menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“ပဲမျိုးစုံဈေးကွက် နှင့် အရောင်းအဝယ် အခြေအနေ”
***************************
မန္တလေးခရိုင်အတွင်း အသွားအလာကန့်သတ်လိုက်ခြင်းကြောင့်ပွဲရုံ၊ အလုပ်ရုံများ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် အရောင်းအဝယ်သိသိသာသာ အေးလျက်ရှိသည့်အပြင် တရုတ်နိုင်ငံကလည်း ပြည်တွင်းကပဲများကို ဈေးနှုန်းလျှော့ချဝယ်ယူမှုကြုံတွေ့နေရကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။
စားတော်ပဲ
---------
တရုတ်ယွမ်ငွေဈေးနှုန်း မြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံထံမှ တင်သွင်းနေရသည့်စားတော်ပဲ ဈေးနှုန်း မြင့်တက်လာသည်။ ဒီဇင်ဘာ ၄ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်၆၈,၅၀၀ ရှိရာမှ ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၆၉,၅၀၀ သို့ မြင့်တက်လာသည်။ လက်ရှိအခြေအနေအရ ဈေးနှုန်း ဆက်လက်မြင့်တက်နိုင်သေးကြောင်း ကုန်သည်များက ခန့်မှန်းသည်။
ပဲစင်းငုံ
------
ပြည်ပနိုင်ငံများသို့ တင်ပို့ရန်ရှိသော်လည်း ပြည်တွင်းဝယ်လိုအား သိသိသာသာမရှိသဖြင့်ဈေးနှုန်း အနည်းငယ် ကျဆင်းလာသည်။ ဒီဇင်ဘာ ၄ ရက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၇,၀၀၀ ရှိရာမှ ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၇၂,၀၀၀ မှ ကျပ် ၇၃,၀၀၀ ကြားသို့ ကျဆင်းလာသည်။ “သင်္ဘောတင်ဖို့အတွက် ဝယ်ယူဖို့ရှိပေမဲ့ ကုန်သည်တွေက မဝယ်ကြတဲ့အတွက် ဈေးကကျလာတာ၊ ဒီနေ့ (ဒီဇင်ဘာ ၁၁ ရက်) မှာတော့ ပြန်ဝယ်လာတယ်။ အဲဒီအတွက် ဒီထက်တော့ ဆက်မကျနိုင်တော့ဘူးလို့ ထင်တယ်“ဟု အဆိုပါအသင်းဒုတိယဥက္ကဋ္ဌဦးမျိုးဆွေက ပြောသည်။
ပဲတီစိမ်း
-------
တရုတ်နိုင်ငံက ဝယ်ယူမှုရှိသော်လည်း ပြည်တွင်းပေါက်ဈေးထက် လျှော့ချဝယ်ယူနေသဖြင့်ဈေးနှုန်း အနည်းငယ် ကျဆင်းလာသည်။ ဒီဇင်ဘာ ၄ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ မှ ဒီဇင်ဘာ ၁၁ရက်တွင် ကျပ် ၁၂၄,၀၀၀ သို့ ကျဆင်းလာသည်။ ဈေးနှုန်းအတက်အကျမှာ တရုတ် ဝယ်ယူမှုပေါ်မူတည်သဖြင့် ဆက်လက်ကျဆင်းနိုင်ခြေ ရှိ၊ မရှိကို ခန့်မှန်းရန်မလွယ်ကူကြောင်း ကုန်သည် များက ပြောသည်။
နှမ်း
---
ပြည်တွင်း နှမ်းအသစ်ထွက်ပေါ်နေခြင်းနှင့် အဓိကဝယ်ယူနေသော တရုတ်နိုင်ငံက ဈေးနှုန်းလျှော့ချ ဝယ်ယူလိုခြင်းကြောင့် စမုန်နှမ်းနက်နှင့် နှမ်းဖြူဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ သည်။ ဒီဇင်ဘာ ၄ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၈၅,၀၀၀ မှ ဒီဇင်ဘာ ၁၁ ရက်တွင် ကျပ် ၁၇၅,၀၀၀ သို့ ကျဆင်းလာသည်။ နှမ်းဖြူမှာလည်း ယခင်တစ်ပတ်က ကျပ် ၁၃၀,၀၀၀ ရှိရာမှ လက်ရှိတွင် ကျပ် ၁၂၃,၀၀၀ သို့ ကျဆင်းလာသည်။ ယခုအနေအထားအရဈေးနှုန်းမြင့်တက်နိုင်ခြေ နည်းပါးကြောင်း ကုန်သည်များက သုံးသပ်သည်။
မတ်ပဲ
-----
ပြည်တွင်းပဲခွဲစက်လုပ်ငန်းများက ပုံမှန်ဝယ်ယူနေသဖြင့်ဈေးနှုန်းအတက်၊ အကျ ပြောင်းလဲမှုမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ ဖြင့် ဈေးငြိမ်နေသည်။
ကုလားပဲ
--------
ပြည်ပက ဝယ်ယူခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်သာရှိခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ငြိမ်နေသည်။ ဒီဇင်ဘာ ၁၁ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀၊ ကုလားပဲ(နိုင်းတူးနိုင်း)မှာ ကျပ် ၈၃,၀၀၀၊ ကုလားပဲ (ဗွီတူး)မှာ ကျပ် ၉၀,၀၀၀၊ ကုလားပဲ(ဗွီဆဲဗင်း) မှာ ကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ (၁၄-၂၀)ရက်။