menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ပဲမာလိုင်းပဲများ စျေးမြင့်တက်ကာ အဝယ်သွက်နေသည့် ပဲမျိုးစုံဈေးကွက်”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံပဲများနှင့်အတူ မြေပဲဆံ၊ ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းပဲအချို့ ယခုသီတင်းပတ်အတွင်း စျေးမြင့်တက်ကာ အဝယ်သွက်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
⏩မန္တလေးပဲနှမ်းစျေးကွက်တွင်သာ ဝယ်ယူနိုင်သည့် မြေပဲဆံစျေးမှာ အသစ်ဝင်ရောက်မှုနည်းလာခြင်း ကြောင့် တစ်ပိဿာ ကျပ် ၄,၀၀၀ ခန့် ယခင်စျေးကို ပြန်လည်ရောက်ရှိလာသည်။ အိန္ဒိယလိုင်းမှ အဝယ်ကောင်းလာသဖြင့် မတ်ပဲနှင့် ပဲစင်းငုံဈေးတို့မှာလည်း မြင့်တက်လာကာ အဝယ်သွက်နေသည်။ တရုတ်လိုင်းတင်ပိုသည့် ပဲတီစိမ်းအတွက်မူ စျေးအနည်းငယ်ကျဆင်းမှုရှိသော်လည်း ပေါက်စျေးအတိုင်း အရောင်းအဝယ်ကောင်းနေသည်။
⏩“မြေပဲဆံမှာ မန္တလေးစျေးကွက်တွင်သာ ဝယ်လို့ရတာမို့ ပြည်တွင်းဆီစက်ပိုင်များ ဝယ်လိုအားကောင်း တော့ တစ်ပိဿာ ကျပ် ၄,၀၀၀ စျေးပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းကတော့ တစ်အိတ် ၁၃၇,၀၀၀ -၁၃၈,၀၀၀ စျေးထိကျဆင်းသွားပါတယ်။ ရန်ကုန်အဝယ်ရှိလာလို့ မတ်ပဲနဲ့ ပဲစင်းငုံက စျေးမှာ အရောင်းအဝယ်သွက်စျေးမြင့်တက်လာပါတယ်။ မတ်ပဲ စျေးက တစ်အိတ် ၁၄၅,၀၀၀ - ၁၄၇,၀၀၀ ပေါက်စျေးရှိပါတယ်။ ပဲစင်းငုံ တစ်အိတ် ၁၃၀,၀၀၀ စျေးထိ မြင့်တက်လာပါတယ်။
⏩"နှမ်းနက်စျေးကတော့ စျေးကျဆင်းနေပါတယ်။ အိန္ဒိယပို့ကုန်ပဲတွေ စျေးငြိမ်အဝယ်သွက်လာပါတယ်။ တရုတ်လိုင်းပဲတွေကတော့ စျေးကျဆင်းမှုရှိနေပေမယ့် အဝယ်တော့သွက်ပါတယ်။ ပဲမာလိုင်းတွေ ကတော့ ကုလားပဲအုပ်စု စျေးတက်လာပါတယ်။ မြေထောက်ပဲ၊ စွန်တာပြာတို့ တစ်အိတ်ကျပ် ၁၀,၀၀၀ ခန့်၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၀,၀၀၀ခန့် တက်လာတာကလွဲရင် အခြားပဲတွေထူခြားမှုမရှိ စျေးဆက်ငြိမ်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
🫘ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း🫘
အိန္ဒိယပို့ကုန်မတ်ပဲနှင့် ပဲတီစိမ်းမှာ စျေးငြိမ်ကာ အဝယ်သွက်လာပြီး ယခင်သီတင်းပတ်ထက် စျေးအနည်းငယ်မြင့်တက်လာသော်လည်း ပဲစင်းငုံမှာမူ တစ်အိတ်ကျပ် ၁၃၀,၀၀၀ ခန့်ဖြင့် စျေးတည်ငြိမ်နေသည်။ မတ်ပဲ တစ်အိတ် ကျပ် ၁၄၅,၀၀၀ - ၁၄၇,၀၀၀ ဈေးရှိပြီး ပဲတီစိမ်းရွှေဝါမှာ လက်ရှိပေါက်စျေး ထိပ်စ တစ်အိတ်ကျပ် ၁၃၇,၀၀၀ - ၁၃၈,၀၀၀ ဖြင့် အရောင်းအဝယ်သွက်နေသည်။ ပဲတီစိမ်းခွဲပဲစျေးမှာမူ စျေးကျဆင်းလာနေသည်။
🥜မြေပဲ🥜
မန္တလေးကုန်စည်ဒိုင်သို့ မြေပဲဆံ အသစ်ဝင်ရောက်မှုရပ်သွားပြီးနောက် မြေပဲဆံစျေးမှာ ဆီစက်ပိုင်များ ကုန်ကြမ်းဝယ်ယူမှုများကြောင့် S1 မြေပဲဆံ တစ်ပိဿာ ကျပ် ၄,၀၀၀ - ၄,၁၅၀ ပေါက်ဈေးဖြစ်လာသည်။ ယခင်သီတင်းပတ်က ရက်ပိုင်းခန့် ကျပ် ၄,၀၀၀ အောက်သို့ ရောက်ရှိခဲ့သည်။ အနီလုံးဆံနှင့် အခြားအမျိုးအစားများမှာ တစ်ပိဿာ ကျပ် ၃,၉၀၀နှင့်အောက်တွင် ရှိနေသည်။
⏩ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး ကျပ် ၁၄၈,၀၀၀ ဈေးရှိကာ အမျိုးအစားအလိုက် တစ်အိတ် ၅,၀၀၀ကျပ် ဈေးမြင့်တက်လာပြီး၊ ပဲယင်းတစ်အိတ်ကျပ် ၁၄၂,၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၁၉၇,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၀,၀၀၀ ၊ စွန်တာပြာတစ်အိတ် ကျပ် ၁၃၂,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၇၀,၀၀၀ ၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၈၀,၀၀၀ အသီးသီးပေါက်စျေးရှိသည်။
Sources : ရွှေမန်း (The Farmer Media)