေအနေကြောင့် ငွေကြေးမလည်ပတ်ဘူးဖြစ်နေတယ်”ဟု ဆိပ်ခဝါကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာနေ ဦးကျော်ညွန့်က ပြောသည်။ အဆိုပါဒေသတွင် ပဲလွမ်းအပြင် အခြားစိုက်ပျိုးသည့် သီးနှံများဖြစ်သောငရုတ်နှင့် ကြက်သွန်ဈေးများမှာလည်း ယခင်နှစ်ကထက် ကျဆင်းသွားကြောင်း ၎င်းက ဆက်ပြောသည်။
➡️“ကျွန်တော်တို့ဆီမှာ ပဲစိုက်တာများတယ်။ငရုတ်၊ ကြက်သွန်က စိုက်ပျိုးပေမဲ့ ပဲလောက်တော့ မများဘူး။ အခုတောင်သူတွေ အရှုံးပေါ်နေတာ ကိုဗစ်ကာလကတည်းကပါ။ နောက်ပြီး စိုက်တဲ့စရိတ်များတော့ တောင်သူတွေ ခဏ ခဏအရှုံးပေါ်နေရင် နောက်ဆိုရင်စိုက်ပျိုးတဲ့တောင်သူတွေ မရှိမှာစိုးရိမ်ရတယ်။ အခုတောင် တချို့တောင်သူတွေ တောင့်မခံနိုင်ကြတော့ဘူး။ ဘာကြောင့်လဲဆိုတော့ စိုက်ပျိုးရေး တစ်ခုလုပ်မယ်ဆိုရင် ငွေချေးတဲ့သူတွေဆီမှာ အတိုးနဲ့ယူပြီး လုပ်ကြရတယ်။ သီးနှံပေါ်ချိန်မှသာ ချေးထားတဲ့ငွေတွေကို ပြန်ဆပ်ရတယ်။ အဲဒီတော့တောင်သူတွေမှာ အရှုံးများတာနဲ့ အကြွေးတွေ တင်တဲ့အပြင် စားဝတ်နေရေးလည်း ခက်ခဲလာတယ်” ဟု တောင်သူဦးသူရက ပြောသည်။
➡️တောင်သူများ အရှုံးပေါ်နေခြင်းကို ရပ်တန့်စေရန် အခြားအလားအလာရှိသည့် ဈေးကွက်သစ်များ ရှာဖွေဖော်ဆောင်ပေးသင့်ကြောင်း တောင်သူများက တောင်းဆိုကြသည်။ “ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဆိုတော့ စိုက်ပျိုးရေးနည်းပညာတွေ၊ ဈေးကွက်တွေ လုပ်ပေးသင့်တယ်။ အခုဟာက တောင်သူတွေမှာနှစ်စဉ်အရှုံးနဲ့ ရင်ဆိုင်နေရလို့စိုက်ပျိုးရေးလုပ်ငန်းကို လုံးဝရပ်ဆိုင်းရတဲ့တောင်သူတွေ အများကြီးရှိတယ်“ဟု ဦးကျော်ညွန့်က ပြောသည်။
Sources : ပံဆင့်အောင်(မြန်မာတောင်သူကြီးများဂျာနယ်)