menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ၊ မြေပဲ နှင့် နှမ်းဈေးကွက် အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ပြည်တွင်းရွှေ နှင့် ဒေါ်လာဈေးများ ကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းဈေးကွက်အတွင်း ကုန်မျိုးစုံမှာ ဈေးကျဆင်းလာကြောင်း နှင့် ယခုရက်သတ္တပတ်အတွင်း မြေပဲဆံများ လှိုင်လှိုင်ဝင်ရောက်နေကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရသည်။ စက်တင်ဘာလကုန်ပိုင်းရက်များတွင် ပြည်တွင်းရွှေဈေး သိသိ သာသာကျဆင်းနေသကဲ့သို့ ဒေါ်လာငွေလဲလှယ်နှုန်းမှာလည်း ကျဆင်းနေရာ စံချိန်တင်အမြင့်ဈေးများ ရောက်ရှိထားသည့် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးနှုန်းများလိုက်ပါကျဆင်းနေသည်ကို တွေ့ရသည်။
⏩ထို့ပြင် ပြည်တွင်းပဲလက်ကျန်များလည်း နည်းပါးနေပြီး အသစ်ဝင်ရောက်နေသည့် မြေပဲဆံဈေးကွက် သည်လည်း အနည်းငယ် ဆက်လက်ကျဆင်းနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
⏩"ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ် အေးနေပါတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုဝင် ပဲတွေက သုံးတင်းဝင်တစ်အိတ်ချင်းကို ကျပ် ၂၀,၀၀၀ကျော် ဈေးကျသွားတယ်။ ပို့ကုန်ပဲဈေးတွေလည်း ကျဆင်းလာပါတယ်။ အသစ်ဝင်မြေပဲဆီဆံ တစ်ပိဿာ ကျပ် ၅,၂၀၀ ခန့်သာပေါက်ဈေးရှိပါတယ်။ အနီလုံးဆံက တစ်ပိဿာကျပ် ၅,၄၀၀ ပဲရှိတော့တယ်။ နှမ်းမျိုးစုံဈေးကွက်လည်း အေးနေပါတယ်။ စက်တင်ဘာလကုန်ပိုင်းရက်တွေမှာ ငွေဈေး၊ ရွှေဈေးတွေက အကျဘက်သွားနေတော့ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံးလည်း လိုက်ပါကျဆင်းနေခြင်းဖြစ်ပါတယ်။ ပဲမာလိုင်းတွေကလည်း လက်ကျန် ပစ္စည်းနည်းလာပါပြီ" ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ရွှေဈေး အတက်အကျ မြန်ဆန်နေသည့် စက်တင်ဘာလကုန်ပိုင်းရက်များတွင် ပို့ကုန်ပဲများ အဝယ်အေးသွားခဲ့ရာ စက်တင်ဘာ (၃၀) ရက်တွင် မတ်ပဲ တစ်အိတ်ကျပ် ၁၉၂,၀၀၀ - ၁၉၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်ကျပ် ၂၀၀,၀၀၀ သာ ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်းအညာမှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၃၅,၀၀၀ - ၁၅၅,၀၀၀ သာ ပေါက်ဈေးရှိပြီး အဝယ်အေးနေလျက်ရှိသည်။
🥜မြေပဲ🥜
အသစ်ဝင်မြေပဲဆံများ ဈေးကွက်အတွင်းလှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် မြေပဲဆံဈေး အနည်းငယ်ကျဆင်းသွားရာ ပို့ကုန်မြေပဲ S1လုံးဆံများမှာ တစ်ပိဿာ ကျပ် ၅,၈၀၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၅,၆၀၀ သာဈေးရှိနေပြီး တစ်ပိဿာလျှင် ကျပ် ၂၀၀ခန့် ကျဆင်းသွားသည်။ ထို့အတူ မြေပဲဆီတစ်ပိဿာကျပ် ၁၂,၀၀၀၊ နှမ်းဆီ တစ်ပိဿာကျပ် ၁၁,၀၀၀၊ စားအုန်းဆီတစ်ပိဿာကျပ် ၈၀၀၀အောက်သို့ ကျဆင်းသွားသည်။
⏩ထို့အတူ ပြည်တွင်းသုံးပဲများလည်း ဈေးကျဆင်းကာ အရောင်းအဝယ် နည်းပါးလျက်ရှိပြီး စက်တင်ဘာ ၃၀ရက်တွင် ကုလားပဲ V2တစ်အိတ်ကျပ် ၁၈၆,၀၀၀၊ ပဲယင်းတစ်အိတ်ကျပ် ၁၅၃,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ပဲထောပတ်တစ်အိတ်ကျပ် ၁၆၈,၀၀၀ ၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၅၅,၀၀၀ ၊ မြေထောက်ပဲတစ်အိတ် ကျပ် ၂၆၀,၀၀၀ ၊ ကျွန်းစားတော်ပဲတစ်အိတ်ကျပ် ၃၉၀,၀၀၀ ပေါက်ဈေးဖြစ်နေသည်။
Sources : ရွှေမန်း