menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ နှင့် ဖျက်ပိုးရောဂါ
ပဲတီစိမ်း
ပဲမျိုးစုံစိုက်ပျိုးမှုတွင် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ကောင်းများ စိုက်ပျိုးရေးသုတေသနက ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် ပဲတီစိမ်းတွင် မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းဆောင်း ရာသီ၊ ရာသီမရွေး စိုက်ပျိုးနိုင်သောမျိုးများ ထွက်ရှိနေပြီ ဖြစ်သည်။ ရေ၊ မြေ အခြေအနေ ပေးပါက တစ်ဧက တင်း ၃၀ ကျော် ထွက်ရှိ နေပြီး မျိုးများသည် အဝါရောင်မိုစေ့ရောဂါ၊ ရွက်ပြောက်ရောဂါ ခံနိုင်လာသဖြင့် မျိုးရွေး ချယ်စိုက်ပျိုးမှု အရေးကြီးသည်။ ရေဆင်း ပဲတီစိမ်း (၁၁)၊ ရေဆင်းပဲတီစိမ်း (၁၄) တို့ကို တောင်သူများ ကြိုက်နှစ်သက်ကြသည်။ မျိုးစေ့ကောင်းဖြစ်ပြီး အပင်ပေါက်လည်း ၉၀ ရာခိုင်နှုန်းအထက်ရှိသော ရောဂါဒဏ်ခံ နိုင်သော ပဲတီစိမ်းမျိုးကို မစိုက်ပျိုးမီ ပဲမြစ်ဖု ဇီဝမြေဩဇာ (တစ်ဧက တစ်ထုပ်) နှင့် အပင် ငယ်စဉ် မှိုရောဂါကျရောက်နိုင်၍ ဂရုပြုကာ ကွယ်သင့်သည်။ မှိုသတ်ဆေးနှင့် မျိုးစေ့လူးနယ်ပြီးမှ စိုက်ပျိုးသင့်သည်။ မြေတွင်းအောင်းပိုး၊ ပင် စည်ထိုးယင်တို့ ကျရောက်နိုင်သဖြင့် စိုက် ပျိုးမည့်မြေကြီးကို မြေအောင်းပိုးသတ်ဆေး တစ်ဧက သုံးကီလိုဂရမ် စိုက်ကြောင်းထဲ၌ ကြိုတင်ထည့်ပြီးမှ စိုက်သင့်သည်။ အပင် ငယ်စဉ်ကာလမှာ ရောဂါနှင့် ပိုးကျရောက်မှု များတတ်သည်။ ပင်စည်ထိုးယင်၊ ငမြှောင် တောင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ခူမွေးရှည်တို့ ကျသည်။ ပန်းပွင့်ချိန်တွင် ပွင့်ထွေးပိုး၊ ရွက် ထွေးပိုး ကျရောက်သည်။ အသီးသီးချိန်တွင် သီးလုံးဖောက်ပိုး ကျနိုင်သည်။ ပန်းမပွင့်ခင် နှင့် သီးတောင့်ဖြစ်ချိန်တို့တွင် စိုက်ခင်းကို ရေတစ်ကြိမ်စီ ပေးသွင်းလျှင် အပင်ဖြစ်မှု ၊ ပွင့်သီးမှုကောင်းသည်။ အပင်ကျန်းမာလျှင် ပိုးနှင့် ရောဂါဝင် ရောက်မှု နည်းပါးသည်။ ပဲမစိုက်ခင် စိုက်ပျိုး မည့်လယ်ယာမြေကို ထယ်ထိုး၊ နေလှန်း ထားလျှင် လှေးကျိုင်းကျရောက်မှု သက်သာ သည်။ လှေးကျိုင်းသည် အရွက်နုကို စား တတ်ပြီး မနက်နှင့် ညနေစောင်းအချိန် ကျ ရောက်မှုများသည်။ ပင်စည်ထိုးယင်ကောင် သည် ပေါင်းမြက်များမှ အဓိကလာရောက် တတ်သည်။ အရွက်ပေါ်ဥပြီး အကောင် ပေါက်လျှင် အရွက်အတွင်းသားထဲ ဝင်သွား တတ်သည်။ ရွက်ညှာအောက်ခြေမှ ပင်စည် ထဲဝင်ပြီး ပင်စည်မှ အပင်အောက်ခြေ၊ မြေ နှင့်နီးကပ်သောနေရာထိ ဆင်းသွားပြီး အပင်ခြေတွင် ဖုကားရောင်ရမ်းလာလျှင် အထဲ၌ ပိုးရှိနေပြီဟု သိရပြီ။ လှေးပိုးမှာ စုပ်ပိုးဖြစ်၍ ပဲတီစိမ်းပန်း ပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်၊ ရွက်နုကို စစ်ဆေးရသည်။ ငှက် မွေးဖလံပိုးသည် အရွက်များနှင့် အသီးများ အပေါက်ဖြစ်အောင် ကိုက်ဖြတ်ပြီး အထဲ၌ ပိုးကောင်နေထိုင်သည်။ အရွက်နု၊ အသီး ကင်းများစတင်ချိန် အသီးထဲ ထိုးဖောက်ဝင် တတ်သည်။ ဖားဥမှိုရောဂါမှာ အပင်ပေါက် ရလာချိန် ကျတတ်ပြီး ဆောင်းစိုက်ပဲခင်း များတွင် အစိုဓာတ်နည်း၍ အပူချိန်တက် လာချိန် ကျရောက်မှုများသည်။ အပင်ငယ် စဉ် အထူးဂရုပြုသင့်သော ရောဂါဖြစ်သည်။ အပင်ငယ်စဉ် ရောဂါကျလျှင် အပင်သည် ဆက်လက်ကြီးထွား၊ နာလန်ထူနိုင်ရန် ခက် ခဲသည်။ မိုးရာသီစိုက်ပျိုးသော ပဲတီစိမ်းစိုက် ခင်းများတွင် အကျများသဖြင့် အညာဒေသ၊ မြေလတ်ဒေသတို့တွင် ဂရုပြုရသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသသည် ပဲတီ စိမ်းကို မိုးစိုက်ထက် မိုးစပါးရိတ်သိမ်းအပြီး ဆောင်းစိုက်ပိုများသဖြင့် ကျရောက်မှုနည်း သည်။ မှိုများ လေမှပျံ့လွင့်ကူးစက်သဖြင့် မိမိစိုက်ခင်းအထက်တွင် ပဲတီစိမ်းခင်းပိုးကျ လျှင် အောက်စိုက်ခင်းများ ကူးစက်နိုင် သည်။ ပဲတီစိမ်းရွက်ပြောက်ဖြစ်သော ရောဂါမှာ မိုးစိုက်ပဲတီစိမ်းအဖြစ်များသည်။ မှိုရောဂါဖြစ်ပြီး အရွက်၊ ပင်စည်၊ အသီးများ ပေါ်တွင် တွေ့ရတတ်သည်။ မိုးများ၊ စိုစွတ် လျှင် ဖြစ်ပွားပြီး ခြောက်သွေ့လျှင် ရောဂါဖြစ် ပွားမှုနည်းသည်။ ရောဂါပြင်းဖြစ်၍ အထွက်သိသိသာ သာ ကျသည်။ အရှေ့တောင်အာရှတွင် မိုး ရာသီပဲတီစိမ်းစိုက်ပျိုးသော နိုင်ငံများ၏ လယ်ယာမြေတွင် အများဆုံးကျ၍ အများ ဆုံးပျက်စီးသည့်ရောဂါဟု သတ်မှတ်ထား သည်။ လေဆောင်ရောဂါဖြစ်၍ လေကာပင် များ ပဲတီစိမ်းစိုက်ခင်း ဘေးပတ်လည်၌ ကာရံစိုက်ပျိုးထားသင့်သည်။ ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်မှုများချိန်တွင် ပဲစိုက် ခင်းများတွင် ဖျက်ပိုးနှင့် အပင်ရောဂါကျ ရောက်မှုသည် အဓိကဆက်စပ်နေပါသဖြင့် နေပူ၊ မိုးရွာ၊ လေပြင်းကျ၊ စွတ်စို၊ အေးမြမှု တို့သည် အများဆုံး အဓိကဂရုပြုရမည့် အချက်များဖြစ်နေသည်။ အပင်ငယ်စဉ်မှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေး ပက်ဖျန်းလျှင် သက်သာမှုရှိသည်။ အသီးသီး၊ အပင်ကြီး၍ အသီးအစေ့ခူးခါနီးပြီဆိုပါက ဓာတုဆေး အသုံးမပြုသင့်ပါ။ ဓာတ်ကြွင်းအာနိသင် များ အစေ့၊ အသီးပေါ်၌ ကျန်ရစ်ခဲ့ခြင်းသည် ပဲဈေးကွက်ကို ပျက်စေသည့်အပြင် စားသုံး သူအတွက် အန္တရာယ်များစွာ ရှိပါသည်။
မတ်ပဲ
မတ်ပဲမှာ လင်းတာတုံ့ပြန်မှုမရှိသော ရေဆင်း (၁) ကဲ့သို့ ပဲမျိုးများကို သုတေသန က မျိုးထုတ်ပေးနိုင်ခဲ့သဖြင့် ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်များ၌ အပူချိန်မြင့်မှုနှင့် မိုးများ မှုမရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော မျိုးများ ရှိလာပြီဖြစ်သည်။ တစ်နည်းအား ဖြင့် ဆောင်းပဲမျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ အညာနှင့် မြေလတ်တွင် မေလ၊ ဇွန်လတွင် မိုးရွာမှု မျှတ၊ နည်းပါး သဖြင့် စိုက်ပျိုးနိုင်ကြသည်။ မိုးနှောင်း ဆောင်းတွင် အောက်တိုဘာလ၊ နိုဝင်ဘာလ စိုက်ပျိုးကြရသည်။ မိုးရွာမှုများသော မြန်မာ နိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးနှောင်း ဆောင်းရောက်မှ နိုဝင်ဘာလအတွင်း အပြီး စိုက်ပျိုးကြရပါသည်။ စိုက်ချိန်အရေးကြီး သည်။ စိုက်ချိန်နောက်ကျလျှင် မြေအစိုညံ့ ၍ အပင်မဖြစ်ထွန်းပါ။ ပိုးမွှားနှင့် ရောဂါကျ တတ်သည်။ မတ်ပဲ၏ အဓိကဖျက်ပိုးမှာ သီးနှံစုံ ကျရောက်ဖျက်ဆီးသော ငမြှောင်တောင် ဖြစ်သည်။ အပင်ပေါက်စ၊ ရွက်ညွန့်များစား ရာတွင် အုပ်လိုက်ကျသောပိုး ဖြစ်သည်။ ပေါင်းမြက်နှင့် စိုက်ခင်းထဲက အမှိုက်တွင် နေထိုင်ကြသဖြင့် ပေါင်းရှင်း၊ အမှိုက်ရှင်း၊ ရွက်ကြွေရှင်းရမည်။ ညထွက်ဖျက်ပိုးဖြစ် သဖြင့် စိုက်ခင်းထဲတွင် ထိသေဆေး လူး နယ်ထားသော ပဲဖတ်၊ နှမ်းဖတ်၊ ပဲစေ့များ ချထားခြင်းဖြင့် နှိမ်နင်းနိုင်သည်။ လှေးကျိုင်းမှာ နံနက်နှင့် ညနေပိုင်း ဖျက်ဆီးသည့်ပိုးဖြစ်သည်။ ပင်စည်ထိုးယင် မှာ အရွက်အတွင်းဝင်ပြီး ပင်စည်ထဲသို့ ရောက်ရှိဖျက်ဆီးသည်။ ပဲကြမ်းပိုးဖျက်ပိုး မှာ အရွက်နု၊ အသီးနုအဆင့်တွင် ဖျက်ဆီး၍ အသီးတွင် အဆန်မပြည့်၊ လုံးပိန်လုံးညှက် ဖြစ်ရသည်။ ပန်းပွင့်ချိန်၊ သီးကင်းသီး တောင့်ဖြစ်စအရွယ် ပင်လုံးပြန့်ပိုးသတ် ဆေး ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင် သည်။ ယင်ဖြူလည်း သတိပြုရမည်။ သီးလုံး ဖောက်ပိုးလည်း ဂရုပြုရမည်။ ဖားဥမှိုရောဂါမှာ အပင်တွင် ပေါင်ဒါ မှုန့်ဖြူးထားသကဲ့သို့ ရောဂါလက္ခဏာပြ သည်။ အပင်ပေါက်ရသည်နှင့် ရောဂါကျ နိုင်သည်။ သံချေးမှိုရောဂါလည်း ကျသည်။ အရွက်မှာ သံချေးရောင်အဖုများ ဖြစ်လာ သည်။ စိုက်ခင်းကို စစ်ဆေးမှုအမြဲရှိပါက ရောဂါကျခါစ သိလျှင်သိချင်း ကျသော အရွက်ခြွေပစ်သည်နှင့် ရောဂါမပြန့်ပွားနိုင် ပါ။ မြေအောင်းပိုးနှင့် ပင်စည်ထိုးယင်မှာ မစိုက်ခင် မျိုးစေ့ကို မြေအောင်းပိုးသတ်ဆေး လူးနယ်စိုက်ခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင် သည်။ အဝါရောင်မိုစေ့ရောဂါကလည်း မတ် ပဲစိုက်လျှင် သတိပြုရသည်။ ယင်ဖြူကျလျှင် အဝါရောင်မိုစေ့ရောဂါ ဆက်လက်ဖြစ် သည်။
ပဲစင်းငုံ
ပဲစင်းငုံမှာ ဒေသသက်ကြီးမျိုးထက် သက်လျင်၊ လင်းတာတုံ့ပြန်မှုမရှိသော ရာသီမရွေး စိုက်နိုင်သည့် ရေဆင်းမျိုးများ စိုက်သင့်သည်။ ဒေသမျိုးသည် ရာသီဥတု အေးလျှင် ပန်းပွင့်ကြသည်။ မျိုးရွေးချယ်ရာ တွင် ဒေသ၊ စိုက်ချိန်၊ စိုက်စနစ်၊ စိုက်ချိန် ကြုံတွေ့ရမည့် ရာသီဥတုကို ချိန်ဆသင့် သည်။ ယာမြေများသည် သဲဆန်မှုများသ ဖြင့် မြေတွင်းအောင်းပိုး၊ ခြ၊ ပုရစ်၊ ဖိုးလမင်း ကျိုင်း ကျတတ်သည်။ စိုက်ခင်းမြေပြုပြင် စဉ် တမာစေ့ကြိတ်ဖတ်ဖြစ်စေ၊ မြေအောင်း ပိုးသတ်ဆေးမှုန့်ဖြစ်စေ ထည့်ပါ။ သီးတောင့် ဖြစ်ချိန် ပိုးကျမှုရှိသည်။ သီးတောင့်ထိုးပိုး သည် အရွက်၊ အပွင့်သီးတောင့်နုများကို ပိုးကောင်၏ ခန္ဓာကိုယ်မှထုတ်သော ပိုးချည် မျှင်ဖြင့် ထွေးလုံးရစ်ပတ်ပြီး အထဲဝင်ရောက် နေထိုင် စားသောက်သည်။ သက်လျင်မျိုးတွင် အများဆုံးကျ ရောက်လေ့ရှိသည်။ သက်လျင်မျိုး စိုက်ခင်း များကို မိုးအုံ့သော ရာသီချိန်ကာလ၊ မိုးစိုက် ဖြစ်လျှင် ဇူလိုင်လ၊ ဆောင်းစိုက်ဖြစ်လျှင် ဒီဇင်ဘာလတို့တွင် ဂရုပြုကာကွယ်နှိမ်နင်း ပါ။ အများဆုံးတွေ့ရသည်မှာ မြေလတ်ဒေ သ၊ အညာဒေသများ ဖြစ်သည်။ ပဲတောင့်ဖြစ် ချိန် ပဲသီးစားပိုးမှာ သီးတောင့်ထဲဝင်၍ စား သည်။ ရောဂါမှာ ပင်ဖိုမိုစေ့ရောဂါဖြစ်လျှင် အရွက်သေးငယ်ပြီး အရွက်တွင် ကွက်ကျား ပြောက်များ ဖြစ်လာသည်။ ရောဂါကျလျှင် အသီးတင်မှုနည်း သည်။ မိုစေ့ရောဂါမှာ ဗိုင်းရပ်စ်သက်ရှိနှင့် မိုက်ကိုပလာစမာ (Mycoplasma) သက်ရှိ တို့ကြောင့် ဖြစ်ရသည်။ စုပ်ပိုးမွှားပင့်ကူနီမှ တစ်ဆင့် ရောဂါကူးစက်ခံရသည်။ ပဲစင်းငုံ သက်ကြီးမျိုးများအားလုံးသည် ဤရောဂါ ကို ခံနိုင်ပြီး သက်လျင်မျိုးများမှာ ကျရောက် မှုအလွန်များသည်။ ထို့ကြောင့် သက်လျင် မျိုး စိုက်ပျိုးကြသူ များသဖြင့် အထူးသတိပြု ရမည့်ပိုးနှင့် ရောဂါဖြစ်ပါသည်။ ကာကွယ် နိုင်သည်မှာ ခံနိုင်ရည်ရှိသောမျိုး ရွေးချယ် စိုက်ရန် လိုသည်။ ပဲစင်းငုံနှင့် မြေပဲ၊ ပြောင်း၊ ဝါသီးညှပ်စိုက်လျှင် ပိုး၊ ရောဂါသက်သာ သည်။ သီးလှည့်စိုက်လျှင် သက်သာသည်။ ရေဝပ်လျှင် ရောဂါကျလွယ်သည်။
ပဲပုပ်
ပဲပုပ်ပင်သည် နေ့တာတိုရန်လိုသဖြင့် ဒေသအလိုက် စိုက်ချိန်မတူကြ၊ တောင်ပေါ် ဒေသတွင် မေလ၊ ဇွန်လစိုက်ကြသည်။ အညာနှင့် မြေလတ်တွင် ဩဂုတ်လဆန်းမှ စက်တင်ဘာလလယ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွင် အောက်တိုဘာလ စိုက်ကြသည်။ မိုးစပါးအပြီး သီးထပ်စိုက် လျှင် နိုဝင်ဘာလစိုက်နိုင်သည်။ တောင်ပေါ် ဒေသ စိုက်ပျိုးမှုများသဖြင့် ပဲပုပ်စိုက်ခင်း တွင် သံချေးရောဂါ၊ ဖားဥမှိုရောဂါ အဓိက ကာကွယ်နှိမ်နင်းသင့်သည်။ မြေပြန့်ဒေသ စိုက်ခင်းတွင် ဘက်တီးရီးယား ရွက်ပြောက် ရောဂါမှာ သီးတောင့်ရင့်ချိန်ကျတတ်သည်။ သံချေးရောဂါလည်း ကျတတ်သည်။ ဖျက် ပိုးအနေဖြင့် စုပ်ပိုး၊ ရွက်စုံစားပိုး၊ သီးတောင့် ထိုးယင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ သီးလုံး ဖောက်ပိုး ကျတတ်သည်။ မြေအောင်းပိုးနှင့် ပင်စည်ထိုးယင်လည်း ဂရုပြုရမည်။ အပွင့် ပွင့်ချိန် ပွင့်ထွေးပိုး၊ ရွက်ထွေးပိုး ကျတတ် သဖြင့် တမာပိုးသတ်ဆေးဖြစ်စေ၊ ပင်လုံး ပြန့်ပိုးသတ်ဆေးဖြစ်စေ သုံးရမည်။ နှစ်ပတ် တစ်ကြိမ် ဆေးဖျန်းရုံဖြင့် သက်သာသည်။
-ဆွေရည်
-မြန်မာတောင်သူကြီးများဂျာနယ်