menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
ပဲမျိုးစုံ နှင့် နှမ်းဈေးကွက် အခြေအနေ
မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း၌ ရန်ကုန်က ကုန်သည်ဝယ်လက်များ ဝယ်ယူမှုရှိသည့် ပဲအမျိုး အစားများသာ ဈေးနှုန်းမြင့်တက်ပြီး အခြားပဲမျိုးစုံ အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းက သိရသည်။
ပဲစင်းငုံ
------
ရန်ကုန်ဝယ်လက်များက ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်ရှိ ပဲစင်းငုံများကို ဝယ်ယူနေခြင်းကြောင့် ဈေးတက်လာသည်။ ယခင်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ခန့်ရှိရာက ဇန်နဝါရီ ၂၃ ရက်တွင်ကျပ် ၇၅,၀၀၀ သို့ မြင့်တက်လာသည်။ မန္တလေးမြို့တွင်းရှိ သိုလှောင်သူများကမူ အဆိုပါ အမြင့်ဈေးနှုန်းအတိုင်း မဝယ်ယူလိုကြသဖြင့် ငြိမ်နေသည်။ ထို့ကြောင့် ဈေးနှုန်းသိသိသာသာ မြင့်တက်နိုင်ချေမရှိကြောင်း ကုန်သည်များက သုံးသပ်သည်။
ပဲတီစိမ်း
-------
တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှုရှိပြီး ဈေးကွက်အတွင်း ပဲတီစိမ်းနည်းနေသဖြင့် ဝယ်လိုအားနှင့် ရောင်းလို အားမျှတကာ ဈေးနှုန်းအတက်အကျ သိသိသာသာပြောင်းလဲမှုမရှိဘဲငြိမ်နေသည်။ ဈေးကွက်အတွင်း အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှု အနည်းငယ်ရှိသည်။ ဇန်နဝါရီ ၂၃ ရက်တွင် ပဲတီစိမ်း (ရွှေဝါ)သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀ မှ ၁၂၉,၀၀၀ကြားတွင်ရှိသည်။
မတ်ပဲ
-----
ပြည်တွင်း ပဲခွဲစက်လုပ်ငန်းများကသာ ဝယ်ယူနေသဖြင့် မန္တလေးဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ မှ ၉၈,၀၀၀ ကြားရှိသည်။
ကုလားပဲ
-------
ပြည်ပဝယ်ယူမှုသာ ရှိခြင်းကြောင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တန့်နေသည်။ ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀၊ ကုလားပဲ(ဗွီတူး) တစ်အိတ်လျှင်ကျပ် ၈၀,၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း)တစ်အိတ်လျှင် ကျပ် ၇၉,၀၀၀ ရှိသည်။
နှမ်း
---
တရုတ်က အနည်းငယ်သာဝယ်ယူနေသည်။ ပြည်တွင်းဈေးကွက်တွင် နှမ်း များစွာရှိနေပြီး တရုတ်ဝယ်လို အားတက်မလာလျှင် ဈေးတက်နိုင်ချေမရှိကြောင်း ကုန်သည်များကပြောသည်။ ဇန်နဝါရီ ၂၃ ရက်တွင် နှမ်းနက်(စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၆၅,၀၀၀၊ နှမ်းဖြူတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ၁၂၆,၀၀၀ ကြား၊ နှမ်းညိုတစ်အိတ်လျှင် ကျပ် ၁၀၂,၀၀၀ နှင့် ပန်းနှမ်းတစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၅ - ၃၁) ရက်။