menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်အခြေအနေ
🌿🍃🍀🍃🌿🌿🍃🍀🍃🌿
↗️ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှုများကြောင့် ပြည်တွင်းစားသုံးမှုများသည့် ကုလားပဲများ စျေးကောင်းလာပြီး အိန္ဒိယပို့ကုန်ပဲများမှာမူ စျေးငြိမ်လျက်ရှိကာ တရုတ်ပို့ကုန် ပဲ၊ နှမ်း ၊မြေပဲတို့ ဝယ်လိုအားနည်းကာ စျေးကွက်ကျဆင်းနေကြောင်း မန္တလေးပဲကုန်သည်များထံမှသိရသည်။
↗️ဇူလိုင်စျေးကွက်မှာ အိန္ဒိယပို့ကုန်ပဲများ သင်္ဘောတင်နောက်ဆုံးပတ်ဖြစ်သဖြင့် ယခင်လက စျေးကွက်ဝယ်လိုအာ ကောင်းနေခဲ့ပြီးနောက်ပိုင်းတွင် အဝယ်အေးသွားခြင်းဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံပို့ ကုန်ပဲများဖြစ်သည့် ပဲတီစိမ်း ၊မြေပဲ ၊နှမ်း နှင့် အခြားပဲမာလိုင်းများမှာ လမ်းပန်းဆက်သွယ်မှုအခက်အခဲ ၊ နယ်စပ်ဂိတ်များ အဝင်ပိပင်မှုများကြောင့် ဝယ်လိုအားကျဆင်းမှုနှင့် အတူ စျေးကွက်ပါ ကျဆင်းသွားခြင်းဖြစ်ကြောင်း မန္တလေး ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဆက်မောင်ဆွေက ပြောသည်။
↗️“လက်ရှိမှာ နယ်စပ်ဂိတ်တွေ ပိတ်ကုန်တာရယ် ၊ငွေကြေးလည်ပတ်မှု ခက်ခဲတာကြောင့်ပါ။ လာမည့်ဇူလိုင်စျေးကွက်က လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းဘူး။ ပြည်တွင်းမှာ ကိုဗစ်-၁၉ ကလည်း ပြန်ဖြစ်လာတော့ အိန္ဒိယ လိုအပ်ချက်ရှိတဲ့ ပဲစင်းငုံ ၊မတ်ပဲ ကတော့ စျေးငြိမ်နေမယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စု စျေးကောင်းလာမယ်။ တရုတ်လိုင်းသွားတဲ့ ပဲတီစိမ်း ၊မြေပဲ နှမ်း ၊ပဲမာလိုင်းတွေကတော့ ဝယ်လိုအားမရှိ စျေးကွက်ကျဆင်းနိုင်တယ်” ဟု၄င်းကပြောသည်။
⏩ကုလားပဲ⏪
ဇွန်လကုန်နောက်ဆုံးရက်များက ကုလားပဲ-V2 သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၃,၀၀၀ ပေါက်စျေးရှိရာမှ ဇူလိုင်လ ၅ ရက်နေ့တွင် တစ်အိတ်ကျပ် ၉၇,၀၀၀ စျေးထိ မြင့်တက်လာခဲ့သည်။ အလားတူ ကုလားပဲ V7 ၊ကုလားပဲ (929)၊ကုလားပဲထိုင်ဝမ် စျေးများမှာ တစ်အိတ်ကျပ် ၅,၀၀၀ ဝန်းကျင် အသီးသီးစျေးမြင့်တက်လာကြောင်း သိရသည်။ ဇူလိုင်လ ၅ ရက်နေ့တွင် ကုလားပဲ V2 ၅၇ ပိဿာ တစ်အိတ် ကျပ် ၉၆,၀၀၀-၉၇,၀၀၀ ၊ ကုလားပဲ V7 တစ်အိတ် ၉၅,၀၀၀၊ ကုလားပဲ (ထိုင်ဝမ်) ၈၉,၀၀၀ ၊ ကုလားပဲ (929) ၉၂,၀၀၀ ကျပ် ပေါက်စျေးဖြစ်လာသည်။ “ကုလားပဲအုပ်စုတွေ ကတော့ ပြည်တွင်းသုံးစွဲမှုမြင့်မားလာတော့ သုံးတင်းတစ်အိတ်ကို ကျပ် ၅,၀၀၀ လောက် စျေးတက်တယ်။ စားတော်ပဲ(ကနေဒါ) ပဲက တရုတ်နိုင်ငံကနေ မဝင်သလောက်ဖြစ်သွားတော့ စျေးကွက်မှာ တစ်အိတ်ကျပ် ၁၁၅,၀၀၀-၁၂၀,၀၀၀ စျေးလောက်ထိမြင့်တက်လာတယ်။ စားတော်ပဲ စားသုံးမှုကနေ ပြည်တွင်းကုလားပဲတွေ ပြောင်းလဲစားသုံးရတော့မည့်အခြေအနေဖြစ်လာပါတယ်” ဟု ၎င်းက ပြောသည်။
⏩မတ်ပဲ ၊ ပဲစင်းငုံ⏪
အိန္ဒိယ ပဲစျေးကွက်သို့ ပဲတင်ပို့ရက်နီးကပ်လာတာနှင့်အတူ မတ်ပဲစျေး အနည်းငယ်မြင့်တက်ခဲ့ပြီး ပဲစင်းငုံ (၂၀၂ဝ ပဲအဟောင်း)စျေးလည်း တစ်အိတ်ကျပ် ၃,၀၀၀ ခန့်စျေးတက်လာသော်လည်း ပဲသစ်များ စျေးတည်ငြိမ်သည်။ သင်္ဘောတင်ရက်ပြီးသွားပါက ဇူလိုင်စျေးကွက်အတွက် စျေးကွက်ပြန်အေးသွားနိုင် ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ ဇူလိုင်လ ၅ ရက်နေတွင် မတ်ပဲသုံးတင်း ဝင်တစ်အိတ် လျှင် ကျပ် ၁၀၈,၀၀၀ - ၁၁၀,၀၀၀ စျေးဖြင့် တစ်အိတ်ကျပ် ၃,၀၀၀ ခန့် စျေးတက်သွားသည်။ အလားတူ ပဲစင်းငုံစျေးမှာလည်း ဇူလိုင်လ ၅ နေ့တွင် ပိသာ ၆ဝသုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၃,၀၀၀ - ၁၀၄,၀၀၀ သာ ပေါက်စျေးရှိနေပြီးစျေးကွက်တည်ငြိမ်နေသည်။
“မတ်ပဲကတော့ ၁၀၈,၀၀၀ - ၁၁၀,၀၀၀ ဝန်းကျင်နဲ့ အပြောင်းမလဲ မရှိစျေးငြိမ်နေပါတယ်။ ပဲစင်းငုံ အသစ်ပဲတွေက ၁၀၃,၀၀၀ - ၁၀၄,၀၀၀ လောက်နဲ့ငြိမ်နေတယ်။ ၂၀၂၀ ပဲအဟောင်းတွေက စျေး အနည်းငယ်တက်လာတယ်။ အရင်တစ်အိတ်ကို ကျပ် ၉၅,၀၀၀ လောက်ကနေ ၉၈,ဝဝဝကျပ် လောက်ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
⏩ပဲတီစိမ်း⏪
စျေးကွက်အတွင်း ပဲတီစိမ်းများ ဝင်ရောက်မှုများလာချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ လမ်းပန်းဆက်သွယ်ရေး မကောင်းမှု ၊ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှုကြောင့် နယ်စပ်ဂိတ်များပိတ်ထားသဖြင့် ပဲတီစိမ်းဝယ်လိုအားကျဆင်းသွားပြီး စျေးကွက်ပါ ကျဆင်းသွား ရာ ဇူလိုင် ၅ ရက်နေ့တွင် အညာပဲတီစိမ်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ - ၉၂,၀၀၀ သာပေါက်စျေးရှိတော့သည်။ “ ပဲတီစိမ်း စျေးက ဇူလိုင်လဆန်းမှာ ထိုးကျသွားတယ်။ သုံးတင်းတစ်အိတ်ကို ကျပ် ၈,၀၀၀ ဝန်းကျင်စျေးကျသွားတယ်။ စျေးကွက်အတွင်း ဝင်ရောက်မှုများလာတာရယ် တရုတ်လမ်းကနေ တင်ပို့မှုနည်းသွားတာကြောင့်ပါ ” ဟု ဦးဆက်မောင်ဆွေ ကပြောသည်။
⏩နှမ်းနက်⏪
လက်ရှိလမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တရုတ်ဝယ်လက်များ နှမ်းဝယ်ယူမှု တုန့်ဆိုင်းသွားပြီး နှမ်းနက်တစ်အိတ် ကျပ် ၃,၀၀၀ ခန့် ဆက်လက်စျေးကျဆင်းသွားရာ ဇူလိုင်လ ၅ ရက်နေ့တွင် နှမ်းနက် (အသစ်)တစ်အိတ်ကျပ် ၁၅၂,၀၀၀ သာပေါက်စျေးရှိတော့ကြောင်း သိရသည်။ လာမည့်ဇူလိုင်စျေးကွက်တွင်လည်း တကျော့ပြန်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် သီတင်း နှစ်ပတ်ခန့် စျေးကွက်ကျဆင်းနေနိုင်ကြောင်းသိရသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)